Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Carlos Scholz
Awareness (2023)
လူတိုင်းသိကြတဲ့ Money Heist ထဲမှာ Berlin အနေနဲ့နာမည်ကြီးခဲ့ပြီး၊ Berlin ဇာတ်ကောင်နဲ့ပဲ spin-off series ထပ််ထွက်ဦးမယ့် စပိန်မင်းသားကြီး Pedro Alonso ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားသစ်လေးတစ်ကားကိုတင်ဆက်ပေးပါရစေ။Ian ဆိုတဲ့ကောင်လေးဟာ လူတွေကိုမရှိတဲ့အရာတွေကို မြင်အောင်လုပ်နိုင်တဲ့ ထူးဆန်းတဲ့စိတ်စွမ်းအားကိုပိုင်ဆိုင်ထားတဲ့လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုကြီးမားတဲ့စွမ်းအားရှိပါလျက်နဲ့ Ianဟာ သူ့အဖေအုပ်ထိန်းမှုအောက်မှာ သားအဖ ၂ယောက်အတူ မြို့အစွန်အဖျားလေးမှာပုန်းလျှိုးကွယ်လျှိုးနေထိုင်ရင်း အသေးစားဓားပြမှုလေးတွေကျူးလွန်ပြီးအသက်မွေးနေရရှာတယ်။သူ့ကို သူ့အဖေတစ်ယောက် ဘာကြောင့်များ လူ့အဖွဲ့အစည်းရဲ့အဝေးမှာ ဒီလိုစုတ်ချာပြီးအထီးကျန်တဲ့ဘဝမျိုးနဲ့နေခိုင်းသလဲဆိုတာကိုတော့ သူနားမလည်ခဲ့ဘူး။သူ့အဖေကတော့ သူ့ကိုလာဖမ်းပြီး ဓာတ်ခွဲခန်းထဲမှာ စမ်းသပ်မှုတွေလုပ်ချင်နေတဲ့သူတွေရှိတယ်ဆိုတာကိုပဲ အမြဲသတိပေးနေခဲ့တယ်။ မထင်မှတ်တဲ့အမှားတစ်ခုကြောင့် တစ်နေ့မှာ သူ့ အဖေစိုးရိမ်ခဲ့တဲ့အရာတွေတကယ်ဖြစ်လာခဲ့တဲ့အခါမှာတော့ Ian တစ်ယောက် အခက်အခဲများစွာရင်ဆိုင်လာရပါတော့တယ်။Ianတစ်ယောက် သူကိုယ်တိုင်တောင်နားမလည်တဲ့အရှုပ်တွေရဲ့ အလယ်ဗဟိုချက်ဖြစ်လာရပါတော့တယ်။ ထိုအရှုပ်တွေကြားမှာရော သူလိုက်ရှာနေတဲ့အဖြေတွေကိုရှာတွေ့နိုင်မှာလား။ သူ့ကိုယ်သူနဲ့ပတ်သက်ပြီးရော ဘယ်လိုအမှန်တရားတွေကိုတွေ့ရှိလာရမလဲ။ သူ့ရဲ့စွမ်းအားတွေကရော ဘယ်လိုဖြစ်တည်လာခဲ့သလဲဆိုတဲ့အဖြေများကိုဘယ်လိုရှာဖွေမလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…(1.6 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre...Mystery, Sci-fi. Thriller Subtitle….Myanmar ...
movie
Awareness (2023)