Channel Myanmar

Carlos S. Sanchez

A Million Miles Away (2023) 7.6
A Million Miles Away (2023)  ဘဝမှာဖြစ်ချင်တဲ့ အိပ်မက်တွေပန်းတိုင်တွေဆိုတာကလူတိုင်းမှာရှိကြမှာပါ။အဲ့ဒီအရာတွေကို အကောင်အထည်ဖော်ဖို့ကလည်း နည်းမှန်လမ်းမှန်နဲ့ မဆုတ်နစ်သောဇွဲနဲ့ကြိုးစားမှဖြစ်နိုင်မှာပါ။အဲ့ဒီအပြင်ကိုမှ ကိုယ်သာကြိုးစားရင် မဖြစ်နိုင်တဲ့အရာဆိုတာ မရှိပါဘူးဆိုတာကိုA Million Miles Away ဆိုတဲ့ဖြစ်ရပ်မှန် ဇာတ်ကားလေးနဲ့ဖော်ကျူးထားတာကိုကြည့်ရမှာပါ။ ဟိုဆေးဟာနန်ဒက်ဇ်ဆိုတဲ့ ကောင်လေးတစ်ယောက်က သူ့ရဲ့မိသားစုနဲ့အတူပိုကောင်းတဲ့ ဘဝကိုပိုင်ဆိုင်ရဖို့အတွက် မက္ကဆီကိုကနေကယ်လီဖိုးနီးယားကိုပြောင်းရွှေ့ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာ သူတို့လိုတိုင်းတစ်ပါးကပြောင်းရွှေ့လာကြသူတွေဖြစ်တဲ့ ယောက်ျားမိန်းမ လူကြီးလူငယ်ကလေး ဘယ်သူမဆို လယ်အလုပ်ကိုပဲလုပ်ကိုင်ကြရပါတယ်။ဒါပေမယ့် ဟိုဆေးကအရမ်းဉာဏ်ကောင်းတဲ့ ကလေးဖြစ်တဲ့အတွက်ကျောင်းတစ်ဖက်နဲ့ လယ်အလုပ်တစ်ဖက်ဆိုရင် ပညာရေးကိုထိခိုက်စေမှာ ဖြစ်ကြောင်းဆရာမကပြောတဲ့အခါ သူ့မိဘတွေကသူတို့ရဲ့ အိမ်ဆောက်ချင်တဲ့ အိပ်မက်လေးကိုစတေးပြီး ဟိုဆေးရဲ့ပညာရေးကိုအပြည့်အဝထောက်ပံ့ပေးခဲ့ပါတယ်။ဟိုဆေးမှာငယ်ငယ်လေးကတည်းက ဖြစ်ချင်နေခဲ့တဲ့ အိပ်မက်တစ်ခုရှိပြီး အဲ့ဒါကတော့ အာကာသယာဉ်မှူးဖြစ်ပြီး အာကာသထဲကိုသွားချင်တာပဲဖြစ်ပါတယ်။ဒီလိုနဲ့ ဟိုဆေးအရွယ်ရောက်တဲ့အခါမှာအင်ဂျင်နီယာတစ်ယောက်ဖြစ်လာပြီး အိမ်ထောင်တွေကျပြီးသားသမီးတွေနဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ခဲ့ပါတယ်။ဒါပေမယ့် သူ့အိပ်မက်ဖြစ်တဲ့အာကာသယာဉ်မှူးဖြစ်ဖို့ကလည်း အခုထက်ထိမပျောက်ကွယ်သွားပဲနဲ့ နှစ်စဉ်လျှောက်လွှာတင်နေခဲ့ပါတယ်။ ဒါပေမယ့် NASA ဆိုတာဝင်ရောက်ဖို့ အရမ်းခက်ခဲတဲ့နေရာတစ်ခုဖြစ်တဲ့အတွက် နှစ်စဉ်ပယ်ချခံနေခဲ့ရပြီးဟိုဆေးတစ်ယောက် မိသားစုကိစ္စတွေ အခက်အခဲတွေကြားက ဘယ်လိုစတေးမှုတွေလုပ်ရင်းသူ့ရဲ့အိပ်မက်ပန်းတိုင်ကို ဘယ်လိုလျှောက်လှမ်းသွားမယ်ဆိုတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ File size…2.38 GB / 1.03 GB Quality…AMZN.WEB-DL 1080p 5.1 CH/ ...
movie

A Million Miles Away (2023)

Flamin’ Hot (2023) 6.9
Flamin’ Hot (2023) Flamin' Hot (2023)Imdb - 6.9 Rotten Tomatoes - 69 %မက္ကဆီကန် Forrest Gump လို့ ပြောရလောက်တဲ့ Hot Cheeto မုန့်တွေရဲ့ ဖခင်ကြီး ရစ်ချတ်ဒ် မွန်တာညက်ဇ် အကြောင်းကို Disney လက်အောက်ခံ Searchlight Pictures စတူဒီယိုက အတ္ထုပ္ပတ္တိ ရုပ်ရှင်လေး ရိုက်ကူးပေးလိုက်ပါတယ်။ Rating တွေကလည်း အားရစရာပါပဲ။ဇာတ်လမ်းကျောရိုးကတော့ လူမျိုးရေးခွဲခြားမှုတွေ အင်မတန်များတဲ့ အမေရိကန်ပြည်ကြီးအလယ် ရွှေ့ပြောင်းမက္ကဆီကန်တွေရဲ့ ဘဝကို ထင်ဟပ်ဖော်ပြထားတာပါ။ တစ်ကားလုံး Twist အပြည့်နဲ့ဖြစ်ပြီး အပြောမတတ်ရင် spoil မိသွားနိုင်တာမို့ ထွေထွေထူးထူး မ‌ရေးတော့ပါဘူး။Comedy, Drama အမျိုးအစားဖြစ်ပြီး ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့အပြင် စိတ်ဓာတ်မြှင့်တင်ရေး ရုပ်ရှင်မျိုးဖြစ်တာကြောင့် ကိုယ့်ဆရာတို့ ဘဝမယ် လမ်းပျောက်နေသလို ခံစားမိရင် ကြည့်သင့်တဲ့ရုပ်ရှင်လေးပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hugo ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama Quality…. 1080p | ...
movie

Flamin’ Hot (2023)

2023