Channel Myanmar

Candy Pangilinan

Adik Sa’Yo(2023) 6.7
Adik Sa’Yo(2023) Adik Sa'Yo(2023)*************** ‌လူတွေဟာ တစ်ခုခုကို စွဲလမ်းတတ်ကြတာ သဘာဝပါ၊ နေ့စဉ်ကြုံတွေ့ခံစားရတဲ့ လောကဓံပင်လယ်ရဲ့ကံကြမ္မာလှိုင်းလုံးကြားမှာ မြုပ်ချည်ပေါ်ချည် ရုန်းကန် ရှင်သန်ရင်း စိတ်ထွက်ပေါက် စိတ်သက်သာရာ ရှာတဲ့အခါ မတူညီတဲ့ရွေးချယ်မှုတွေအမျိုးမျိုးနဲ့ပေါ့ တစ်ချို့က ဂိမ်းကစားရင်း စိတ်ထွက်ပေါက်ရှာတယ် တစ်ချို့က လောင်းကစားတွေလုပ်ပြီး စိတ်ပျော်ရွှင်မှု ရှာကြတယ် တစ်ချို့ကအရက်ဘီယာသောက်စားပြီး စိတ်ကိုအပန်းဖြေ ထွက်ပေါက်ရှာကြတယ် ဒီဇာတ်ကားထဲမှာ ကောင်လေးက ငယ်ငယ်ထဲက အဖေက စွန့်ပစ်သွားတဲ့အချိန်အမေနဲ့ ကျန်ရစ်တဲ့ ညီလေးနဲ့အတူ ဘဝကိုရှင်သန်နေထိုင်လာခဲ့တယ် မိသားစုရဲ့ဝင်ငွေကိုရှာဖွေဖို့ အမေဖြစ်သူက ကြိုးစားရင်း မိသားစုဝင်အချင်းချင်း နားလည်မှုဖေးမမှုနဲ့ဝေးကွာလာတဲ့အချိန် ကောင်လေးက ကျောင်းမှာ သူငယ်ချင်းတစ်ချို့နဲ့ Band တစ်ခုမှာ ဂီတအဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့တယ် ,,,စိတ်ထွက်ပေါက်အတွက်ပဲဆိုဆို မြည်းစမ်းချင်လို့ပဲဆိုဆို အချိန်တစ်ခုရောက်တဲ့အချိန်မှာ ကောင်လေးဟာ ဆေးစသုံးကြည့်ပြီး တစ်ဖြည်းဖြည်း ဆေးစွဲတဲ့အထိ ဖြစ်လာခဲ့တယ် ...သူ့မှာ ငယ်စဉ်ထဲက အရင်းနှီးဆုံး သူငယ်ချင်းမလေး တစ်ယောက်ရှိတယ် ကောင်လေးအနားမှာ တစ်ကောက်ကောက်လိုက် သူလုပ်သမျှလိုက်ထိန်းရင်း ကောင်မလေးအတွက်တော့ကောင်လေးဟာ သူ့ဘဝမှာ မရှိမဖြစ် စွဲလမ်းချစ်ခင်နေရသူပါ ကောင်လေးရဲ့ မိသားစုနဲ့တိုင်ပင် ဆေးဖြတ်စခန်းကို ရောက်အောင်ပို့ပြီးလမ်းမှန်ပေါ်ပြန်ရောက်အောင် တွန်းတင်ပေးရင်းသူ့အချစ်ကိုပြခဲ့တယ် ...
movie

Adik Sa’Yo(2023)

Partners in Crime(2022) 6.5
Partners in Crime(2022) Genre - Comedy IMDB - 6.5/10 ဖိလစ်ပိုင်နိုင်ငံရဲ့နာမည်ကြီး ရုပ်သံတင်ဆက်သူဖြစ်တဲ့ Vice Ganda နဲ့အတူ မင်းသမီးချော Ivana တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဖိလစ်ပိုင် ပေါ့ပေါ့ပါးပါး ဟာသကားလေးပါ။ဇာတ်လမ်းအကျဉ်းအရ လွန်ခဲ့တဲ့ ၅ နှစ်တုန်းက ဖြစ်ရပ်လေးကို အရင်ပြောပြချင်ပါတယ်။ ဂျက်ဆိုတဲ့ မိန်းမလျှာလေးက လူပြက်လေးပေါ့ မြို့ထဲမှာ ပွဲပေါင်းစုံ အစီအစဉ်ပေါင်းစုံ လျှောက်လုပ်နေရာကနေ ရိုစ့်နဲ့ အမှတ်မထင် ဆုံမိပြီး ပါတနာတွေဖြစ် နှစ်ယောက်အတူတူတွဲလုပ် အောင်မြင်နေကြတာပေါ့။ ရိုစ့်ကလည်း တစ်ဖက်သတ် ကြိတ်ကြိုက်နေရရှာတာပါ ဟိုက မိန်းမလျှာဆိုတာ မရိပ်မိပဲပေါ့။ ဒီလိုနဲ့ နာမည်ကြီးရုပ်သံလိုင်းကနေ သူတို့နှစ်ယောက်ကို တင်ဆက်သူလုပ်ဖို့ ကမ်းလှမ်းပါတော့တယ်။ တကယ်တမ်းဖြစ်ချင်တော့ ရုပ်သံလိုင်းက ဂျက်ကိုပဲခေါ်ပြီး ရိုစ့်ကိုပစ်ထားတော့ ရိုစ့်တစ်ယောက်က ဂျက်ကို နာကျည်းချက်တွေနဲ့ မုန်းတီးခဲ့ရပါတော့တယ်။ ခုအချိန်ကို ရောက်လာတော့ ဂျက်က ဖန်အပြည့်နဲ့ နာမည်ကြီးတင်ဆက်သူ ဖြစ်နေခဲ့ပါပြီ ဒါပေမဲ့ ...
movie

Partners in Crime(2022)

Ang Pambansang Third Wheel (2018) 6.7
Ang Pambansang Third Wheel (2018) Ang Pambansang Third Wheel (2018)~ IMDb Rating - 6.7/10 ~ဒီတစ်ခေါက်မှာတော့ သူငယ်ချင်းအတွဲတွေကြား တစ်ကိုယ်တည်း၊ အထီးကျန်၊ ကြောင်တောင်တောင်၊ သနားစရာ၊ ရည်းစားမရှိ၊ အချစ်ရေးမှာကံမကောင်း ဖြစ်နေတဲ့ တတိယဘီးလေးတွေအတွက် ဖိလစ်ပိုင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည် Ang Pambansang Third Wheel (National Third Wheel) နဲ့အညီ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင် ထရီနာဟာ သူငယ်ချင်းအတွဲတွေကြား တစ်ကိုယ်တည်းသမားဖြစ်နေရသူပါ။ ရည်းစား ၃ ယောက်ထားခဲ့ဖူးပေမယ့် ဖောက်ပြန်ခံရလိုက်၊ စနှိုက်ကြော်ဇာတ် သွင်းခံရလိုက်နဲ့ အချစ်ရေးမှာ ကံဆိုးသူမောင်ရှင်ပေါ့။ အဲဒါတွေကြောင့် ဖူးစာဖက်ကိုထိုင်ပဲစောင့်နေတော့မယ်လို့ ဟစ်ကြွေးထားပါတယ်။ လုပ်ငန်းခွင်မှာလည်း အဆူခံထိနေကျ ကောင်မလေးပါပဲ။ဒီလိုနဲ့ တစ်ရက်မှာ သူ့ရုံးမှာ အလုပ်လာလျှောက်တဲ့ နီယိုဆိုတဲ့ အမျိုးသားတစ်ယောက်နဲ့ဆုံခဲ့ရပါတယ်။ နီယိုက ထရီနာရဲ့ ဖူးစာဖက်ဖြစ်နိုင်ပ့ါမလား၊ သူတို့နှစ်ယောက် ဘာတွေကျော်ဖြတ်ရဦးမှာလဲ၊ နီယိုက ထရီနာ့ကို တကယ်ချစ်ရဲ့လား၊ ...
movie

Ang Pambansang Third Wheel (2018)

2018
This Time (2016) 6.2
This Time (2016) ကလေးဘဝက နွေရာသီကျောင်းပိတ်ရက်တွေမှာ အလည်သွားရင်းတွေ့ရတဲ့ ငယ်ငယ်ကသူငယ်ချင်းတွေရှိခဲ့မယ်ဆိုရင် ဒီကားလေးကို ပိုသဘောကျမယ်ထင်ပါတယ်။ အခြား ရိုမန့်ရုပ်ရှင်တွေလိုပဲ ဒီရုပ်ရှင်က ငယ်သူငယ်ချင်းနှစ်ယောက် တစ်ယောက်ကိုတစ်​ယောက်စိတ်ဝင်စားမိတဲ့ ပုံစံအတိုင်းလာပါတယ်။ အရမ်းဒရမ်မာဆန်တဲ့ အလှည့်အပြောင်းသိပ်မရှိပဲ အေးအေးငြိမ့်ငြိမ့်လေးနဲ့ Narrative ပုံစံတစ်ခုနဲ့ ဆွဲခေါ်သွားမှာပါ Synopsis -ရုပ်ရှင်အဖွင့်မှာ ငယ်ငယ်တုံးက နှစ်ယောက်ကြားချစ်စရာအဖြစ်ပျက်ကလေးတစ်ခုနဲ့စဖွင့်ပါတယ်။ အေဗာမှာ ငယ်ငယ်ထဲကခုထိပေါင်းလာတဲ့ နွေရာသီပဲတွေ့ရတဲ့ကောင်လေးတစ်ယောက်ရှိတယ်။ သူ့နာမည်က ကိုဘီ -ကိုဘီကနွေရာသီမှာပဲ ဖိလစ်ပိုင်ကိုအလည်လာတယ် ကြာတော့ သူတို့နှစ်ယောက်ကြားမှာ ဘာခေါင်းစဥ်တပ်ရမလဲကို သူတို့ကိုယ်တိုင်လည်းမသိဘူးပေါ့။ နှစ်ယောက်ကိုတွေ့ဆုံစေတဲ့နွေရာသီဟာ ကြာတော့သူတို့နှစ်ယောက်အတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာပါတော့တယ် အရမ်းထူးခြားတဲ့ဇာတ်လမ်းဇာတ်ကွက်မပါပေမယ့် တစ်ပုဒ်တည်းသုံးထားတဲ့ဇာတ်ဝင်တေး၊ Narrative ဆန်တဲ့ဇာတ်ကြောင်းတင်ပြမှု၊ခေါင်းဆောင်မင်းသား James Reid နဲ့မင်းသမီး Nadine Lustre တို့သရုပ်ဆောင်ထားက Chemistry တော်တော်မိပါတယ်။ တခြားcast တွေက comedy ဖြစ်ပြီးကြည့် နေရင်းကို သရုပ်ဆောင်တွေနဲ့မျောပါနေမိတယ်။ ဇာတ်လမ်းအလှည့်အပြောင်းအထွေအထူး မမျှော်လင့်နေပဲ ဒီအတိုင်းအေးအေးငြိမ့်ငြိမ့်လေးကြည့်ချင်သူတွေ အတွက်ဆို ကြည့်ရအဆင်ပြေမယ့် ဇာတ်ကားတစ်ကားပါ   File Size -  1.2 gb Quality - web-dl 1080p Subtitle - burmese Translator - Dod Encoder - Thit San Khant
movie

This Time (2016)

2016
Once Before(2020) 6.7
Once Before(2020) Once Before(2020)ငယ်သူချင်းတွေဆိုတာ အကြောင်းသိချင်းတွေဆိုတော့ တော်ရုံချစ်သူဖြစ်ကြတာမဟုတ်ဘူး...သူတို့အမြင်မှာ သူငယ်ချင်းအဆင့်ထက်မပိုသလို အတွင်းရေးတွေလည်း ပွင့်ပွင့်လင်းလင်းတိုင်ပင်လေ့ရှိကြတယ်...ဒီလိုအချိန်မှာ ငယ်သံယော်ဇဉ်ကနေ အချစ်ကိုကူးပြောင်းမှန်းသိလိုက်ပေမဲ့ သူငယ်ချင်းလို့ပဲ ကိုယ့်ကိုမြင်နေတာကိုသိတော့ ဆန္ဒတွေကိုမြိုသိပ်ရင်းအနားမှာရှိနေပေးတတ်ကြတဲ့သူတွေကိုမြင်ဖူးကြမှာပါ...ပိုဆိုးတာက ကိုယ်ကချစ်နေပေမဲ့ သူငယ်ချင်းက တခြားသူနဲ့ရည်းစားဖြစ်သွားရင်ဘယ်လောက်ခံစားရမလဲဆိုတာ ပြောပြဖို့တောင်လိုမယ်မထင်ပါဘူး...ဒီကားထဲမှာလည်း သူငယ်ချင်း(၂)ယောက်ရှိတယ်..ကောင်လေးက သူငယ်ချင်းစည်းကိုကျော်ချင်ပေမဲ့ကောင်မလေးကတော့ တခြားသူနဲ့ မေတ္တာမျှသွားလေရဲ့.....ဒီကားက အပေါ်ကရေးထားတာ သိပ်မဆန်းပေမဲ့သူတို့(၃)ယောက် နောက်ပိုင်းဖြစ်တဲ့အဖြစ်အပျက်တွေကတော့ဆန်းကျယ်တယ်....ဘာတွေလဲဆိုတာကတော့ ခံစားကြည့်ကြပါနော်...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwe Zan Aung ပဲဖြစ်ပါတယ်...File Size : (850 MB) and (461MB) Quality : WEB-DL 720p Format…mp4 Duration…01:38:00 Genre :Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zwe Zan Aung Encoded by Phyo Pyae
movie

Once Before(2020)