Channel Myanmar

Cameron Jones

Urban Legends: Bloody Mary (2005) 5.0
Urban Legends: Bloody Mary (2005) Urban Legends: Bloody Mary (2005) ===========================Urban Legends: Bloody Mary ဟာ Urban Legends ဇာတ်ကား တွဲတွေရဲ့တတိယနဲ့နောက်ဆုံးကားဖြစ်ပြီး ပထမနှစ်ကားနဲ့လည်း ဘာ အဆက်အစပ်မှမရှိတော့တာကိုတွေ့ရပါလိမ့်မယ်။ ထူးခြားတာက ဒီ ဇာတ်ကားမှာ သဘာ၀လွန်အယူအဆတွေကိုထည့်သုံးထားပြီး လူသတ် မှုတွေကိုလိုက်ပါစုံစမ်းပြီး နောက်ကွယ်က လက်သည်ကိုဖော်ရာမှာ အစောပိုင်း supernatural ဇာတ်လမ်းတွဲတွေရဲ့အငွေ့အသက်ကိုရနေ တာပါပဲ။၁၉၆၉ မှာ ဝါသင်တန်အထက်တန်းကျောင်းရဲ့ကပွဲမှာ ကျောင်းဘောလုံး အဖွဲ့ဝင်အုပ်စုဟာ သူတိုရဲ့ပွဲတက်ဖော်တွေကို ဆေးခတ်ဖမ်းခေါ်သွားဖို့ ကြိုးစားခဲ့ကြပါတယ်။ အဲ့ဒီဖြစ်ရပ်မှာ တစ်ခြားမိန်းကလေးတွေပြန်လွတ် မြောက်လာခဲ့ပေမယ့် သူတို့ထဲ မေရီဆိုတဲ့တစ်ယောက်ကိုတော့ လုံး၀ရှာ မတွေ့တော့တာ အခုချိန်ထိဖြစ်ပါတယ်။နောက်ထပ် ၃၅ နှစ်အကြာမှာ အဲ့ဒီလိုအဖြစ်မျိုးထပ်တူပြန်ဖြစ်ခဲ့ပြီး ဒီတစ် ကြိမ်မှာတော့ အားလုံးပြန်လွတ်လာခဲ့ပါတယ်။ ဒါပေမယ့် သူတို့ပြန်လွတ် လာပြီးနောက်မှ သူတို့သူငယ်ချင်းအုပ်စုထဲကလူတွေထူးဆန်းတဲ့နည်းနဲ့ တစ်ယောက်ပြီးတစ်ယောက်သေဆုံးလာခဲ့ချိန်မှာတော့ ၊bloody mary ဒဏ္ဍာရီဟာ ဒီဖြစ်ရပ်တွေနဲ့ဆက်စပ်နေမလား? လွန်ခဲ့တဲ့ ၃၅ နှစ်က မေရီ တစ်ယောက် ဘယ်လိုအဖြစ်မျိုးကြုံခဲ့ရလဲ အဲ့ဒီအဖြစ်အပျက်တွေရဲ့လက် သည်အမှန်ဟာ ဘယ်သူဖြစ်မလဲ အစရှိတာတွေကို ဆက်လက်ရှုစားရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(2.3 GB) / (1.1 GB) Quality............WEB-DL ...
movie

Urban Legends: Bloody Mary (2005)

2005
I Heard Sarah (2022)
I Heard Sarah (2022) အီရမ်ဆိုတဲ့ရော့ခ်စတားတစ်ယောက်ဟာ တရားရုံးကချမှတ်ဝင်ခိုင်းထားတဲ့ ပြန်လည်ထူထောင်ရေးစခန်းကနေ ခိုးထွက်လာခဲ့ပြီးတော့ သူ့မွေးရပ်မြေမှာရှိတဲ့ အချစ်ဆုံးသူငယ်ချင်းဟောင်းလည်းဖြစ်သလို အရင်က bandmate ဟောင်းလည်းဖြစ်တဲ့ ဂျော့ရှ်ဆီကိုသွားခဲ့ပါတယ်...အီရမ်က နာမည်ကျော်ကြားအောင်မြင်နေခဲ့ပေမယ့် တစ်နေ့တစ်နေ့အသက်ရှင်ရတာကို စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့သူပေါ့... သူ့သူငယ်ချင်းဟောင်းဖြစ်သူ ဂျော့ရှ်ကတော့ သူနဲ့ဆန့်ကျင်ဘက်ပါ...တစ်ချိန်ကအိပ်မက်အတူတူမက်ခဲ့ကြတဲ့ အဆိုတော်ဘဝကိုလက်လျှော့ခဲ့ပြီးတော့ မွေးရပ်မြေလေးမှာ သူချစ်တဲ့မိန်းကလေးတစ်ယောက်နဲ့အတူတူ လက်ထပ်ပြီး ဘဝကိုပျော်ရွှင်စွာနဲ့နေနေတဲ့သူပါ... ဒါပေမယ့် ဂျော့ရှ်ရဲ့သာယာတဲ့ဘဝလေးဟာ အိမ်ကိုမထင်မှတ်ဘဲရောက်ချလာခဲ့တဲ့ အီရမ်ကြောင့် ပျက်စီးတော့မလိုဖြစ်လို့လာပါတယ်...ဘာအကြောင်းကြောင့်များ ဒီလိုပျက်စီးလုနီးပါးဖြစ်လာရတာလဲ... အရင်ကအရမ်းခင်မင်ခဲ့ကြပေမယ့် ခုချိန်မှာတော့ ဂျော့ရှ်က အီရမ့်ကိုဆို ခါးခါးသီးသီးနဲ့ဖြစ်နေရတာကရော အတိတ်ကအကြောင်းတစ်ခုခုနဲ့ သက်ဆိုင်နေတာကြောင့်လား...သူတို့နှစ်ယောက်ရဲ့ဘဝနောက်ပိုင်း ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဒီ "I Heard Sarah" ဆိုတဲ့ဇာတ်ကားလေးကိုကြည့်ပြီးတော့ပဲ အဖြေရှာလိုက်ပါ File size…(1.4 GB)/(739 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:13:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Fiona Gillen
movie

I Heard Sarah (2022)