Channel Myanmar

Callum Maloney

All Creatures Big And Small (2015) 5.8
All Creatures Big And Small (2015) All Creatures Big And Small (2015) ============================== IMDb - 5.8/10ဒီတစ်ခါက​တော့ ကာတွန်းကားပရိသတ်​လေး​တွေအတွက် 2015 ကထွက်ရှိထားတဲ့ ကမ္ဘာပျက်သုဥ်းချိန် ​သတ္တဝါအားလုံးကို​သ​ဘော်ကြီးနဲ့ ကယ်တင်တဲ့ ဇာတ်​လမ်းကို ​ကျောရိုးယူပြီးရိုက်ပြထားတဲ့ ကာတွန်းကား​ကောင်း​လေး All Creatures Big And Small ပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းNestrian မျိုးစိတ်ဖြစ်တဲ့ ဖင်နီတစ်​ယောက် အ​​​ဖေဖြစ်သူနဲ့ ​နေရပ်အမှန်ကိုလိုက်ရှာ​နေခဲ့ပါတယ် ဖင်နီမှာ မိတ်​ဆွေဖွဲ့တတ်တဲ့ စိတ်​လေးရှိ​ပေမယ့် ​နေရပ်အမှန်ကိုလိုက်ရှာရတဲ့အတွက် ခဏခဏ ​နေရာ​​ပြောင်း​နေရတဲ့အတွက် သူငယ်ချင်းမရဖြစ်​နေပါ​တော့တယ်​တစ်ဖက်မှာလည်း တော​ကြောင်မျိုးရိုးက​ပေါက်ဖွားလာတဲ့ လီယာတစ်​ယောက် မိမိမျိုးစိတ်ဓ​လေ့အရ အုပ်စုဖွဲ့မ​နေရဘူး အ​ကြောက်တရားဆိုတာမရှိရဘူးလို့ မိခင်ဖြစ်သူက ဆုံးမထားတာ​ကြောင့် အတွင်းစိတ်က ​ပျော့​ပြောင်း​နေ​ပေမယ့် အပြင်ပိုင်းမှာ မိခင်အလိုအရ ခက်ထန်ပြ​နေရပါတယ်တစ်​နေ့ ကမ္ဘာကြီး​ရေလွှမ်းမှု​အောက်ကို​ရောက်မယ့်အချိန် သတ္တဝါအားလုံးကို ကယ်တင်ဖို့ သ​ဘော်ဆီ အားလုံးကိုဖိတ်​ခေါ်လိုက်ပါတယ် ကံမ​​ကောင်းစွာနဲ့ပဲ ဖင်နီတို့သားအဖနှစ်​ယောက် သ​ဘော်​ပေါ်တက်ရမယ့်စာရင်းထဲမှာမပါခဲ့ပါဘူး သားဖြစ်သူကို သ​ဘော်​ပေါ်လိုက်ရမယ်ဆိုတဲ့ ကတိ​ကြောင့် ​တော​ကြောင်​တွေအဖြစ်အ​ယောင်​ဆောင်ကာ သ​ဘော်​ပေါ်တက်ရင်း လီယာတို့သားအမိနဲ့ ...
movie

All Creatures Big And Small (2015)

Hideaways (2011) 6.1
Hideaways (2011)  လူတော်တော်များများမှာ မိသားစုကနေဆက်ခံထားရတဲ့အမွေတွေရှိပါတယ်။ဥပမာ မိဘမှာဆီးချိုရှိရင်သားသမီးမှာလိုက်ရှိတာတို့ မိဘဆီကရောဂါတစ်ခုခုအမွေရထားတာမျိုးပေါ့။ဒါပေမယ့်အခုတင်ဆက်ပေးမဲ့ IMDb Rating 6.1 ရရှိထားတဲ့Hideaways ဆိုတဲ့ဇာတ်ကားထဲကဖာလွန်ဆိုတဲ့မိသားစုရဲ့အမွေကတော့ထူးခြားပါတယ်။ဘယ်လိုထူးခြားတာလဲဆိုတော့သူတို့ဆီမှာသားယောက်ျားလေးတွေမွေးရင် တခြားသူတွေထက်သာလွန်ထူးကဲတဲ့စွမ်းရည်တွေကိုဆက်ခံရလို့ပါပဲ။ ဒါပေမယ့်စွမ်းရည်ဆိုလို့ မိုက်တာပေါ့ ဘာညာဆိုပြီးမတွေးလိုက်ပါနဲ့။လိင်ဆက်ဆံရင် မျက်လုံးကန်းသွားတဲ့စွမ်းရည်တို့ စိတ်လှုပ်ရှားပြီးကြောက်လာရင် အနီးအနားကစက်ပစ္စည်းတွေပျက်သွားတဲ့စွမ်းရည်တို့လိုမျိုး ကြောင်တောင်တောင်ကြီးတွေဖြစ်ပါတယ်။အခုသူတို့မျိုးဆက်ထဲကနောက်ဆုံးသားယောက်ျားလေးဖြစ်တဲ့ဂျိမ်းစ်မှာလည်း ကြောင်တောင်တောင်စွမ်းရည်တစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ သူကြောက်လာရင်သူ့နားမှာရှိတဲ့အပင်တွေကအစလူတွေအဆုံး အကုန်လုံးသေဆုံးကြရတာဖြစ်ပြီး အဲ့ဒီစွမ်းရည်ကြောင့်ပဲမိဘမဲ့ဘ၀ကိုရောက်ရှိပြီး မိဘမဲ့ဂေဟာကိုရောက်ခဲ့ရပါတယ်။ဒါပေမယ့်မိဘမဲ့ဂေဟာမှာလည်း အဲ့လိုထပ်ဖြစ်ပြီးနောက်ပိုင်းထွက်ပြေးသွားခဲ့ပြီးဂျိမ်းစ်တစ်ယောက်ပျောက်ကွယ်သွားခဲ့ပါတယ်။ဒါပေမယ့် နှစ်ပေါင်းများစွာကြာတဲ့အချိန်မှာကင်ဆာရောဂါဖြစ်နေပြီး ဆေးရုံကနေထွက်ပြေးလာတဲ့ မေဆိုတဲ့ကောင်မလေးနဲ့ဂျိမ်းစ်နဲ့တွေ့ဆုံခဲ့တဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမဲ့ ဒရာမာ စိတ်ကူးယဉ်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.78 GB / 851 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 28m Genre ….. Fantasy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Hideaways (2011)