Channel Myanmar

Caroline Raynaud

La Vie en Rose (2007) 7.6
La Vie en Rose (2007) La Vie En Rose ဆိုတဲ့ ဇာတ်လမ်းလေးကတော့ ပြင်သစ်အဆိုတော် အီဒစ်ပီအပ်ဖ်ရဲ့ဘဝဇာတ်ကြောင်းကို တင်ဆက်ထားတာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့အမည်ကိုလည်း အီဒစ်ပီအပ်ဖ် ရဲ့နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ La Vie En Rose ကိုမှည့်ခေါ်ထားပါတယ်။အီဒစ်ပီအပ်ဖ်ရဲ့ ငယ်ဘဝအကြောင်းအရာတွေကစပြီး သူသေဆုံးချိန်မတိုင်ခင်နဲ့ ပတ်ဝန်းကျင်အဖြစ်အပျက်တွေထိ ပရိသတ်သိထားတာတွေရောနောက်ကွယ်က အကြောင်းအရာတွေပါ စုံစုံလင်လင်တင်ဆက်ထားတဲ့ အထ္ထုပတ္တိဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။အီဒစ်ပီအပ်ဖ်ဟာ အောင်မြင်မှုကြီးမားသူတွေရဲ့ ထုံးစံအတိုင်းခက်ခဲကြမ်းတမ်းတဲ့ငယ်ဘဝကိုပိုင်ဆိုင်ခဲ့ရသူ ဖြစ်ပြီး ငယ်ငယ်ကလေးဘဝကတည်းကတာဝန်မယူတတ်တဲ့ အမေဖြစ်သူကြောင့်အဘွားဖြစ်သူ ရဲ့ ဆောင်ကြာမြိုင်မှာ ငယ်ဘဝကို ဖြတ်သန်းခဲ့ရသူ ဖြစ်ပါတယ်။အီဒစ်လေး ၉ နှစ် အရွယ်ရောက်ချိန်မှာ သူ့အဖေဖြစ်သူဆပ်ကပ်ကျွမ်းဘားသမားရဲ့ လမ်းပေါ်ကဖျော်ဖြေပွဲ တစ်ခုမှာ ပရိသတ်တစ်ယောက်တောင်းဆိုမှုကြောင့် "La Marseillaise" ကိုသီဆိုပြခဲ့ပြီးကမ္ဘာကြီးဆီကို "အီဒစ်ပီအပ်ဖ်" ကို စတင်မိတ်ဆက်ခဲ့ပေးပါတယ်။နှစ်တွေအများကြီးကြာခဲ့ပြီး ကလပ်ပိုင်ရှင်လူးဝစ်လပ်ပလီး နဲ့ တွေ့ဆုံပြီးချိန်မှာတော့ ကလပ်ရဲ့ပင်တိုင်အဆိုတော် ဖြစ်လာခဲ့ပါတယ်။ လူးဝစ်လပ်ပလီးကိုယ်တိုင်က သူ့ကို "စာငှက်ကလေး" လို့အဓိပ္ပါယ်ရတဲ့ ပီအပ်ဖ်ဆိုတဲ့ အမည်ကို တွဲပေးခဲ့လို့"အီဒစ်ပီအပ်ဖ်" ဆိုတဲ့ ...
movie

La Vie en Rose (2007)

The Baker (2022) 5.9
The Baker (2022) Hellboy ရုပ်ရှင်နဲ့ နာမည်ကြီးတဲ့ မင်းသားကြီး Ron Perlmanရဲ့ 2022ထွက် အက်ရှင် ဇာတ်ကားဖြစ်ပါတယ်။ ​ဇာတ်လမ်းက မုန့်ဖုတ်သမားကြီးဆီကို သူနဲ့စကားမပြော အဆက်အသွယ်မလုပ်တာကြာပြီဖြစ်တဲ့ သူ့သားက တစ်ရက်မှာရောက်လာပြီး သူ့​ကလေးကို ခဏကြည့်ပေးထားဖို့တောင်းဆိုလာပါတယ်။သူ့မှာ မြေးမလေး ရှိနေမှန်းတောင်မသိနေခဲ့တဲ့ မုန့်ဖုတ်သမားကြီးက စကားလုံးဝမပြောတဲ့ မြေးမလေးကို ကြည့်ထားပေးလိုက်ပါတယ်။ သားဖြစ်သူက မူးယစ်ဂိုဏ်းတစ်ခုနဲ့ ပတ်သတ်မိပြီး ပျောက်ဆုံးသွားတဲ့အခါမှာ သားဖြစ်သူကိုလည်း ရေဆုံးမိုးဆုံး လိုက်ရှာရင်း မြေးမလေးကိုလည်း အန္တရာယ်ကလည်း ကာကွယ်ပေးရင်းနဲ့ ဘယ်လိုသံယောဇဥ်ဖြစ်သွားမလဲကြည့်ရမှာပါ။ အက်ရှင်ခန်းတွေလည်း များစွာပါဝင်ပြီး family ကြည့်လို့လည်းသင့်တော်ပါတယ်။ဇာတ်လမ်းလေးကပဲ ဆွဲခေါ်သွားမှာဆိုတော့ အများကြီးညွှန်းနေစရာမလိုလောက်ဘူးထင်ပါတယ်။ File size…(1.4 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Drama, Action, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hsu Hlyun 
movie

The Baker (2022)