Channel Myanmar

Callie Ferreira-Goncalves

Other People’s Children (2022) 6.8
Other People’s Children (2022)  အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးရဲ့နာမည်ကတော့ ထူးထူးဆန်းဆန်းပါပဲ။ကိုယ့်ကလေးမဟုတ်တဲ့သူများရဲ့ကလေး Other People's Children ပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ နာမည်လေးအတိုင်းပဲ တခြားသူရဲ့ကလေးနဲ့ သွားပတ်သတ်မိတဲ့ကောင်မလေးတစ်ယောက်ရဲ့ အကြောင်းကိုရိုက်ကူးထားတဲ့ မိသားစုဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။IMDb Rating 6.8 အထိရရှိထားပြီး Rotten Tomatoes မှာတော့91  ရာခိုင်နှုန်းအထိရရှိထားပါတယ်။ရေချယ်ဆိုတဲ့အမျိုးသမီးတစ်ယောက်က ကျောင်းတစ်ခုမှာစာသင်ပေးနေတဲ့ဆရာမဖြစ်ပြီး အချစ်ရေးကံမှာတော့ညံ့ဖျင်းလှပါတယ်။အခုလည်း အသည်းကွဲလာပြီးသိပ်မကြာခင်မှာပဲသူ့ရဲ့ဂစ်တာသင်တန်းကအလီဆိုတဲ့ ကလေးတစ်ယောက်အဖေနဲ့ငြိသွားပါတော့တယ်။သူတို့နှစ်ယောက်ကအတူတူနေတာကြာလာတဲ့အခါမှာတော့ အလီရဲ့သမီးဖြစ်သူလီလာနဲ့ရေချယ်တို့ကိုမိတ်ဆက်ပေးခဲ့ပါတော့တယ်။လီလာကချစ်စရာကောင်းတဲ့အပြင်ရေချယ့်ကိုလည်းချစ်တော့ သူတို့သုံးယောက်သားက မိသားစုကြီးတစ်ခုလိုတောင်ဖြစ်နေပါပြီ။ဒါပေမယ့် အဲ့လိုပျော်ရွှင်နေတဲ့မိသားစုလေးရဲ့ဘဝထဲကို အလီ့ရဲ့ကွာရှင်းထားတဲ့ မိန်းမအဲလစ်ပြန်ရောက်လာတဲ့အခါမှာတော့ဘယ်လိုရှုပ်ထွေးပြီး ဝမ်းနည်းစရာကောင်းတဲ့အဖြစ်အပျက်တွေဖြစ်လာမယ်ဆိုတာကိုရိုက်ကူးတင်ဆက်ထားတဲ့ ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်... File size…1.54 GB/ 711 MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 43m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Other People’s Children (2022)