Channel Myanmar

Butch McCain

Desierto (2015) 6.1
Desierto (2015)  ကိုယ်နေထိုင်တဲ့ နေရာမှာမလုံခြုံတဲ့ အတွက် တခြားနိုင်ငံကိုခိုးဝင်ကြတာတွေကိုသိကြမှာပါ။ဒီကားထဲမှာလဲ အဲ့လိုမျိုးမက္ကဆီကိုကနေအမေရိကန်ကိုခိုးဝင်တဲ့လူတွေအကြောင်းရိုက်ကူးထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားကိုကြည့်ခြင်းအားဖြင့် ဒုက္ခခံပြီး အန္တရာယ်တွေကြားကတခြားတစ်နိုင်ငံကို ခိုးဝင်ရတဲ့ လူတွေရဲ့ဘဝကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ မက္ကဆီကိုကနေ အမေရိကန်ကိုခိုးဝင်ဖို့အတွက်ကားတစ်စီးနောက်မှာ လူတွေကိုတင်လာခဲ့ပါတယ်။ဒါပေမယ့် နယ်စပ်အရောက်မှာ ကားပျက်သွားပြီးတော့ ကန္တာရကြီးထဲကနေ တစ်ဆင့်လမ်းလျှောက်ပြီး ဖြတ်ကူးရပါတော့တယ်။ဖြစ်ချင်တော့ တခြားတစ်ဖက်မှာမျိုးချစ်လိုလို စိတ္တဇလိုလိုအမေရိကန် လူတစ်ယောက်က အဲ့ဒီသတင်းကိုကြားမိပြီး ခိုးဝင်လာတဲ့လူတွေကို လိုက်ရှာနေပါတော့တယ်။သူတို့ကိုတွေ့တဲ့အခါမှာတော့ တစ်ယောက်ချင်းစီသေနတ်နဲ့ စိမ်ပြေနပြေထိုင်ပစ်ပါတော့တယ်။ဒီလိုနဲ့ လူတွေတစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်ပြီး ထွက်ပြေးတဲ့လူတွေကလဲ ထွက်ပြေးကြပါတယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့ ခိုးဝင်လာတဲ့လူတွေအကုန်သေသွားမလား သူတို့ကိုအမဲလိုက်နေတဲ့ မုဆိုးကရောဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.04GB / 797MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Action . Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Desierto (2015)