Channel Myanmar

Camilla Belle

Father of Invention (2010) 5.7
Father of Invention (2010) Father of Invention (2010) ===================ဒီကားလေးကတော့ Superman Return တို့ Baby Driver တို့မှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ ဝါရင့်သရုပ်ဆောင်ကြီး Kevin Spacey Fowler ပါဝင်သရုပ်ဆောင်ထားတဲ့ Comedy Drama ကားလေးပဲ ဖြစ်ပါတယ်..ဇာတ်လမ်းအကျဉ်းအနေနဲ့ Fowler တစ်ဖြစ်လဲ စွန့်ဦးတီထွင်သူ ဒိတ် ဒိတ်ကြဲတစ်ယောက်ဖြစ်တဲ့ Axle ဟာ သျှမ်းသျှမ်းတောက် အောင်မြင် ချမ်းသာရာကနေ သူ့ရဲ့ထုတ်ကုန်တစ်ခုမှာ Error တက်သွားပြီး လူတွေ ထိခိုက်သွားတဲ့အခါမှာတော့ ၈နှစ်လောက် ဂျေးအောင်းလိုက်ရပါတယ်။ အဲဒီနောက်ပိုင်း ဘဝကို တစ်ကနေပြန်စတဲ့ အဖြစ်အပျက်လေးကို ဟာသ လေးတွေနှောပြီး ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။Axle တစ်ယောက် ပြန်ကြိုးစားရင်း ဘယ်လို တလွဲတွေလုပ်မိမလဲ..မိသားစုကိုထားခဲ့ပြီးသမီး ဖြစ်သူငယ်ငယ်ရွယ်ရွယ်နဲ့ ဂျေးအောင်းလိုက်ရတာကြောင့် ပျက်စီးသွားတဲ့ သားအဖနှစ်ယောက်ကြားကဆက်ဆံရေးကို အလွဲအမှားလေးတွေကြားက ဘယ်လိုပြန်တည်ဆောက်မလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.88 GB) / (693 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 33Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Thetti Tun Encoder..........SWM 
movie

Father of Invention (2010)

2010
10 Truths About Love (2022) 6
10 Truths About Love (2022)    ကရီနာဟာ စာပေတိုက်တစ်ခုရဲ့ အချစ်သရုပ်ဖော်ကဏ္ဍအပိုင်းကို တစ်ယောက်တည်း တာဝန်ယူထားတဲ့ ကလောင်စွမ်းထက်တဲ့ စာရေးဆရာမတစ်ဦးပါ။ နှလုံးသားရေးရာကို အဓိကထားရေးတဲ့စာရေးဆရာမဖြစ်တာကြောင့် သူမဟာ အချစ်ရေးမှာ သူမကိုယ်သူမ ယုံကြည်ချက်အပြည့်ရှိတဲ့သူဖြစ်ပြီး လက်ရှိမှာလည်း တွမ်ဆိုတဲ့ ခပ်ချောချောကောင်လေးနဲ့ တွဲလာတာ ငါးနှစ်တောင်ရှိခဲ့ပါပြီ။တနေ့မှာတော့ ကြော်ငြာရီဗျူးတွေရေးတဲ့ လီယမ်ဆိုတဲ့လူဟာ သူတို့ရုံးကို အလုပ်ဝင်လာခဲ့ပါတယ်။ ကရီနာဟာ မြင်မြင်ကတည်းက သူ့ကို ကြည့်မရတဲ့ကြားက အထက်လူကြီးက လီယမ်ကို သူ့ကဏ္ဍမှာ နေရာချပေးလိုက်ပါတော့တယ်။ အလုပ်မှာ စိတ်ညစ်ရတဲ့ကြားက ငါးနှစ်တောင် တွဲလာတဲ့ သူ့ကောင်လေးတွမ်က သူ့ကို ဆိုင်းမဆင့် ဗုံမဆင့် လမ်းခွဲသွားပါတော့တယ်။ အချစ်ရေးမှာ ယုံကြည်ချက်ရှိလှပါတယ်ဆိုတဲ့ သူမဟာ ကောင်လေးက လမ်းခွဲသွားတော့ ယုံကြည်ချက်တွေ ပျောက်ဆုံးသွားပါတော့တယ်။ဒီလိုဖြစ်နေတဲ့အချိန်မှာ လီယမ်က သူမကို တွမ်နဲ့ပြန်အဆင်ပြေအောင် ကူညီပေးမယ်ဆိုပြီးတော့ ပြောလာခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်သား ဌာနရဲ့အလုပ်တွေရော တွမ်ကို ပြန်ရဖို့ရော အတူတူကြိုးစားကြရာကနေ ရင်းနှီးလာကြပြီး သံယောဇဉ်တွယ်လာကြပါတော့တယ်။ တွမ်ဘက်က ...
movie

10 Truths About Love (2022)

When a Stranger Calls(2006) 5.7
When a Stranger Calls(2006) "Have you checked the children?" ဆိုတဲ့ လူထူးလူဆန်းတစ်ယောက်ရဲ့ အသံသြသြကြီးကို ဖုန်းထဲကနေ ကြားလိုက်ရတဲ့အခါ ခေါင်းနားပန်းကြီးပြီး ထိတ်လန့်သွားရှာမယ့် ဆယ်ကျော်သက်အရွယ် က​လေးထိန်း မိန်းကလေးငယ်တစ်ယောက်ရဲ့ ခံစားချက်ကို အပြည့်အဝ သိချင်ရင်တော့ "When a stranger calls" လို့အမည်ရတဲ့ ၂၀၀၆ ခုနှစ်ထွက် horror-suspense- thriller ရုပ်ရှင်ကို ကြည့်ဖို့ ညွှန်းပေးချင်ပါတယ်။ ၄င်းဟာ ၁၉၇၉ မှာ ထွက်ရှိခဲ့တဲ့ "When a stranger calls" ရုပ်ရှင်ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဂျေးလ် ဂျွန်ဆန် (Camilla Belle) ဟာ ဆယ်ကျော်သက်အရွယ် ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး အချိန်ပိုင်းကလေးထိန်းအလုပ်ကိုလည်း တွဲဖက်လုပ်ကိုင်ပါတယ်။ တစ်ညနေခင်းမှာ သူမဟာ လူနေအိမ်ခြေ နည်းပါးသောအရပ်မှာ သီးခြားတည်ရှိတဲ့ အလွန်လှပတဲ့ စံအိမ်ကြီးတစ်ခုမှာ ကလေးထိန်းရဖို့ အကြောင်းဖန်လာပါတယ်။ သဘောအလွန်ကောင်းတဲ့ အိမ်ရှင်ဇနီးမောင်နှံဟာ အိပ်ပျော်နေတဲ့ ...
movie

When a Stranger Calls(2006)

10,000 BC (2008) 5.1
10,000 BC (2008) 10,000 BC (2008)ခရစ်​တော်မ​ပေါ်ခင် ဘီစီ ၁၀၀၀၀​လောက်က ယာဂါလ်လူမျိုး​တွေမှာ ဒဏ္ဍာရီတစ်ခု​ ပေါ်​လာခဲ့ပါတယ်။ အပြာ​ရောင် မျက်လုံးပိုင်ရှင်ဆိုတဲ့ ဒဏ္ဍာရီ​ပေါ့။ ဒီမျက်လုံးပိုင်ရှင်ဟာ နိမ့်ပါးတဲ့ ယာဂါလ်​တွေရဲ့ဘဝကို လှံဖြူကိုင်စစ်သည်​တော်နဲ့အတူ ကယ်တင်နိုင်မယ်ဆိုတဲ့ဒဏ္ဍာရီ​ပေါ့။တစ်​နေ့မှာ ဒဏ္ဍာရီထဲကလို အပြာ​ရောင်မျက်လုံးပိုင်ရှင် မိန်းက​လေး တစ်​ဦး တခြား​အရပ်က​နေ ယာဂါလ်​​​ဒေသကို ​ရောက်လာခဲ့ပါတယ်။ သူ့နာမည်ကို အက်ဗိုလက်လို့မှည့်တွင်​စေခဲ့ပါတယ်။ သူနဲ့ နီးစပ်မယ့် လှံဖြူကိုင်စစ်သည်​​တော်​ကိုလည်း မန်နက်​ခေါ် ​​​အမွေးထူဆင်ကြီးကို သတ်နိုင်သူကိုပဲ ​ရွေးချယ်မှာပါ။ ဒါ​ကြောင့် အက်ဗိုလက်နဲ့ ​မေတ္တာမျှ ​နေတဲ့ ဒ​လေးဆိုတဲ့ ယာဂါလ်သား​​လေးဟာ အမဲလိုက်ပွဲကို ဝင်နွှဲရင်း စစ်သည်​တော်အဖြစ် ဗိုလ်ဝင်ခံခဲ့ပါတယ်။ဒါ​ပေမဲ့ သူတို့၂​​ဦးရဲ့ ​ချစ်ခရီးက ​ကြာကြာမတည်မြဲခဲ့ဘဲ ​ခြေ၄​ချောင်း နတ်ဆိုးရယ်လို့ ခေါ်တွင်တဲ့လူ​တွေ ယာဂါလ်​​တွေဆီ ရောက်လာကြပြီး အက်ဗိုလက်အပါအဝင် ယာဂါလ်လူမျိုး​​​တွေကို ဖမ်းဆီးသွားတဲ့အခါ ဒ​လေးအ​နေနဲ့ ချစ်ရသူကိုကယ်ဖို့ အင်မတန်ရှည်လျားတဲ့ စွန့်စားခန်း ခရီးရှည်ကြီးကို စတင်ခဲ့ပါ​တော့တယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Drama Quality…. 1080p | 720p | 480p File size… ...
movie

10,000 BC (2008)

2008
Practical Magic (1998) 6.2
Practical Magic (1998) ဆန်ဒရာဘူးလော့နဲ့ နီကိုးကစ်မန်းတို့ လွန်ခဲ့တဲ့ နှစ် ၂၀ က စုန်းမအတူလုပ်ခဲ့တာလေး ကြည့်လိုက်ရအောင်။အိုဝင်စ် မိသားစုထဲက မိန်းကလေးတွေဟာ မျိုးရိုးစဉ်ဆက် မွေးရာပါ စုန်းအတတ် တတ်နေကြတဲ့ စုန်းမတွေပဲ ဖြစ်ကြပါတယ်။ ဒါပေမဲ့ သူတို့မျိုးဆက်ထဲက ပထမဆုံး စုန်းမရဲ့ ကျိန်စာကြောင့် သူတို့ကို ချစ်မိတဲ့ ယောက်ျားတိုင်းဟာ အရွယ်မတိုင်ခင် အကြောင်းတစ်ခုခုနဲ့ သေဆုံးသွားတတ်ကြပါတယ်ဗျ။ ဆယ်လီအိုဝင်စ်နဲ့ ဂျီလီယန်အိုဝင်စ်တို့ဟာ စရိုက်ချင်း လုံးဝမတူကြတဲ့ ညီအစ်မနှစ်ယောက်ပဲဖြစ်ကြပါတယ်။ သူတို့ဟာ အကြောင်းတစ်ခုကြောင့် လူတစ်ယောက်ကို သဝာ်မိခဲ့ကြပြီး ဖုံးကွယ်ဖို့ကြိုးစားရာကနေ တလွဲတချော်တွေဖြစ်ကုန်ပါတော့တယ်ဗျ။ ဒီရုပ်ရှင်ထဲမှာဆိုရင် အိုဝင်စ်ညီအစ်မတွေအဖြစ် မင်းသမီးကြီး Sandra Bullock နဲ့ မင်းသမီးကြီး Nicole kidman တို့က အတွဲညီညီ သရုပ်ဆောင်ထားကြပါတယ်။ ဒီ Practical Magic ဆိုတဲ့ရုပ်ရှင်ဟာ fairy tale ဆန်ပြီး Romance နဲ့ Fantasy ရောထားတဲ့အပြင် ဆန်ဒရာဘူးလော့ခ်နဲ့ နစ်ကိုးလ်ကစ်ဒ်မန်းတို့လို ဂန္တဝင်မင်းသမီးကြီးတွေ ပါဝင်ထားတဲ့အတွက် ...
movie

Practical Magic (1998)

The Quiet (2005) 6.2
The Quiet (2005) --- စံလွဲသူနှစ်ယောက် --- ကိလေသာထောင်ချောက်ရဲ့ အဆွဲဆောင်နိုင်ဆုံး အထိအတွေ့များ၊ တီးတိုးညည်းညူသံ၊ ဖိုလှိုက်တဲ့အသက်ရှုသံများနဲ့ အိပ်ယာပေါ်က ချစ်တလင်းမှာ ဗျူဟာကျင်းလို့ စေတန်နတ်ဆိုးရဲ့ ပန်းသီး (ချဉ်စော်ကားသီး) ကို စားသုံးနေကြလေရဲ့။ ရှူထုတ်လေရဲ့ လေနုငွေ့ငွေ့တိုးခတ်မှုကို အပြန်အလှန်ထိခတ်ရင်း လေပေါ်မှာလွင့်နေသလိုခံစားရရှာတဲ့ လိင်မတူ ချစ်သူနှစ်ဦး။ ရိုးတွင်းခြင်ဆီထဲအထိ တိုးဝင်လာတတ်တဲ့ တဖျင်းဖျင်း ကြက်သီးထဖွယ် အရသာများကို ဆား‌ငံရေလို တစွတ်စွတ်သောက်၊ မောလေ သောက်လေ ငတ်မပြေနိုင်။သဘဝတရားရဲ့ ရုန်းမထွက်နိုင်တဲ့ ထောင်ချောက်ထဲကို သက်ဆင်း ဝပ်တွားခယရတဲ့ ဟောဒီလူသားနှစ်ယောက်က လောကကြီးကိုမေ့နေပါလေရော။ သူတို့ဟာ လောကကြီးကို မေ့လျှော့နေသလိုပဲ သူတို့ဟာ သွေးရင်းသားရင်း သားအဖ တော်စပ်ပါတယ်ဆိုတာကိုပါ သတိမရ အနက်ဆုံး အမှောင်ဆုံးတွင်းကို အထိန်းမပါဘဲ သက်ဆင်းနေကြပြီ။ ဟုတ်ပါတယ်လေ။ သမီးနဲ့ ဖခင် သွေးရင်းခေါက်ခေါက်ကြီးတွေပါ။ သူတို့ဟာ သားအဖအဖြစ်ကသွေဖည်လို့ လင်မယားဘဝကို အသက်သွင်း၊ ငရဲတွင်းကို ဆင်းချင်တိုင်းဆင်းနေလေရဲ့။--- ကိုယ်ပျောက်မိန်းကလေး ...
movie

The Quiet (2005)

The Ballad of Jack and Rose (2005) 6.6
The Ballad of Jack and Rose (2005) The Ballad of Jack and Rose (2005)=========================IMDb Rating - 6.6/10ဒီတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ အရင်ကနာမည်ကြီးခဲ့တဲ့ ကားဟောင်းဆိုသလို ကားကောင်းလေးဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် ကထွက်ရှိခဲ့ပြီး ဒါရိုက်တာ အမျိုးသမီး Rebecca Miller ရဲ့ပြောင်မြောက်တဲ့လက်ရာထဲကတစ်ခုပေါ့နော်။ မင်းသားမင်းသမီးကြီးတွေနဲ့ တကယ့် ကိုနာမည်ကြီး သရုပ်ဆောင်တွေပါဝင်ထားတဲ့ ဒီကားလေးကတော့ ဒရမ်မာအမျိုးအစားလေးပဲ ဖြစ်ပါတယ်။Jack Slavin (Daniel Day-Lewis) ကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့သူတစ်ဦးဖြစ်ပြီး သူယခင်ကတည်းက ဝယ်ထားတဲ့ မြေမှာပဲ ဘဝကိုမြှုပ်နှံထားတဲ့သူပါ။ ရှေးဟောင်းအမွေအနှစ်တွေကို အစွဲအလမ်းကြီးပြီး နှလုံးရောဂါလည်းရှိတဲ့သူတစ်ယောက်ပေါ့၊ သူ့သမီးဖြစ်သူ Rose (Camilla Belle) ကတော့ ငယ်ငယ်ကတည်းကအမေမရှိဘဲ သူ့အဖေကိုပဲသိတဲ့ အဖေမှအဖေ သမီးလေးပေါ့နော်။ ဂျက်တို့ သားအဖ ဒီလယ်ယာမြေလေးမှာပဲ နေထိုင်ပြီး သူတိုရဲ့ နေရာကိုလူ့အဖွဲအစည်းတစ်ခု သိုက်သိုက်ဝန်းဝန်းဖြစ်ချင်ခဲ့တယ် အဲလိုနဲ့တစ်နေ့မှာ သူ့ရဲ့ချစ်သူမိန်းကလေး ကတ်သလင်း(Catherine Keener)ကို သူတိုအိမ်ကိုလာနေဖို ခေါ်လိုက်တယ်၊ ကတ်သလင်းမှာ သားနှစ်ယောက် Rodney (Ryan McDonald) နဲ့ Thaddius (Paul Dano) ...
movie

The Ballad of Jack and Rose (2005)

2005
The Lost World: Jurassic Park (1997) 6.5
The Lost World: Jurassic Park (1997) The Lost World သည် Jurassic Park ၏အဆက် ဖြစ်ပြီး ပထမကားထွက်ပြီးလေးနှစ် အကြာ (၁၉၉၇) တွင်ရုံတင်ခဲ့သည်။ ထိုခေတ်အခါက ရုံတင်ဝင်ငွေအကြမ်းဆုံးဇာတ်ကားလည်းဖြစ်ခဲ့သည်။ ဒါရိုက်တာ Steven Spielberg ကိုယ်တိုင်ပင် ဆက်လက်ရိုက်ကူးခဲ့ပြီး IMDb 6.5 ရရှိခဲ့သည်။ လူဆိုသည်မှာ လက်လျှော့တတ်သောသတ္တဝါမဟုတ်ဟုဆိုသည့်အတိုင်း ဒိုင်နိုဆောများကိုဖန်တီးခဲ့သည့် အင်ကြင်းကုမ္ပဏီ(InGen)သည် ကုန်ကျစားရိတ်များကာမိစေရန်အတွက် ထပ်မံကြိုးစားလိုကြသည်။ အရှုံးသမားဘုတ်အဖွဲ့ဒါရိုက်တာ ဂျွန်ဟမ်မွန်က တားမြစ်ခဲ့သော်လည်း လက်မခံခဲ့ဘဲ ပီတာလုဒ်လော ဦးဆောင်ပြီးဆိုနာကျွန်း(အလုပ်ရုံB)သို့သွားရောက်ခဲ့ကြသည်။ လုဒ်လော၏ရည်ရွယ်ချက်မှာ ထိုကျွန်းကို တိရိစ္ဆာန်ရုံပြုလုပ်ရန်မဟုတ်။ ဆန်ဒီရေဂိုမြို့ထဲတွင်တိရိစ္ဆာန်ရုံ တည်ဆောက်ပြီး ဒိုင်နိုဆောများကို ထည့်သွင်းပြသရန်ဖြစ်သည်။ လုဒ်လောသည်ကြေးစားမုဆိုးအဖွဲ့တစ်ဖွဲ့ကိုငှားပြီး ဒိုင်နိုဆောများကိုဖမ်းဆီးရန်ကြိုးစားစဉ်တွင် ဂျွန်ဟမ်မွန်လွှတ်လိုက်သည့် စောင့်ကြည့်မှတ်တမ်းယူအဖွဲ့(ပညာ ရှင်များအဖွဲ့)နှင့်ထိပ်တိုက်တိုးခဲ့ကြသည်။ ထူးခြားသည်က ဤရုပ်ရှင်တွင် ဒိုင်နိုဆောများသည် မိမိအသိုက်အမြုံကိုကာကွယ်လိုသည့်သဘောဖြင့်သာကြမ်းကြုတ်လာခဲ့ကြပုံ၊ အုပ်စုဖွဲ့မုဆိုးများဖြစ်ကြသော လူသားများနှင့်ရက်ပ်တာများ ထိပ်တိုက်တွေ့ကြပုံ၊ ဒိုင်နိုဆောများကို သက်ရှိများအဖြစ်မြင်ပြီး ကာကွယ်လိုသောပညာရှင် အဖွဲ့နှင့် ဒိုင်နိုဆောများကို ပိုက်ဆံများအဖြစ်မြင်ပြီးဖမ်းဆီးလိုသောအဖွဲ့ထိပ်တိုက်တိုးကြပုံ စသည်ဖြင့်အလွန်စိတ်ဝင်စားဖွယ်ဖြစ်အောင် ရိုက်ကူးတင်ဆက်ထားပါသည်။File Size ...
movie


1997