Channel Myanmar

Carla Fox

Don’t Say Its Name (2021) 5.2
Don’t Say Its Name (2021) Horror ကားမှဆိုသူ‌တွေအတွက် ကနေဒါ Horror လေးတစ်ကားမိတ်ဆက်ပေးချင်ပါတယ်။ကနေဒါရဲ့မြို့ငယ်လေးတစ်မြို့မှာ ဆိုးရွားတဲ့ကားအက်စီးဒင့်တစ်ခုဖြစ်ခဲ့ပါတယ်၊ အက်ဆီးဒင့်ဆိုပေမဲ့ ကြိုတင်ကြံစည်မှုပုံစံမျိုးဖြစ်နေတော့ ဒေသရဲမှူးနဲ့ ရဲတွေက လိုက်စုံစမ်းရတော့ပါတယ်။ဒီလို ကားအက်ဆီးဒင့်ဖြစ်ပြီးမကြာခင်မှာပဲ မြို့ငယ်လေးထဲမှာ ထူးဆန်းတဲ့လူသေမှုတွေပေါ်လာပါတော့တယ်၊ သတ်တဲ့သူကိုမမြင်ရပဲ သေသေသွားတဲ့ လူသတ်မှုတွေဆက်တိုက်ဆိုသလိုဖြစ်နေ‌တော့ ရဲမှူးတို့ခေါင်းခဲရပါပြီ။မကျွတ်လွတ်သေးတဲ့ ဝိဉာဉ်ကြောင့်လို့လည်း လူပြောများလာပြီး ဖြစ်ရပ်တွေကလည်းတကယ်ပဲ ယုံလိုက်ချင်စရာကောင်းနေပါပြီ။ဒါကိုပဲ ရဲမှူးနဲ့ သူ့သူငယ်ချင်းတို့က မမြင်ရတဲ့ရန်သူကို ရှာဖွေရင်း အမှုလိုက်ကြရမှာဖြစ်လို့ ဘယ်ချိန်ထွက်မလာမလဲကတော့ ရင်တထိတ်ထိတ်ပါပဲ။ဇာတ်လမ်းအစကနေအဆုံးထိအချိတ်အဆက်ကောင်းတဲ့ဇာတ်ကားတစ်ကားပါ၊ ဇာတ်ကောင်တစ်ယောက်ချင်းဆီကိုလည်း အရေးပါအောင်အသက်သွင်းထားသေးပါတယ်။သရဲကရော ဘယ်လိုမျိုးလဲ၊ ဘာဖြစ်လို့ သူ့နာမည်ကိုမခေါ်နဲ့ဆိုပြီးနာမည်ပေးထားတာလဲကတော့ ကြောက်ကြောက်နဲ့ပဲအဖြေရှာလိုက်ကြပါဦး။ File size…(1.4 GB) / (800 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:24:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Murphy
movie

Don’t Say Its Name (2021)