Channel Myanmar

Carlos Jorge Guerrero

Dolphin Tale (2011) 6.8
Dolphin Tale (2011) Dolphin Tale (2011) =============== IMDb Rating - 6.8/10CM ပရိတ်သတ်ကြီးတို့ရေ။ ငယ်ငယ်က TV မှာလွှင့်ဖူးတဲ့ Dolphin Tale ဆိုတဲ့ ကလေးဘဝရုပ်ရှင်လေးကိုမှတ်မိကြပါသလား။ အမြီးဖြတ်ပစ်လိုက် ရတဲ့ လင်းပိုင်လေးဝင်းတားနဲ့ သူ့ကိုကယ်ပေးခဲ့တဲ့ ဆော်ရာဆိုတဲ့ကောင်လေး တစ်ယောက်အကြောင်းပေါ့။ ပရိတ်သတ်ကြီးတို့ထဲမှာ ကြည့်ဖူးတဲ့သူရှိရင်ဖြင့် လင်းပိုင်လေးဝင်းတားဟာ အပြင်မှာ တကယ်ရှိခဲ့တယ်ဆိုတာရော သိပါသ လား။ ဟုတ်ပါတယ် ဝင်းတားလေးဟာ တကယ်ရှိခဲ့ဖူးပြီး သူဟာ မသန်စွမ်း ကလေးငယ်တွေအတွက် ဘဝကိုအရှုံးမပေးဖို့ တကယ်ကို ခွန်အားဖြစ်စေတဲ့ လင်းပိုင်လေးတစ်ကောင်ပါ။ဝင်းတားလေးဟာ Clearwater Marine Aquarium ကို ဒဏ်ရာများစွာနဲ့ရောက် လာပြီး အမြီးပိုင်းသွေးမလျှောက်တော့တာကြောင့် အမြီးဖြတ်ပစ်လိုက်ရပါတယ်။ လင်းပိုင်တစ်ကောင်အတွက် ရေကူးစရာအမြီးမပါတော့တာဟာ လူတစ်ယောက် ခြေထောက်မပါတော့တာနဲ့အတူတူပါပဲ။ ဒါပေမဲ့ ဝင်းတားဟာ အရှုံးမပေးဘဲ အသက် 16နှစ်ထိ အသက်ရှင်နေထိုင်သွားခဲ့ပါတယ်။ သူ့ရဲ့ Bottlenose Dolphin မျိုးစိတ် သက်တမ်းဟာ နှစ်40ကနေ60ထိ ရှိတာပါ။ ဒါပေမဲ့ အမြီးမရှိတော့တဲ့လင်းပိုင်တစ် ကောင်အတွက်တော့ 16နှစ်ထိ‌နေသွားနိုင်ဆိုတာ တကယ်အံ့ဩဖို့ကောင်းပါတယ်။ ဒါ့အပြင် Dolphin Tale 1,2မှာ ပါဝင်တဲ့လင်းပိုင်လေးဟာ တကယ့်အပြင်ကဝင်းတား အစစ်ဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ ...
movie

Dolphin Tale (2011)

2011
Her Affair to Die For (2023) 5.5
Her Affair to Die For (2023)  ဒီလောကထဲမှာ ယောက်ျားတွေအများကြီးရှိနေတာတောင်သူများယောက်ျား သူများရည်းစားကိုမှလိုချင်နေတဲ့ မိန်းကလေးတွေအများကြီးရှိပါတယ်။အဲ့ဒီလိုနဲ့ ပျက်စီးသွားခဲ့ရတဲ့အိမ်ထောင်ရေးတွေသမီးရည်းစားဆက်ဆံရေးတွေမှမနည်းပါဘူး။ဒီကားမှာလဲအဲ့လိုအဖြစ်အပျက်တွေကိုပေါ်လွင်အောင်ရိုက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ခရစ္စတီးနားဆိုတဲ့ကောလိပ်ကျောင်းသူလေးကလစ်ဇ်နဲ့ နိုအာတို့ရဲ့ သမီးဖြစ်သူဖြစ်ပြီးတော့ အခုအချိန်မှာ ကောလိပ်တက်ဖို့တိုက်ခန်းအတူငှားဖို့အတွက်အခန်းဖော်လိုက်ရှာနေတာဖြစ်ပါတယ်။အဖေဖြစ်သူနဲ့အမေဖြစ်သူကလဲသူ့အလုပ်နဲ့သူများနေကြတဲ့ လူတွေဖြစ်ပြီးသိပ်နွေးနွေးထွေးထွေးမရှိလှပေမဲ့ မိသားစုလေးကပျော်စရာတော့ကောင်းပါတယ်။ဒီလိုနဲ့ခရစ္စတီးနား တစ်ယောက်အခန်းဖော်လိုက်ရှာရင်းနဲ့ အလစ်ဆာဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့အဆင်ပြေသွားပြီး တိုက်ခန်းအတူတူငှားနေဖြစ်ခဲ့ပါတော့တယ်။ဒါပေမယ့် အဲ့ဒီအလစ်ဆာက သူတို့မိသားစုကိုဖြိုခွဲမဲ့ သူတစ်ယောက်ဖြစ်နေတာကိုခရစ္စတီးနားမသိလိုက်ပါဘူး။ဒီလိုနဲ့ အလစ်ဆာကသူ့အဖေဖြစ်သူနိုအာကို တဖြည်းဖြည်းနဲ့ပစ်မှတ်ထားပြီးသူနဲ့ အတူတူအိပ်အောင်ဆွဲဆောင်ပြီးသွားတဲ့နောက်မှာ သူတို့မိသားစုမှာဘယ်လိုပြဿနာတွေဖြစ်လာမလဲဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.57GB / 589MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 22m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Her Affair to Die For (2023)