Channel Myanmar

Caitlin Halderman

Melodate (2024)
Melodate (2024) Melodate (2024)ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ အဆောင်နေဘော်ဒါ တက်တဲ့သူနဲ့ မြို့ထဲကနေ ကျုရှင်တတ်တဲ့သူဆိုပြီး ဆယ်တန်းဘဝမှာ ကျောင်းသားနှစ်မျိုးရှိခဲ့တာပေါ့။ အဆောင်နေတဲ့သူတွေကတော့ မိဘကထိန်းရတာ လက်လန်လို့ ဆရာတို့ပဲထိန်းတော့ဆိုပြီး ဘော်ဒါအပ်ခံရတဲ့သူနဲ့ နယ်ဝေးကနေလာပြီး ကျောင်းတက်ရလို့ အဆောင်နေတဲ့သူ နှစ်မျိူးကွဲတာပေါ့။ ကိုယ်တွေကတော့ ပထမတန်းစားထဲကပေါ့ အိမ်မှာလဲ မိဘကမနိုင် အဆောင်ရောက်တော့လဲ အဆောင်မှူးကို မွေလိုက် ဂိုက်ဆရာမတွေကို စလိုက်နဲ့ ဗရုတ်သုတ်ခကောင်တွေပေါ့။ ဒီလိုအဆောင်နေအဆောင်စား ကျောင်းသားဘဝလေးကလဲ တစ်မျိုးတော့ လွမ်းချင်စရာပါပဲ။ ခုဇာတ်ကားလေးကလဲ အင်ဒိုကနေ ရိုက်ထားတဲ့ Family Drama ဇာတ်ကားလေးဖြစ်ပြီးတော့ ဒီလိုအဆောင်နေကျောင်းသားဘဝအကြောင်းလေးကို ပျော်ရွှင်စရာ လွမ်းမောစရာကောင်းအောင် ရိုက်ကူးထားတဲ့ ဇာတ်မြူးကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ မင်းသမီးက အော်ကြောလန် အဖေဖြစ်သူက လန်ဒန်ထိပို့ထားတာတောင် အိမ်ပြန်လာပြီး သောင်းကျန်းတဲ့ကျောင်းသူ နောက်ဆုံးတော့ အဖေဖြစ်သူလဲ မနိုင်တော့တာနဲ့ ဂျာကာတာမြို့က စည်းကမ်းအကြပ်ဆုံး အဆောင်မှာနေဖို့ သမီးဖြစ်သူကိုလွှတ်လိုက်ပါတယ်။ ဒါပေမဲ့ နဂိုကတည်းက ခြေထောက်မှာဗွေပါတဲ့သူက ထိပ်တုံးခေတ်ထားရင်တောင် ထိပ်တုံးမပြီး လျှောက်လည်တဲ့သူဆိုတော့ သမီးဖြစ်သူက အဆောင်မှာပါ ဇာတိပြပါလေရော။ အဆောင်က စည်းကမ်းတွေလိုက်ဖောက်နေရာကနေ အဆောင်မှူးဆရာမကြီးရဲ့ သားဖြစ်သူနဲ့တွေ့ဆုံမိတဲ့အခါမှာတော့ ဆရာမကြီးကိုပဲ သူ့ဘက်ပါအောင် စည်းရုံးနိုင်မလား သူပဲ စည်းကမ်းတွေကို လက်လျော့ပြီး လိုက်နာနိုင်မလာဆိုတာ ဇာတ်လမ်းမြုးမြုးလေးနဲ့ ကြည့်ရှုအားပေးလိုက်ကြပါဦး ...
movie

Melodate (2024)

2024
Dunia Tanpa Suara (2023)
Dunia Tanpa Suara (2023) Dunia Tanpa Suara 2023အခုတစ်ခါမှာတော့ Amazon Prime ကနေအသစ်ထွက်ရှိထားတဲ့ အင်ဒိုရိုမန့် အချစ်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်အနေနဲ့က မကြာသေးခင်ကမှ ဟောလီးဝုဒ်နာမည်ကြီး‌တွေဖြစ်တဲ့ ဂျူလီယာရောဘတ်၊ ဂျောဂ်ျကလူးနီတို့နဲ့အတူ "Ticket to Paradise " ဇာတ်ကားမှာဟောလိဝုဒ် debut လုပ်ထားတဲ့ အင်ဒိုမင်းသားချော Maxime Bouttier ကအဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း အာရီဆာဟာ ဆွံ့အနားမကြားကောင်မလေးတစ်ယောက်ပါ။ အီဇရာကတော့ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်ပြီး အာရီဆာကို မြင်မြင်ချင်းမှာပဲ ချစ်မိသွားတဲ့သူပေါ့။ သူ့ခင်ဗျာ အာရီဆာနဲ့ စကားပြောနိုင်ဖို့ လက်ဟန်ဘာသာစကားတွေပါ ကြိုးစားသင်ယူနေတဲ့သူတစ်ယောက်ပါ။ဒါပေမဲ့ အာရီဆာရဲ့ မိခင်မှာ စင်ကယ်မားသားတစ်ယောက်အနေနဲ့ တစ်ဦးတည်းသောသမီးကို ပြုစုပျိုးထောင်ခဲ့ရတဲ့သူပါ။ သမီးဖြစ်သူကို သူ့လိုအဖြစ်မျိုး မကြုံမိစေချင်တာကြောင့် သူ့သမီးနဲ့ပတ်သက်လာရင် အမြဲတမ်းတင်းကြပ်တတ်တဲ့သူတစ်‌ယောက်ပေါ့။ဒီလိုနဲ့ အီဇရာဟာ အာရီဆာအပေါ် ခဏတာခံစားချက်သက်သက်ပဲလား သူ့အမေကန့်ကွက်တဲ့ကြားထဲက တကယ်ပဲအာရီဆာကို မေတ္တာသက်ဝင်နေလားဆိုတာကိုတော့ မပြည့်စုံတဲ့လူနှစ်ယောက်ကြား ပြည့်စုံလှပတဲ့ချစ်ခြင်းတစ်ခုကို ဘယ်လိုဖော်ကြူးမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon ~ V ~ Yunni တို့ပဲဖြစ်ပါတယ်။) File size…1.24GB / 556MB Quality…1080p AMZ WEB DL ...
movie

Dunia Tanpa Suara (2023)

2023
Ivanna (2022) 5.8
Ivanna (2022) Ivanna (2022)ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ အင်ဒိုနီးရှားသရဲကားလေးပါ။ အင်ဒိုနီးရှားနိုင်ငံမှာ 2022 ခုနှစ်အတွင်း စတုတ္ထမြောက် ဝင်ငွေအများဆုံးရခဲ့တဲ့ဇာတ်ကားလို့လည်း သိရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Amber နဲ့ Dika တို့မောင်နှမက မိဘတွေဆုံးသွားတဲ့နောက်မှာ သူ့မိဘတွေရဲ့မိတ်ဆွေ အဒေါ် Wati တို့နဲ့ ဂေဟာမှာ လာနေကြပါတယ်။ Amber က မျက်လုံးခွဲစိတ်ပြီးနောက်ပိုင်းမှာ တခြားသူတွေမမြင်နိုင်တဲ့အရာတွေကို မြင်နိုင်စွမ်းရှိနေတဲ့သူပါ။ သူတို့သွားနေတဲ့ ဂေဟာကတော့ ဟိုးအရင် အင်ဒိုနီးရှားနိုင်ငံကို အင်္ဂလိပ်တွေ အုပ်စိုးတဲ့အချိန်တုန်းက ဒတ်ချ်လူမျိုးမိသားစု နေခဲ့တဲ့နေရာပါ။ အင်ဒိုနီးရှားနိုင်ငံကို ဂျပန်တွေ လာသိမ်းတဲ့အချိန်မှာတော့ အဲဒီအိမ်မှာပဲ ဒတ်ချ်အမျိုးသမီးတစ်ယောက် ရက်ရက်စက်စက်ခေါင်းဖြတ်ပြီး အသတ်ခံထားရပါတယ်။ သူတို့ရောက်သွားတဲ့အချိန်မှာမှ အဲဒီအမျိုးသမီးရဲ့ဝိညာဉ်က အကြောင်းတိုက်ဆိုင်ပြီး ပေါ်လာတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre.....Horrr, Thriller Quality…. 1080p | 720p | 480p File size…1.2GB | 550MB | 277MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar ...
movie

Ivanna (2022)

2022
Dreadout: Tower of Hell (2019) 5.7
Dreadout: Tower of Hell (2019) အရှေ့တောင်အာရှရုပ်ရှင်စျေးကွက်မှာ ထိုင်း၊အင်ဒိုနီးရှား နိုင်ငံများရဲ့ရုပ်တွေက တော်တော်လေးလေးပေါက်ပေါက်ရောက်ရောက်ရှိပါတယ်။သရဲကားဆိုရင်လည်း ထိုင်း၊ အင်ဒို၊ မလေးရှား အစရှိတဲ့ဇာတ်ကားတွေသာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ဒီတစ်ခါမှာတော့ မကြာခင်ကမှထွက်ရှိထားတဲ့ အင်ဒိုနီးရှားသရဲကား DreadOut ကိုတင်ဆက်ပေးချင်ပါတယ်။Jump scare တွေများများစားစားမပါဘဲ အဆုံးထိ စိတ်ဝင်တစားကြည့်ရှုရမယ့် Horror ကားမျိုး ကြည့်ချင်သူတွေဆိုရင် ဒီကားကိုကြည့်ဖို့ လက်တို့ပါရစေ။ဇာတ်လမ်းအကျဉ်းကတော့... Jessica, Beni, Dian တို့သုံးယောက်က အထက်တန်းကျောင်းသူ/သား တွေပါ။မျက်မှောက်ခေတ်ဆယ်ကျော်သက်တွေရဲ့ထုံးစံအတိုင်း Social Network တွေရဲ့လွှမ်းမိုးမှုကို အကြီးအကျယ်ခံထားရတဲ့သူတွေပေါ့။သူတို့သုံးယောက်က Social Network ပေါ်မှာ ပေါ်ပြူလာဖြစ်ချင်တာကြောင့် နှစ်အတော်ကြာစွန့်ပစ်ထားတဲ့ တိုက်အိုကြီးပေါ်သွားပြီး Live လွှင့်ကာ Follower ရှာဖို့ကြံကြပါတယ်။အဲဒီမှာ Alex ဆိုတဲ့ခပ်ရမ်းရမ်းကျောင်းသားတစ်ယောက်ရယ်၊ Erik ဆိုတဲ့စော်ကြည်ဘဲတစ်ယောက်ကိုပါ ချောဆွဲကြပါတယ်။နောက်ထပ်ချောဆွဲခံလိုက်ရတာက Linda၊ Linda က သူတို့တွေရဲ့ ဂျူနီယာတစ်ယောက်၊ မိသားစုအဆင်မပြေလို့ စတိုးဆိုင်မှာ ကျောင်းတစ်ဖက်နဲ့အလုပ်လုပ်နေရတဲ့သူ။သူ့ကိုခေါ်ရတဲ့အကြောင်းအရင်းက တိုက်အိုကြီးရဲ့အစောင့်နဲ့ ရင်းနှီးတာကြောင့် သူတို့အသာတကြည်ဝင်ခွင့်ရအောင် ခေါ်ချင်တာ။Linda ...
movie

Dreadout: Tower of Hell (2019)

2019