Channel Myanmar

Carmen Tănase

Love at first bite (aka) Dragoste Pe Muchie De Cutit (2023) 5.2
Love at first bite (aka) Dragoste Pe Muchie De Cutit (2023)  ပိုလန်တာဟင်းဆိုတာက ​ပြောင်းဂျုံကို ထောပတ် ချိစ်စတာတွေနဲ့ရောချက်ရပြီး ကြက်ဥနှစ်လိုအရောင် ပြောင်းဖူးလိုအရသာမျိုးရှိတဲ့ အီတလီအစားအစာတစ်မျိုးပါ။ ဒီရိုမေးနီယားဇာတ်ကားထဲမှာတော့ ပိုလန်တာကို ဝက်ဝံရုပ်မိုနဲ့ ပုံဖော်ပြီးတည်ခင်းတာမို့လို့ ဝက်ဝံပိုလန်တာအချိုပွဲလို့ခေါ်ပါတယ် ။ တစ်ကားလုံးက ဒီပိုလန်တာအစားအစာကိုဇာတ်အိမ်တည်ထားတာပါ ။တစ်မြို့လုံးရဲ့အထင်ကရ အတော်ဆုံးစားဖိုမှူးဖြစ်တဲ့ အဖွားအိုမာသာမာရာမှာ ဒူကူဆိုတဲ့မြေးတစ်ယောက်ရှိတယ်။ ဒူကူက ငယ်ဘဝမှာ မိသားစုရဲ့ပြိုင်ဘက်စားဖိုမှူးကက်ပါကိုမိသားစုကမြေးမလေးမာရီနာကို ချစ်ကျွမ်းဝင်ခဲ့တယ်။ ဒါပေမဲ့ မိသားစုရန်ငြှိုးကြောင့် ဒူကူက မာရီနာကိုလက်လွှတ်ခဲ့ရပါတယ် ။ ဒါပေမဲ့ မာသာမာရာက ​မြေးဒူကူရဲ့ခံစားချက်ကိုဂရုမစိုက်ခဲ့ပါဘူး ။ ဒါကြောင့်ပဲဒူကူက ပိုပြီးနာကျည်းလာရင်း မာသာမာရာနဲ့ဆန့်ကျင်ဘက်တွေလုပ်ခဲ့တယ် ။ ဆယ်စုနှစ် နှစ်ခုစာကြာခဲ့ပြီး ဒူကူကအချစ်ဦးမာရီနာနဲ့အမှတ်မထင် ပြန်ဆုံတွေ့လာတဲ့အခါမှာတော့... File size…(1.4 GB)/(760 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra
movie

Love at first bite (aka) Dragoste Pe Muchie De Cutit (2023)

Snow, Tea and Love (2021) 5.8
Snow, Tea and Love (2021) Snow, Tea and Love (2021) =================== IMDb Rating - 5.8/10Snow..Tea and Love ဆိုတော့ ဖတ်ကြည့်လိုက်ရင် ဘာမှ ဆက်စပ်လို့ မရပါဘူး၊ မရဆို လူနာမည်တွေဖြစ်နေတာကိုး။ Snow..နဲ့ Tea တို့က ပြစ် မှုနဲ့ ထောင်ကျပြီး ထောင်ထဲမှာ ဘော်ဒါတွေဖြစ်နေကြပါတယ်။ Love က တော့ Tea ရဲ့ ဘော်ဒါဖြစ်ပြီး Tea ထောင်မကျခင်တုန်းက အိန္ဒိယမာဖီးယား တစ်ယောက်ဆီမှာ အတူတူအလုပ်လုပ်ကြပါတယ်။ တစ်ရက်မှာ မားဖီးယား ဘော့စ်က အလုပ်ခိုင်းဖို့ ရှိလာတော့ Love တစ်ယောက် Tea ကို ထောင်ထဲ ကထုတ်ဖို့လုပ်ရတော့တာပေါ့။ ဒီလိုနဲ့ ထောင်ဖောက်ဖို့ အစီအစဉ်တွေပြော နေတုန်းမှာပဲ တလွဲတွေဖြစ်ပြီး Tea ကိုထောင်ထဲကထုတ်ဖို့ Love ပါ ထောင် ထဲလိုက်ဝင်ရပါတော့တယ်။Snow.Tea နဲ့ Love တို့ သုံးယောက်သား ထောင်ဖောက်ဖို့ လုပ်ရာမှာဘာတွေ ဘယ်လို တလွဲတွေဖြစ်ကြဦးမလဲ၊ ထောင်ကထွက်လာပြီး လုပ်ရမယ့်ကိစ္စမှာ လည်း ဘယ်လိုတွေ ...
movie

Snow, Tea and Love (2021)

2021
Ramon (2023) 7
Ramon (2023) Ramon (2023)~ IMDb rating - 7/10 ~ရိုမေးနီးယားထုတ် ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး ရုပ်ရှင်ခေါင်းစဉ်အတိုင်း ရာမွန်ဆိုတဲ့ သူကို ဇာတ်အိမ်တည်ပြီး​တော့ ရိုက်ကူးထားတာပါ။ရာမွန်ဆိုတာကတော့ ရိုးသားကြိုးစားလှတဲ့ တောသားလေးပေါ့။ သူဟာ ငယ်ငယ်ကတည်းက အရမ်းကိုစိတ်ကောင်းရှိပြီး သူများတွေကို ကူညီတတ်တဲ့သူမျိုးပါ။ ဒါပေမဲ့ "စေတနာကနေ ဝေဒနာ" ဆိုသလို သူကတော့ ကူညီပေးလိုက်ပေမဲ့ သူများတွေအတွက်တော့ ဒုက္ခပေးသလို ဖြစ်ဖြစ်သွားတတ်ပါတယ်။ ဒီလိုနဲ့ပဲ တစ်နေ့တော့ သူဟာသူ့ ဖူးစာရှင်ကိုပိုးပန်းဖို့အတွက် ဘူခါရက်စ်ကို ရှာပုံတော် ထွက်သွားပါတော့တယ်။ဘူခါရက်စ်မှာ ရာမွန်တစ်ယောက် ဘယ်လိုဒုက္ခမျိုးစုံနဲ့ ကြုံတွေ့ရဦးမလဲ၊ ဘယ်သူတွေကို ကူညီသွားဦးမှာလဲဆိုတာကို ရယ်မောဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ IMDB မှာ 7/10 အထိရရှိထားပြီးတော့ ဇာတ်လမ်းကလည်း အရမ်းကြီး Serious မဖြစ်သလို အရမ်းလည်းပေါတောနေတာ မဟုတ်တဲ့အတွက် စိတ်အပန်းဖြေချင်သူများအတွက် အသင့်တော်ဆုံးဇာတ်ကားပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်)Size - ...
movie

Ramon (2023)

2023