Channel Myanmar

Burt Reynolds

Universal Soldier II: Brothers in Arms (1998) 2.8
Universal Soldier II: Brothers in Arms (1998) ဒီဇာတ်ကားက နာမည်​ကြီး Universal Soldier​ (1992) ရဲ့ နောက်​ဆက်​တွဲ​ရုပ်ရှင်ဖြစ်ပြီး ၁၉၉၈ မှာထွက်ရှိခဲ့ပါတယ်။ ရုပ်​သံ​လိုင်း​မှာထုတ်လွှင့်ဖို့ ရိုက်​ကူး​ခဲ့တဲ့ ဇာတ်ကား​ဖြစ်တာကြောင့် ၁၉၉၂ က မူလဇာတ်ကားက သရုပ်ဆောင်​တွေအစား အသစ်တွေထည့်သုံး​ထားပါတယ်။ဒီဇာတ်လမ်းက ၁၉၉၂ က ရုပ်​ရှင်အပြီးမှာ ဇာတ်​အိမ်တည်ထားပါတယ်။ Luc နဲ့ သတင်း​ထောက်မလေး Veronica တို့ဟာ Luc ရဲ့မိဘတွေအိမ်မှာ ပုန်း​ရှောင်​နေကြဆဲဖြစ်ပြီး ယူနီဗာဆယ်စစ်သည်​ပရိုဂရမ်ကို အစိုးရက ငွေကြေး​မထောက်ပံ့တော့တာကြောင့် ကြေးစားတပ်အဖြစ်ရပ်တည်ဖို့ ဆုံး​ဖြတ်​လိုက်ပါတယ်။ တစ်ချိန်​တည်းမှာ လူရဲ့အစ်ကိုဖြစ်ပြီး စစ်ပွဲ​မှာကျဆုံးခဲ့သူ Eric ​ဟာ Universal စစ်သည်​တွေကို ဖန်တီး​နေတဲ့ရန်သူ့လက်ထဲမှာ အထိန်းသိမ်း​ခံထားရတာကိုသိတဲ့အခါ လုနဲ့ ဗရော်နီကာတို့အနေနဲ့ သူ့ကို​ကယ်တင်ဖို့ကြိုးစားရပါတော့တယ်။တီဗွီမှာပြသဖို့ ရိုက်​ကူး​ထားတဲ့ဇာတ်ကားဖြစ်တာကြောင့် သရုပ်ဆောင်​အသစ်တွေသုံးထားပြီး လု နေရာမှာ မူရင်းသရုပ်ဆောင်သူ ဗန်ဒိန်း​အစား တခြား​တစ်ယောက်ကို​တွေ့နေရလို့ ဗန်ဒိန်း​ဖန်တွေအနေနဲ့ ကြည့်ရတာတစ်မျိုးတော့ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ Universal Soldier​ franchise ထဲမှာပါဝင်တဲ့ ...
movie

Universal Soldier II: Brothers in Arms (1998)

100 Rifles (1969) 6.0
100 Rifles (1969) လိုင်ဒက်ကာဆိုတဲ့ လူတစ်ယောက်ဟာ အရီဇိုးနားက ဘဏ်ကို ဖောက်သွားတဲ့ ဘဏ်ဓားပြတစ်ယောက်ကို ဖမ်းဖို့လုပ်ရင်း မြို့တစ်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။ အဲ့မြို့မှာ လိုက်စုံစမ်းရင်း ဘဏ်ဓားပြကို တွေ့ခဲ့ပေမဲ့ သူဖမ်းလို့ မရခဲ့ပါဘူး။ ဘဏ်ဓားပြက အဲ့မြို့မှာလည်း နောက်ပြသနာတစ်ခု ရှာလိုက်တာကြောင့်ပါ။ သူကရော အဲ့ပြသနာကြားထဲမှာ ဘယ်လို ရောပါသွားမလဲ။ သူနဲ့ ဘဏ်ဓားပြဆိုတဲ့လူကြားထဲမှာ ဘာတွေ ဆက်ဖြစ်လာမလဲ။ အဲ့မြို့က ဗိုလ်ချုပ်က ရိုင်ဖယ် အလက် ၁၀၀ကို တွေ့တဲ့အခါမှာရော ဘယ်လိုတွေထပ်ပြီး ပြသနာတက်ဦးမလဲ။ သူတို့နဲ့ အဲ့ရိုင်ဖယ်တွေက ဘယ်လို ဆက်စပ်နေလဲ စတာတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ 1969ခုနှစ်တုန်းက ထုတ်လွှတ်ခဲ့တာ ဖြစ်ပြီး IMDB rating 6အထိရထားတဲ့ Western/Drama ဇာတ်ကား တစ်ခုပဲ ဖြစ်ပါတယ်။ File size…(2.9 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre...Western, Adventure, ...
movie

100 Rifles (1969)

Without a Paddle (2004) 5.8
Without a Paddle (2004)   ဇာတ်လမ်းအကြောင်းမပြောခင် ဇာတ်လမ်းနဲ့ သက်ဆိုင်တဲ့ဒီဘီကူးပါးရဲ့ အပြင်က ဖြစ်ရပ်မှန်လေး ဝေမျှပေးချင်လို့ပါ။ ဒီဘီကူးပါးဆိုတဲ့လူဟာ ၁၉၇၁ ခုနှစ်တုန်းက ငွေတွေကို ခိုးခဲ့ပြီးလေထီးနဲ့ ခုန်ချသွားခဲ့တာ အစအနပျောက်သွားတာ အက်ဖ်ဘီအိုင်တောင် ရှာမတွေ့ခဲ့တဲ့ ဆန်းကြယ် ဖြစ်ရပ်တစ်ခုပါ သေသလားရှင်သလား ဘယ်သူမှ မသိကြပါဘူး။ ဒီရုပ်ရှင်ထဲမှာတော့ ဒီ ဒီဘီကူးပါးအကြောင်းကို ရူးသွပ်ကြပြီး သူခုန်ချတဲ့နေရာကို လိုက်ရှာချင်ကြတဲ့ ငယ်သူငယ်ချင်း ၄ ယောက်ရှိခဲ့ကြတယ်။ အသက်တွေကြီးလာတဲ့အခါ ကိုယ်စီကိုယ်စီ အလုပ်များနေတဲ့အချိန် သူငယ်ချင်းတစ်ယောက်က မတော်မဆဖြစ်ပြီး ဆုံးပါးသွားတော့ ကျန်တဲ့ ၃ယောက် ပြန်ဆုံဖို့ ဖြစ်လာပါတော့တယ်။ ဒီ ၃ ယောက်ကတော့ဘဝကိုငြီးငွေ့နေပြီး ကောင်မလေးနဲ့ အဆင်မပြေ ဖြစ်နေတဲ့ ဂျယ်ရီ၊ဆရာဝန်လုပ်နေပေမဲ့ အရမ်းကြောက်တတ် ရှက်တတ် ဆော်မရှိတဲ့ဒန်နိုရယ် ဘဝကို ပရမ်းပတာ ဖြစ်နေသလို သောင်းကျန်းနေတဲ့တွန်မီရယ် ဖြစ်ပါတယ်။ သူငယ်ချင်းဖြစ်သူ အသုဘကိုလာရင်းငယ်ဘဝက သစ်ပင်အိမ်လေးထဲ ဝင်ကြည့်ကြရာကနေ ငယ်စဉ်ကစိတ်ကူးယဉ်ခဲ့တဲ့ ဒီဘီကူးပါးနဲ့ ပိုက်ဆံတွေဆိုတာ ...
movie

Without a Paddle (2004)

[18+] Striptease (1996)
[18+] Striptease (1996) Striptease (1996)ဒီကားကိုရိုက်တဲ့သူက မာလွန်ဘရန်ဒိုရဲ့ The Freshman နဲ့ နစ်ကေ့ရဲ့ ပွဲဦးထွက် ဂိကာလကားတစ်ချို့ကို ရိုက်ခဲ့တဲ့ Andrew Bergman ပါပဲ။ မင်းသမီးက Ghost ရဲ့ သရုပ်ဆောင် အလှပဂေး ဒယ်မီမိုး။ ဇာတ်လမ်းကတော့ Erotic ဆန်ဆန်ရိုက်ထားပေမဲ့ ထူးထူးခြားခြားကို Mystery ကားလိုလို စုံထောက်ကားလိုလို အငွေ့အသက်အပြည့်ရပါတယ်။မင်းသမီးက FBI က အတွင်းရေးမှူးဟောင်း။ ရာဇဝတ်မှတ်တမ်းနဲ့သူ့ယောက်ျားကြောင့် အလုပ်က ပြုတ်သွားတယ်။ သူတို့သမီးလေးကို အုပ်ထိန်းခွင့်အတွက် တရားရင်ဆိုင်ရာမှာလည်း သူ့ယောက်ျားကို ရှုံးသွားပြီး သူခိုးလုပ်နေတဲ့ ယောက်ျားနဲ့ သမီးကို ထားထားရတဲ့အတွက် ရတက်မအေးဖြစ်နေတာပေါ့။ ဒီလိုနဲ့ တစ်နေ့ သူအလုပ်လုပ်နေတဲ့ အဖော်အချွတ်ကလပ်မှာ နာမည်ကျော်လွှတ်တော်အမတ်တစ်ယောက်ရောက်လာပြီး သူ့ကို သဘောကျသွားတယ်။ လွှတ်တော်အမတ်က အဖော်အချွတ်ကလပ်ထဲရောက်နေတာနဲ့တင် ပြဿနာကြီးနေပြီကို ဒီဘဲက သူများခေါင်းပါသွားခွဲချလိုက်တယ်။ဒီလိုနဲ့ အဲဒီအခြေအနေရဲ့ပုံတစ်ချို့ ထွက်လာပြီး သူ လွှတ်တော်အမတ်ဆိုတာ သိနေတဲ့ ...
movie

[18+] Striptease (1996)

1996
Shangri-La Suite (2016) 5.1
Shangri-La Suite (2016) Kill the King (0r) Shangri-La Suite (2016) =============================ဂျက်ဘလူးဘလဒ်ဟာ ကံဆိုးတဲ့ဂေါက်ဘဲတစ်ပွေပဲ။ မိခင်ဟာ မီးတွင်း ထဲမှာပဲဆုံးပါးခဲ့တယ်။ အဲဒီအတွက်သူ့ကို ခွင့်မလွှတ်နိုင်တဲ့အဖေနဲ့ ကြီး ပြင်းခဲ့ရတယ်။ ငယ်စဉ်တောင်ကျေးထဲက ဖခင်ရဲ့အငြိုးကြီးစွာနဲ့ရိုက်နှက် မှုကိုခံရင်း အရွယ်ရောက်ခဲ့ပေါ့။ ရော့အင်ရိုးလောကရဲ့ဘုရင်တစ်ပါးလို့ တင်စားကြတဲ့ အဲလ်ဗစ်ပရတ်စလေ(Elvis Presley) ဟာသူ့ဘဝရဲ့ကိုး ကွယ်ရာဖြစ်ခဲ့တယ်။ အထီးကျန်ညတွေကို အဲလ်ဗစ်သီချင်းတွေနားထောင် ရင်းကျော်ဖြတ်ခဲ့ရ။ နောက်ပိုင်းအရွယ်ရောက်လာတော့ ဆေးစွဲပြီး ဆေး ဖြတ်ခန်းကိုပို့ခံခဲ့ရတယ်။ အဲလ်ဗစ်ကိုလည်း ခင်ဗျားတော့ လိုင်းကြောင် နေပြီဘာညာရေရွတ်လို့ပေါ့။ အဆိုပါ ဆေးဖြတ်ခန်းမှာပဲ သူဟာ ကယ်ရင် ဘဒ် ဆိုတဲ့ မိန်းမချော လေးနဲ့တွေ့ဆုံချစ်ကျွမ်းဝင်ခဲ့တယ်။ နောက်တော့ နှစ် ယောက်သား အတူတူထွက်ပြေးပြီး အဲလ်ဗစ်ပရတ်စလေကို လုပ်ကြံသတ် ဖြတ်ဖို့ခရီးနှင်ခဲ့ကြတယ်။ ဇာတ်လမ်းကတော့ဒါပါပဲ။၁၉၇၄ နွေရာသီ၊ ကိုယ်စီကိုယ်စီအိပ်မက်တွေနဲ့ ချစ်သူနှစ်ယောက်၊ ဂေါက် ဘဲရဲ့ဘဝရည်မှန်းချက်ကရှင်းရှင်းလေး အဲလ်ဗစ်ကိုသတ်မယ်။ ဒီဇာတ်လမ်းမှာ ကောင်မလေးအကြောင်းလည်းနည်းနည်းထည့်ပြောရလိမ့်မယ်။ သူနေထိုင်တဲ့ လူ့အဖွဲ့စည်းကို စိတ်ကုန်နေတဲ့အမျိုးသမီးငယ်တစ်ယောက်။ ကောင်းကောင်း မွန်မွန်ကြီးပြင်းခဲ့ပေမယ့် မိသားစုနဲ့အစေးမကပ်သူ။ ကဗျာတွေရေးတယ်။ သူများတွေမတွေးမိတာတွေတွေးပြီး ငေးချင်ငေးမယ်။ ရှင်သန်ခြင်းအပေါ်မှာ တုံဏိဘာဝေဖြစ်နေသူ။ ဂျက်နဲ့တွေ့တော့ ဂျက်ရဲ့စောက်ဂရုမစိုက်တဲ့ အထာတွေ၊ ကမူးရှူးထိုးပုံစံတွေ၊ ထီမထင်တဲ့ပြောပေါက်တွေဟာ သူမကိုကိုင်လှုပ်လိုက်သလို ဖြစ်သွားတယ်။ အဲဒီမှာ ...
movie

Shangri-La Suite (2016)

2016
Boogie Nights (1997)
Boogie Nights (1997) မင်းသား Mark Wahlberg ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားကို တင်ပေးထားလိုက်ပါပြီဒီကားကတော့ အက်ဒီအဒမ်စ်ဆိုတဲ့ကောင်လေးကို ညစ်ညမ်းကားဒါရိုက်တာဂျက်ခ်ဟော်နာက တွေ့ရှိသွားပြီး ခေါ်လာခဲ့ရာမှ နာမည်ကြီးအပြာမင်းသားဖြစ်သွားတဲ့အကြောင်းကိုရိုက်ပြထားတာပါ။ Pornography ဖန်တီးတဲ့အကြောင်းတွေ ထဲထဲဝင်ဝင်ရိုက်ပြထားတဲ့အပြင် အဖော်အချွတ်အခန်းတွေအများကြီးပါတဲ့အတွက် ကလေးတွေနဲ့ကြည့်ရှူဖို့တော့ မသင့်တော်ပါဘူး..Imdb 7.9/10 ရထားတဲ့ဇာတ်ကားလေးဖြစ်ပြီး ဆုပေါင်းများစွာလည်းရရှိခဲ့ပါတယ်။ အခုအချိန်အထိလည်း Masterpiece ကားလို့တင်စားခံနေရတုန်းပါ။ File size…(3.08GB)  / (`1.54GB) / (741.04MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:35:00 Genre...  Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Rina 
movie

Boogie Nights (1997)

The Longest Yard(2005) 7.0
The Longest Yard(2005) The Longest Yard(2005) အညွှန်း***************************1974 မှာထွက်ရှိခဲ့ပြီး ရွှေကမ္ဘာလုံးဆုရရှိခဲ့တဲ့ အမေရိကန် ထောင်ဟာသဇာတ်ကားကို 2005 မှာAdam Sandler နဲ့ ပြန်လည်ဆန်းသစ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။လူရယ်လို့ဖြစ်လာရင် တသီးတသန့်နေလို့မရပါဘူး။ ဆိုင်ရာ ဆိုင်ရာ ချစ်ခင်ရတဲ့မိသားစု မိတ်ဆွေသူငယ်ချင်းချစ်သူရည်းစားကတော့ ရှိကြစမြဲပါပဲ။ သို့ပေမယ့် ပေါလ်ခရူး (ခ) နာမည်ပျက်နဲ့ ကျော်ကြားတဲ့ရက်ဂ်ဘီကစားသမားဟောင်းမှာတော့ အဲဒီလိုတွေမရှိရှာပါဘူး။ရှိရင်လည်း သူ့အချိုးတွေကြောင့် ရေစက်ပြတ်ကုန်ကြတာကိုး။ခုလည်း သူ့ချစ်သူရဲ့ကားကိုခိုးပြီး ရဲတွေကို ပြဿနာသွားရှာလို့ ထောင်သုံးနှစ်ကျပါလေရောလား။ထူးဆန်းတာက သူရောက်သွားတဲ့ထောင်က ထောင်ပိုင်ဟာအစိုးရအဖွဲ့ ရွေးကောက်ပွဲဝင်ချင်နေပြီး ပြည်သူတွေကြားမှာကျော်စော်ချင်နေတဲ့ငနဲကြီးဖြစ်နေတော့ ထောင်စောင့်တွေနဲ့ ထောင်သားတွေတစ်သင်းစီ ခြေစစ်ပွဲလုပ်မယ်ဆိုပြီး ပေါလ်ကိုအတင်းအကျပ် ထောင်သားတွေနဲ့ အသင်းဖွဲ့ခိုင်းတော့တာပါပဲ။လူ့ဂွစာကြီးဘယ်လိုတွေဆက်ဖြတ်သန်းမလဲဆိုတာကိုတော့...  File Size :(2.5GB)(1.1GB) and (330 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:55:00 Genre : Crime , Sport, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

The Longest Yard(2005)

In the Name of the King: A Dungeon Siege Tale (2007) 3.8
In the Name of the King: A Dungeon Siege Tale (2007) In the Name of the King: A Dungeon Siege Tale (2007)======================================Jason Statham ကအက်ဘ် တိုင်းပြည်မှာ ဇနီးသည်သားတစ်ယောက်နဲ့အတူလယ်လုပ်ငန်းလုပ်ပါတယ်။ တစ်နေ့သူ့ဇနီးနဲ့သား မြို့ကိုဈေးရောင်းထွက်တဲ့အချိန်မှာ သူ့လယ်ကို ခရပ်ချ်ဆိုတဲ့ သတ္တဝါဆန်းကြီးတွေ လာတိုက်ခိုက်တာခံရပြီးနောက် မြို့ကိုတက်ပြီး ဇနီးနဲ့သားကိုရှာဖို့ သူ့မွေးစားအဖေနဲ့အတူထွက်အလာမှာ မှော်ဆရာတစ်ယောက်ဖြစ်တဲ့ ဂါလီယန်က ခရပ်ချ်သတ္တဝါတွေကိုထိန်းချုပ်ခိုင်းစေပြီး သူ့သားကိုသတ် သူ့ဇနီးကိုဖမ်းခေါ်သွားတာကို သိလိုက်ရပါတယ်။ မှော်ဆရာဂါလီယန်ဟာ သူတို့ဘုရင်ရဲ့ မဟာရန်သူတော်ဖြစ်ပြီး ဘုရင့်တူနဲ့အတူ နန်းလုဖို့ပူးပေါင်းကြံစည်နေသူပါ။ ဒီလိုနန်းတွင်းဇာတ်ရှုပ်မှာ သာမန်အညတရလယ်သမားတစ်ယောက်ဖြစ်တဲ့သူဟာ အဓိကကျတဲ့နေရာက ပါဝင်ပတ်သက်နေတယ်ဆိုတာ ဘုရင့်အတိုင်ပင်ခံနတ်ဆရာက အစောကြီးကြိုမြင်ခဲ့ပြီး သူ့ဆီချဉ်းကပ်လာတဲ့အခါ..။ သူမသိခဲ့တဲ့သူ့နောက်ခံဇာတ်ကြောင်းက ဘာလဲ၊ ဘာကြောင့်သူဟာ ဒီဇာတ်လမ်းမှာအဓိကကျနေလဲ အစရှိတဲ့ မေးခွန်းတွေနဲ့အတူ မှော်ပညာတွေ သတ္တဝါဆန်းတွေနဲ့ စွန့်စားခန်းတွေကြုံဆုံရပါတော့တယ်။ In the Name of the King မှာ လယ်သမားအဖြစ် Jason Statham ကဦးဆောင်ပါဝင်ထားပါတယ် ဒီကားဟာ တစ်ချိန်က နာမည်ကျော်ဗီဒီယိုဂိမ်းတစ်ခုဖြစ်တဲ့ Dungeon Siege ကိုအခြေခံထားတာဖြစ်ပြီး နန်းတွင်းဇာတ်ရှုပ်တွေ မှော်ဆရာတွေ၊ သတ္တဝါဆန်းတွေ နဂါးတွေနဲ့ ...
movie

In the Name of the King: A Dungeon Siege Tale (2007)

The Player(1992) 7.5
The Player(1992) The Player (1992) အညွှန်း *************************** IMDb rating ...... 7.5/10 Rotten Tomatoes 98% (ဒီထဲကမင်းသားကThe Shawshank Redemption (1994)ထဲမှာ စကားလေးမပွင့်တပွင့်ပြောရင်းကျွန်တော်တို့နှလုံးသားကို သိမ်းပိုက်သွားတာအားလုံးသိကြမယ်ထင်ပါရဲ့)Hollywood ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ ထုတ်လုပ်သူတစ်ယောက်လုပ်ရတာဟာ ထင်သလောက်မရိုးရှင်းလှပါဘူး....စာရေးဆရာတွေဆီက တစ်ရက်တစ်ရက်ကို ကမ်းလှမ်းလာတဲ့ ရာနဲ့ချီသော ဇာတ်လမ်းပေါင်းစုံကို နားထောင်ပြီး ဇာတ်ကားရိုက်သင့်မရိုက်သင့် ဆုံးဖြတ်ပေးရပါတယ်...ကမ်းလှမ်းလာသမျှဇာတ်လမ်းတိုင်းကို ထုတ်လုပ်သူတစ်ယောက်အနေနဲ့ လက်ခံဖို့မဖြစ်နိုင်တဲ့အခါစာရေးဆရာတွေရဲ့ မုန်းတီးမှုကိုခံကြရပါတယ်...ဂရစ်ဖင်န် မေးလ် ဟာလည်း ဟောလီးဝုဒ်နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးစတူဒီယိုတစ်ခုရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပါ...တစ်နေ့မှာတော့ သူ့ဆီကို အမည်မသိ စာရေးဆရာတစ်ယောက်ဆီက ခြိမ်းခြောက်စာတွေ အဆက်မပြတ်ရောက်လို့လာခဲ့ပါတယ်...ဒီချိန်းခြောက်စာတွေဟာ တစ်ရက်ထဲမဟုတ် အကြိမ်ရေများလာတဲ့အခါမှာတော့ဂရစ်ဖင်တစ်ယောက် စိတ္တဇဖြစ်လာတယ်...အဲ့ဒီနောက် ဒီကိစ္စကို တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားတော့တယ်...အဲ့ဒီအချိန်ကစပြီး မဟာပြဿနာပေါင်းစုံတက်တော့တာပါပဲ...…ဒီဇာတ်ကားဟာ တစ်ခေတ်တစ်ခါရဲ့ နာမည်ကျော်မင်းသားကြီး Tom Robbins ဦးဆောင်ထားပြီး Greta Scacchi နဲ့ အခြား နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်ထားပါတယ်... ဒါ့အပြင် ဆုပေါင်း (၁၄) ဆုအထိဆွတ်ခူးထားပြီး ၀က်၀က်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအစမှ အဆုံးအထိ ရင်တထိတ်ထိတ်ကြည့်ရမဲ့အပြင် ယနေ့ခေတ်နဲ့မတူ ...
movie

The Player(1992)

Bean (1997) 6.3
Bean (1997) ကဲ ဒီတစ်ခါတော့ ပရိသတ်ကြီးအတော်များများ သဘောကျ ချစ်ခင်ကြတဲ့ မင်းသားကြီး ရိုဝင် အက်ကင်ဆန် ရဲ့ အထိမ်းအမှတ်ဇာတ်ကောင် Mr.Bean ရဲ့ ပေါက်ကားတစ်ကားကို တင်ပေးလိုက်ပါတယ်။ ၁၉၉၇ မှာထွက်ခဲ့တဲ့ ဒီကားကို အတော်များများ ကြည့်ဖူးကြမှာ မှန်ပေမယ့် ရုပ်သံအရည်အသွေးကောင်းကောင်း မြန်မာစာတန်းထိုးနဲ့ မရှိသေးတဲ့ အတွက် တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်။ဘဝမှာ မမျှော်လင့်ပဲ ဘယ်လိုအခက်အခဲတွေ ကြုံတတ်တယ်...မိသားစုဆိုတာ လူတစ်ယောက်အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာရယ်...တာဝန်ယူတတ်တဲ့စိတ်ဟာ လုပ်ငန်းခွင်မှာ ဘယ်လောက်အဓိက ကျတယ်ဆိုတာတွေကို ဟာသတွေအများကြီးနဲ့ ချပြထားတာဖြစ်ပါတယ်ပန်းချီပြခန်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ Mr.Bean တစ်ယောက် မထင်မှတ်ပဲ အမေရိကန်နိုင်ငံသို့ လုပ်ငန်းကိစ္စဖြင့် စေလွှတ်ခံရပြီး သူ့ရဲ့ထုံးစံအတိုင်း အလွဲတွေ ပေါက်ကရတွေ လုပ်မိပုံကို ရိုက်ကူးပြသထားပါတယ်။ ဒေါ်လာသန်းချီ တန်တဲ့ ပန်းချီကားကို ဘယ်သို့ဘယ်ပုံ ဖျက်ဆီးမိလဲဆိုတာ ရယ် Mr.Beanအနေနဲ့ သူ့အမှားတွေကို ပြန်လည်ချေဖျက်ပြပြီး မထင်မှတ်တာတွေ လုပ်ပြနိုင်မလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းလှ သလို လူတစ်ယောက်မှာ မိသားစုနဲ့ တာဝန်ယူစိတ်ဟာ ဘယ်လောက်အရေးပါတယ်ဆိုတဲ့ သင်ခန်းစာကိုပါ ကောင်းကောင်းကြီးပေးစွမ်းနိုင်ခဲ့တဲ့ ...
movie

Bean (1997)

1997