Channel Myanmar

Camille Rowe

Night of the Hunted (2023)
Night of the Hunted (2023)  အသစ်ထွက်ထားတဲ့ သည်းထိတ်ရင်ဖို ပဟေဠိရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်။အဲလစ်ဟာ ညသန်းခေါင်ယံမှာ အကြောင်းကိစ္စတစ်ခုကြောင့် သူငယ်ချင်းဖြစ်သူ ဂျွန်နဲ့အတူ ကားတစ်စီးနဲ့ ဝေးလံခေါင်ဖျားတဲ့နေရာတစ်ခုကို ထွက်လာခဲ့ပါတယ်။ဒီလိုနဲ့ ဓာတ်ဆီဆိုင်တစ်ခုအရောက်မှာတော့ ဂျွန်တစ်ယောက် ကားဓာတ်ဆီဖြည့်နေတုန်း အဲလစ်ကတော့ ကော်ဖီ၀ယ်ဖို့ရာ ဓာတ်ဆီဆိုင်၂၄နာရီစတိုးထဲကို ၀င်လာခဲ့ပါတယ်။ဒါပေမဲ့ ငွေရှင်းဖို့လုပ်တဲ့အခါမှာ ကောင်တာမှာ ဘယ်သူမှမရှိနေတာကို သတိထားမိလိုက်ပြီး ဆိုင်ထဲကပြန်ထွက်ဖို့အလုပ်မှာ‌ ဆိုင်ထဲကို စနိုက်ကျည်တွေ တောက်လျှောက်၀င်လာတဲ့အခါမှာတော့...အဲလစ်ကို စနိုက်ပါနဲ့ စောင့်ကြည့်နေပြီး အသေပစ်သတ်ဖို့ကြိုးစားနေတဲ့သူက ဘယ်သူလဲ၊ ဘာကြောင့် အဲလစ်ကို အငြှိးတကြီးနဲ့ သတ်ချင်နေရတာလဲ၊ အဲလစ်အနေနဲ့ရော သူမကို ခေါင်းပွင့်အောင် ပစ်သတ်ချင်နေတဲ့သူဆီကနေ လွတ်မြောက်အောင်ကြိုးစားနိုင်ပါ့မလား၊ အဲလစ်တစ်ယောက် ဆိုင်ထဲမှာ ဆက်လက်ရှင်သန်ဖို့ကြိုးစားနေစဉ်မှာရော ဆိုင်ကို တခြား ဘယ်သူတွေရောက်လာဦးမလဲ ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာ‌ကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.2 GB)/(665 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Mystery, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Night of the Hunted (2023)

No Limit (2022) 5.8
No Limit (2022) No Limit (2022) (ပြင်သစ်ကားတွေထုံးစံအတိုင်း မိသားစုနဲ့အတူ ကြည့်ရှူဖို့ မသင့်တော်ပါ) ဒီဇာတ်ကားကတော့ Audrey Mestre ရဲ့တစ်ကယ့်အဖြစ်အပျက်ပေါ်မူတည်ပြီး Netflix ကရိုက်ကူးထားတဲ့ပြင်သစ်ဇာတ်ကားတစ်ကားပါ။ The Deep House မှာပါဝင်သရုပ်ဆောင်ထားတဲ့ Camille Rowe က Roxana Aubry အနေနဲ့သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားမှာ Roxy ကလမ်းပျောက်နေပြီး ငယ်ငယ်တည်းက ရေငုပ်လာခဲ့ပေမဲ့ ကြီးလာတော့ သူ့ရဲ့ Passion တွေက ပျောက်ဆုံးပြီး ဘာလုပ်ရကိုင်ရမလဲဝေဝါးနေချိန် ကမ္ဘာ့ချန်ပီယံ Pascal Gautier ရဲ့သင်တန်းကိုတွေ့ သွားပြီး သွားတက်မိလိုက်တာကနေဖြစ်ပေါ်လာတဲ့အချစ်တွေ လူ့သဘာဝတွေ လက်တွဲဖော်ကိုယုံကြည်မှုတွေအပြင် အဓိကအနေနဲ့ သူကျင်လည်ရာ အလွတ်တန်းရေငုပ်အားကစားအကြောင်းကို အသေးစိတ်ဖော်ပြထားပါတယ်။ဒါပေမဲ့ ဒီအားကစားကို စိတ်ဝင်စားတဲ့လူမှ ကြည့်သင့်တဲ့ဇာတ်ကားမဟုတ်ပဲ ပင်လယ်ပြင်ကိုနှစ်သက်သဘောကျတဲ့လူတွေပါကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါ။ ရင်သပ်ရှုမောဖို့ကောင်းတဲ့ရှုခင်းတွေနဲ့ ပါဝင်ထားတဲ့ဇာတ်လိုက် ဇာတ်ပို့တွေအကုန်လုံးကလည်း လိုလေသေးမရှိ သရုပ်ဆောင်ကောင်းမွန်ပြီး တစ်ကယ့်အဖြစ်အပျက်လား စိတ်ကူးယဥ်လားဆိုပြီး ဇာတ်လမ်းအဆုံးမှာ အတွေးတွေနဲ့ ချန်ခဲ့ပေးနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားပါ။ အခြားဇာတ်လမ်းတွေလို အချစ်အကြောင်းချည်းသက်သက် ...
movie

No Limit (2022)

2022
The Deep House (2021) 5.5
The Deep House (2021) ကိုစပ်စုစိန်နဲ့သူ့ရည်းစားတို့ဟာ ကြောက်ဖို့ကောင်းတဲ့နေရာ ထူးဆန်းတဲ့နေရာတွေကို နှစ်ယောက်သားအတူသွားစူးစမ်းကြပြီး ဗီဒီယိုတွေတင်နေကြတဲ့နှစ်ယာက်ပေါ့။သူတို့ရဲ့ဖော်လိုဝါးတွေအတွက်ဆွဲဆောင်မှုရှိကြောက်ဖို့ကောင်းပြီး ကြည့်ရှူသူများလာစေမဲ့အရာကို ဖန်တီးဖို့ စပ်စုစိန်တစ်ယောက်အကြံရသွားပါတယ်။ဒီလိုနဲ့ပဲ နှစ်ယောက်သားတိုင်ပင်ပြီး ဗြိတိန်ကနေပြင်သစ်အထိတကူးတကလာပြီး စပ်စုစိန်လုပ်ကြပါတော့တယ်။ဒီလိုနဲ့ပြင်သစ်အနောက်တောင်ပိုင်းလေးက ရေအောက်မြုပ်သွားတဲ့ မြို့ကလေး(သို့) ဖရက်စ်ရေကန်လေးကို နှစ်ယောက်သားသွားစပ်စုစိန်လုပ်ကြတဲ့အခါမှာတော့...လျှို့ဝှက်သည်းဖိုဇာတ်ကားတွေကိုကြိုက်တတ်တဲ့သူတွေအတွက် ဇာတ်ကားလေးတစ်ကားပါလို့ညွှန်းပါရစေ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Chit Tee ပါ ) File Size__...,800 MB Quality__1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:30:00 Type__Drama, Horror, Mystery, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Chit Tee Encoded by Naing Aung Latt
movie

The Deep House (2021)