Channel Myanmar

Carl Lumbly

Batman & Mr. Freeze: SubZero (1997) 7.1
Batman & Mr. Freeze: SubZero (1997) 1998 ခုနှစ်ကထွက်ရှိထားပြီး IMDB 7.1 နဲ့Rotten Tomatoes 92% ရရှိထားတဲ့ ဒီဇာတ်ကားမှာတော့ဘတ်မန်းရဲ့ အဓိကဗီလိန်တွေထဲကတစ်ယောက်ဖြစ်တဲ့မစ္စတာဖရိဇ် (Mr. Freeze) ဟာဒုစရိုက်မှုတစ်ခုထပ်လုပ်ဖို့ အကြောင်းဖန်လာတယ်။ဒါပေမဲ့ တခြားအကြောင်းကြောင့်မဟုတ်ဘဲသေခါနီးဖြစ်နေလို့ အအေးလွန်ဖန်ပေါင်းချောင်ထဲထည့်ထားရတဲ့သူ့ရဲ့မိန်းမဖြစ်သူ နိုရာဖရီးစ်ကို ကုသဖို့အစားထိုးအင်္ဂါလိုအပ်နေတာကြောင့်ပါပဲ။သူ့မိန်းမရဲ့ သွေးအမျိုးအစားက ရှားတဲ့အထဲပါသလိုသေပြီးသားအင်္ဂါအလှူရှင်လည်း မရှိတဲ့အခါမှာမစ္စတာဖရိဇ်ဟာ အသက်ရှင်နေတဲ့အလှူရှင်တွေကို အသုံးချဖို့လုပ်လာပါတယ်။အကိုက်ညီဆုံးအလှူရှင်ကို ရှာကြည့်တော့ ဘတ်မန်းကို Bat signal နဲ့အမြဲခေါ်နေတဲ့ရဲဖြစ်သူ ဂျိမ်းစ်ဂေါ်ဒွန်ရဲ့ သမီးဖြစ်ပြီး ရော်ဘင်ရဲ့ရည်းစားဖြစ်သူဘားဘရာဂေါ်ဒွန်ဖြစ်နေတဲ့အချိန်မှာ... File size…    1.9 GB /  842 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 10m Genre ..... Action/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie

Batman & Mr. Freeze: SubZero (1997)

I’m Charlie Walker (2022) 4.2
I’m Charlie Walker (2022) I'm Charlie Walker(2022) ဖြစ်ရပ်မှန် ဇာတ်လမ်း ဖြစ်တဲ့ ဒီ ဇာတ်လမ်းကတော့ စီးပွားရေး စွန့်ဦးတီထွင်မယ့် လူငယ်‌‌ တွေ ကြည့်သင့်တဲ့ Motivation ရမယ့် drama ဇာတ်ကားကောင်း ဖြစ်ပါတယ်၁၉၇၁ လူမျိုးရေး တင်းမာမှု လူမျိုးရေး ခွဲခြားမှုတွေ ကြားမှာ ချာလီ ဝေါ်ကာ လို့ ခေါ်တဲ့ လူမည်း အမျိုးသား ကုန်တင်ကားသမားလေးက ရလာတယ့် အခွင့်အရေးကို သုံးပြီး ဘယ်လို လျမ်းသာ အောင် တက်လှမ်းသွားမလဲ အသားအရောင် ခွဲခြားမှုကြောင့် ဘယ်လို အခက်အခဲ ပြဿနာ တွေ ကြုံရမလဲ ရှုပ်ထွေးလွန်းတဲ့ ရေနံသူဋ္ဌေး တွေ ရဲ့ စီးပွားရေးလှည့်ကွက် တွေ နောက်ကျော ဓါးထိုးမှုတွေကို ချာလီ ဘယ်လို ရင်ဆိုင် ဖြေရှင်းသွားမလဲစီးပွားရေး လုပ်တဲ့ နေရာ မှာ သူများတကာ ထက် ဘယ်လို ...
movie

I’m Charlie Walker (2022)

Escape From Alcatraz (1979) 7.6
Escape From Alcatraz (1979) Escape from Alcatraz (1979)~ IMDb- 7.6/10, RT - 96%, Meta - 76%အပြင်လောကမှာလူမိုက်တွေက "ထောင်အပြင်မှာ တန်းမရှိဘူးကွ"လို့ ကြွေးကြော်ရင်း မိုက်ဂုဏ်ပြလေ့ရှိပါတယ်။ ဟုတ်ကဲ့၊ ထောင်အပြင်မှာသာတန်းမရှိတာပါ။ ထောင်ထဲမှာတော့ တန်းလည်းရှိတယ်၊ တိုက်လည်းရှိတယ်၊ မိုက်ပေ့ဆိုတဲ့ငနဲတွေအထဲရောက်လာရင် ဦးကျိုးသွားအောင်ချိုးပြမယ့်သူတွေကလည်းအသင့်စောင့်နေတာပါ။ ဆရာကျော်မြသန်းတို့၊ ဆရာရန်အောင်မောင်မောင်တို့ရဲ့ဝတ္ထုတွေကိုဖတ်ရင်း ထောင်လောကအကြောင်း မြည်းစမ်းကြည့်ဖူးသူတွေအတွက်တော့ အခုတင်ပြမယ့်ဇာတ်ကားဟာ စွဲမက်ဖွယ်ရသအပြည့်ပေးပါလိမ့်မယ်။ ထောင်ဆိုတာဘာလဲ မသိသေးသူတွေအတွက်လည်း မြည်းစမ်းကြည့်သင့်ပါတယ်။အလ်ကာထရက်ဇ်ဆိုတာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုပင်လယ်အော်နားက ကျောက်ဆောင်တွေပြည့်နေတဲ့ကျွန်းတစ်ခုပါ။ အစက စပိန်တွေပိုင်ခဲ့တယ်၊ သူ့နာမည်ကိုက ငှက်ကြီးဝန်ပိုကျွန်းလို့ စပိန်လိုခေါ်ရာကနေအမည်တွင်လာတာပါ။ အမေရိကန်ပိုင်ကျွန်းတစ်ခုဖြစ်လာပြီးတဲ့နောက် ၁၈၆၁ခုနှစ်မှာ အဲဒီကျွန်းကို စစ်ပြေးတွေ၊ သူပုန်တွေကိုအကျဉ်းချတဲ့နေရာအဖြစ်စအသုံးပြုခဲ့ပါတယ်။ ၁၉၃၄မှာတော့ ခေတ်မီအဆောက်အဦတွေနဲ့အတူ တစ်နိုင်ငံလုံးမှာ လုံခြုံရေးအတင်းကျပ်ဆုံးထောင်အဖြစ်နဲ့စတင်ခဲ့ပါတယ်။ အလ်ကာထရက်ဇ်ကို အဆိုးဆုံး၊ အကြမ်းဆုံးရာဇဝတ်ကောင်တွေထားတယ်ဆိုတာထက် စည်းကမ်းအဖောက်ဆုံးထောင်သားတွေပို့လေ့ရှိတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ သူတို့ကို တစ်ယောက်တစ်ခန်းစီခွဲပြီးချုပ်ထားတယ်။ အဲဒီနေရတဲ့အခန်းကလည်း အလျားဆယ်ပေ၊ အနံလေးပေခွဲသာကျယ်ပါသတဲ့။ တစ်နေ့ကို ...
movie

Escape From Alcatraz (1979)

1979
Doctor Sleep (2019) 7.5
Doctor Sleep (2019) IMDb 7.6 အထိရထားတဲ့ ဟော်ရာကားပါ။ 1980 မှာထွက်ခဲ့ပြီး IMDb 8.4 အထိ ရှိခဲတဲ၊့ အကောင်းဆုံးဟော်ရာကားတွေထဲက တစ်ကားဖြစ်တဲ့ The Shining ရုပ်ရှင်ရဲ့ အဆက်ပါပဲ။ ဒီရုပ်ရှင် ၂ ခုလုံးကိုတော့ ဟော်ရာဝတ္ထုတွေအရေးများတဲ့ စာရေးဆရာကြီးStephen King ကပဲ ရေးသားခဲ့တာပါပဲ။ မူလရုပ်ရှင် ရှိုင်းနင်းကို ကြည့်ဖူးမှအပြည့်အစုံနားလည်နိုင်မှာပါ။ မကြည့်ဖူးရင်တော့ အချို့အခန်းလေးတွေ နားမလည်တာ ဖြစ်နိုင်ပါတယ်။ ရှိုင်းနင်းကတော့ တစိမ့်စိမ့်တွေးကြောက်စရာတွေ၊ ဖုန်းဆိုးမြေတွေ၊ ကလေးငယ်တွေနဲ့ ပတ်သတ်တဲ့ ဟော်ရာတွေနဲ့ ဖန်တီးထားခဲ့တာဖြစ်ပြီး။ ဒီရုပ်ရှင်ကတော့ ပိုပြီးမှော်ဆန်တဲ့ စွမ်းအင်တွေနဲ့ အက်ရှင်နည်းနည်းဆန်ဆန် ဖန်တီးထားတာပါ။ ဇာတ်လမ်းအကျဉ်းကိုတော့ ရှိုင်းနင်းကပဲ စကောက်ရပါလိမ့်မယ်။ အမေရိကန် လူနီတွေကို မြေမြှပ်သင်္ဂြိုလ်ရာ သင်္ချိုင်းမြေပေါ်မှာ အိုဗာလွတ်ခ် ဆိုတဲ့ လူမနေတော့တဲ့ ဟိုတယ်ကြီးတစ်ခုရှိပါတယ်။ အဲဒီဟိုတယ်ကြီးမှာ အစောင့်အဖြစ်နေရင်း စာရေးဖို့ရောက်လာတဲ့ စာရေးဆရာမိသားစုကတော့ ဂျက်၊ ဝင်ဒီ နဲ့ သားဖြစ်သူ ဒန်နီတို့ပါပဲ။ အဲဒီဟိုတယ်ကြီးရဲ့ အရင်အစောင့်ဖြစ်သူကတော့ သူ့မိသားစုတစ်ခုလုံးကို ပြန်သတ်ပြီး ...
movie

Doctor Sleep (2019)

2019
HEVC 1080p 5.1