Channel Myanmar

Caroline Midimo

Chaguo (2022)
Chaguo (2022) ဝန်ဒိုနဲ့မူဂယ်နီတို့ဟာ အာဖရိကန်နိုင်ငံတစ်နိုင်ငံကလွတ်လပ်ရေးရပြီးကတည်းက သမိုင်းစဉ်ဆက် အားပြိုင်နေတဲ့မတူညီတဲ့မိသားစုနှစ်စုက ချစ်သူတွေဖြစ်ပါတယ်။ ဝန်ဒိုဟာ ရှေးရိုးစွဲ လူမျိုးစွဲတွေကို ဆန့်ကျင်ပြီး ဇာတိမြေကောင်းစားရေးအတွက်ကြိုးပမ်းနေတဲ့ အမတ်လောင်းအတွက် မဲဆွယ်စည်းရုံးရေးမှာ ပါဝင်ကူညီနေတာဖြစ်ပါတယ်။ လူမျိူးစွဲ ပါတီစွဲများကြောင့် ဝန်ဒိုရဲ့အလုပ်ဟာသူတို့ချစ်သူနှစ်ဦးရဲ့ရှေ့ဆက်မယ့်လမ်းမှာ အဟန့်အတားဖြစ်လာပါတော့တယ်။ ဒီဇာတ်လမ်းမှာတော့ ချစ်သူနှစ်ဦးရဲ့ချစ်ခရီးလမ်းမှာ နှောင့်ယှက်လာတဲ့နိုင်ငံရေး လူမျိုးရေးအရှုပ်တော်ပုံကို ဖြေရှင်းကြပုံ၊ နိုင်ငံရေးသမားများ အကျင့်ပျက်ချစားမှု လူမျိုးစွဲမှုတို့ကြောင့် ပြည်သူများနစ်နာရပုံ၊ မဲအနိုင်ရဖို့အတွက် ဘာမဆိုလုပ်ကြမယ့်နိုင်ငံရေးသမားတို့ရဲ့လောဘကို ပေါ်လွင်အောင်ရိုက်ကူးပြထားပါတယ်။ File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:40:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie

Chaguo (2022)