Channel Myanmar

Carrie Preston

The Holdovers (2023) 8
The Holdovers (2023) The Holdovers (2023)~ IMDb - 8/10, RT - 96%, Meta - 82% ~တစ်နှစ်တာလုံးရဲ့ အနွေးထွေးဆုံးအချိန်တစ်ခုကို ရွေးရရင် ကျွန်တော်တော့ ကိုယ့်ယဉ်ကျေးမှုနဲ့ မဆီမဆိုင် ခရစ္စမတ်ကိုပဲ ရွေးမိလိမ့်မယ်။ ခရစ္စမတ်ဟာ ကာတွန်းတွေ ရုပ်ရှင်တွေနဲ့ ကြီးပြင်းလာရတဲ့ ကျွန်တော်တို့အတွက် တိုက်ရိုက်မသက်ဆိုင်တောင် ချာလီနဲ့ချောကလက်စက်ရုံထဲက ချောကလက်တစ်ချောင်းကို လူ၇ယောက်ကိုဖဲ့ကျွေးခဲ့တဲ့ နွေးထွေးမှုလို၊ It's a Wonderful Life ထဲက ကူညီရိုင်းပင်းခြင်းရဲ့ နွေးထွေးမှုလို၊ Home Alone ထဲကလို ဒစ္စနေးခရစ္စမတ်ကာတွန်းတွေထဲကလို၊ Klaus ထဲကလို၊ How the Grinch Stole Christmas ထဲကလို ခရစ္စမတ်မှာတော့ အရာအားလုံးအဆင်ပြေသွားမယ့် ယုံကြည်ခြင်းတွေလို... နွေးထွေးမှုတွေကူးစက်ခြင်းနဲ့ သက်ဆိုင်နေတဲ့ ကာလတစ်ခုပေါ့။ တစ်ဆင့်ခံစားမှုနဲ့တောင် ကျွန်တော်တို့အတွက် ခရစ္စမတ်က ဒီလောက်နွေးထွေးနေရင် သူတို့အတွက် ...
movie

The Holdovers (2023)

2023
My Best Friend’s Wedding (1997) 6.3
My Best Friend’s Wedding (1997) My Best Friend's Wedding (1997)~ IMDb - 6.3/10, Rotten Tomatoes - 74% ~တစ်ခေတ်တစ်ခါက ပုရိသတို့ရဲ့အသည်းကျော် မမဂျူလီယာရောဘတ်နဲ့ ကင်မရွမ်ဒီယက်ဇ်တို့ကို အတူတူတွဲမြင်ရမှာဖြစ်ပြီး Dermot Mulroney နဲ့ Rupert Everett တို့နုစဥ်က Visual တွေနဲ့ 90s ခေတ်ရဲ့အဖိုးတန်ရုပ်ရှင်တွေထဲကတစ်ခုဖြစ်ပါတယ်။ဂျူလီယန်: "မိုက်ကယ်ရေ ငါတို့တက္ကသိုလ်ဒုတိယနှစ် ညတစ်ညက နင်ပြောခဲ့တာမှတ်မိသေးတယ် ''ငါတို့ ၂၈ နှစ်ထိအိမ်ထောင်မပြုဖြစ်ကြသေးရင် ငါတို့ချင်းလက်ထပ်ရအောင်'' ဆိုပြီးလေ။ မကြာခင် ၂၈ ပြည့်တော့မှာဆိုတော့ ဒီရက်ပိုင်းအဲဒီစကားကို ငါပြန်တွေးဖြစ်နေတယ်။ နင့်ဆီကအရေးကြီးကိစ္စပြောစရာရှိတယ်ဆိုပြီး Voicemail ရတော့ပျော်လိုက်တာ ငါလက်ခံဖို့အဆင်သင့်ဖြစ်နေပါပြီ။ တကယ်တမ်းကြားလိုက်ရတာက ချစ်ခွင့်ပန်စကားမဟုတ်ဘဲ နင့်ရဲ့မင်္ဂလာသတင်းဖြစ်နေခဲ့တယ်။ ကိုယ်ချစ်တဲ့သူကတခြားမိန်းကလေးနဲ့လက်ထပ်တော့မှာကို လက်ခုပ်တီးပေးနိုင်လောက်အောင် ငါသဘောထားကြီးပေးနိုင်ပါ့မလားမသေချာဘူး မိုက်ကယ်..."မိုက်ကယ်: "ဂျူလီယန် ငါအဲဒီညကိုဘယ်တုန်းကမှမမေ့ခဲ့ပါဘူး။ မင်းကလှပတယ် ထက်မြက်တယ် ကိုယ်ဘာလိုချင်လဲသေချာသိပြီး ပြီးပြည့်စုံတဲ့မိန်းမတစ်ယောက်။ နင့်ဘဝရဲ့ဦးစားပေးတွေက မိန်းကလေးအများစုလို ...
movie

My Best Friend’s Wedding (1997)

1997
Vicky Cristina Barcelona (2008) 7.1
Vicky Cristina Barcelona (2008) IMDb----7.1/10မင်းသမီးချော စကားလက်ဂျိုဟန်ဆန် ငယ်ရွယ်နုပျိုစဥ်အခုတုန်းကရိုက်ထားတဲ့ဇာတ်ကားလေးပါ ဘာစီလိုနာမြို့မှာအခြေတည်ရိုက်ထားတဲ့ဇာတ်ကားလေးဖြစ်ပြီးတော့ ဘာစီလိုနာရဲ့မြို့အလှမြင်ကွင်းတွေကိုသေချာမြင်တွေ့နိုင်မယ့်ဇာတ်ကားလေးလည်းဖြစ်ပါတယ် အချစ်ရဲ့အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်းမတူကြတဲ့သူငယ်ချင်းနှစ်ယောက် ဘာစီလိုနာမြို့ကို နွေရာသီအားလပ်ရက်အနားယူဖို့ရောက်လာရာကနေ ဇနီးဟောင်းနဲ့သမုဒယကြိုးတွေမပြတ်နိုင်သေးတဲ့ စပိန်ပန်းချီဆရာတစ်ယောက်ကိုတစ်ပြိုင်တည်း စိတ်ဝင်စားမိရာက အချစ်နဲ့ဘဝရဲ့ ပဟေဠိတွေကို အဖြေရှာကြတဲ့အကြောင်းလေးပါ မင်းသမီးချော စကားလက်ဂျိုဟန်ဆန်ရဲ့ Lost in translation 2003ကိုကြိုက်နှစ်သက်ကြသူတွေဆို ဒီကားလေးကိုလဲ သဘောကျပါလိမ့်မယ် ကြည့်ပြီးတာနဲ့ လူတစ်ယောက်နဲ့တစ်ယောက် ဇာတ်ကားအပေါ်ခံစားရပုံခြင်းမတူကြပဲ အချစ်နဲ့ဘဝရဲ့ပတ်သက်တဲ့မေးခွန်းလေးတွေကိုတွေးမိနေစေမယ့်ဇာတ်ကားလေးပါ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre...Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Tz  
movie

Vicky Cristina Barcelona (2008)

The Stepford Wives (2004) 5.3
The Stepford Wives (2004) The Stepford Wives (2004)မိန်းမတွေက အိမ်ထောင်ရေးနိုင်နင်း (ပြောချင်တာက ထမင်းချက် သန့်ရှင်းရေးလုပ် အိမ်အလုပ်တွေအကုန်လုပ် ကလေးတွေကိုထိန်း ဂရုစိုက်)၊ ယောက်ျားတွေက စီးပွားရှာ ပြန်လာတဲ့အချိန်မှာ ယောက်ျားကို အပြုံးမျက်နှာနဲ့ ပျော်စရာတွေအပြည့်နဲ့ ပြေးကြို လိုအပ်တာတွေလုပ်ပေး အဲဒါမျိုးကို လူတိုင်းလိုချင်ကြမှာပေါ့။ဒါပေမဲ့ ဖြစ်နိုင်ပါမလား။ စိတ်ကူးယဉ်ပုံပြင်တွေထဲက ပြီးပြည့်စုံပြီး ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးဆိုတာ အပြင်မှာရော တကယ်ရှိနိုင်ပါမလား။ ထက်လွန်းတဲ့ မိန်းမတွေကို ရထားတဲ့ ယောက်ျားတွေက ဖောက်ပြန်ဖို့ ရာခိုင်နှုန်းအများဆုံးလို့ပြောကြတယ်။ အဲဒီတော့ အိမ်ထောင်ရေးသာယာဖို့ဆိုတာ မိန်းမတွေက ယောက်ျားတွေထက် မတော်မှဖြစ်တော့မှာပေါ့လို့ ပြောစရာဖြစ်လာရော။ ခပ်တုံးတုံးမိန်းမတွေပဲ အိမ်ထောင်ပြုလို့ ရမယ်ဆိုတဲ့ ကောက်ချက်ကြီးက တော်တော်လေးကို အဆင်မပြေတာပါ။ ဒါပေမဲ့လည်း အိမ်ထောင်ရေးဆိုတာက အများကြီးရှုပ်ထွေးပြီး နားလည်ရခက်ပါတယ်။ အပြန်အလှန်နားလည် ကူညီဖေးမ ထောက်ပံ့နေကြရင် အဆင်အပြေဆုံးဖြစ်နိုင်လောက်တယ် ဆိုတာကလွဲပြီး ဘာမှဝင်မပြောတော့ပါဘူး။ဒီဇာတ်ကားမှာတော့ အိမ်ထောင်ရေးဆိုတဲ့အပိုင်းမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက တော်နေတတ်နေရုံနဲ့ ...
movie

The Stepford Wives (2004)

2004
Doubt (2008)
Doubt (2008) John Patrick Shanley ရေးသားပြီး Pulitzer Prize ရရှိထားတဲ့ Doubt: A Parable ဆိုတဲ့ ဝတ္ထုကို သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ စိန့်နီကိုးလပ်စ်ဆိုတဲ့ ကတ်သလစ်စာသင်ကျောင်းတစ်ကျောင်းမှာ အခြေခံထားပါတယ်။ စစ်စတာအယ်လိုဝစ်ရှက်စ်ဟာ ကျောင်းကို စည်းကမ်း တိတိကျကျနဲ့ အုပ်ချုပ်တတ်သူတစ်ဦးဖြစ်ပါတယ်။ ဖာသာဖလင်းကတော့ ခေတ်မီတဲ့အမြင်နဲ့ စည်းကမ်းတွေကို ဖြေလျှော့ပြီး ကျောင်းသားတွေနဲ့ ရင်းရင်းနှီးနှီးနေတတ်သူ တစ်ဦးပါ။ တစ်နေ့မှာ စစ်စတာဂျိမ်းစ်တစ်ယောက် ဖာသာဖလင်း ကျောင်းသားတစ်ယောက်ကို အထူးအရေးပေးပြီး ဆက်ဆံနေတာ မြင်လိုက်ပါတဲ့အကြောင်း စစ်စတာအယ်လိုဝစ်ရှက်စ်ကို ပြောပြပါတယ်။ ဘာကြောင့်ဒီလိုဆက်ဆံလဲဆိုတဲ့အကြောင်းအရင်းကိုတော့ သူတို့သေချာမသိပါဘူး။ အဲဒီမသေချာမှုကို လက်ကိုင်ထားပြီး စစ်စတာအယ်လိုဝစ်ရှက်စ် ဖာသာဖလင်းကို ဖြုတ်ချဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်လို့ ဆုတွေလည်း အများကြီးရထားပြီး သရုပ်ဆောင်ပုံတွေကလည်း ပေါ်လွင်ပါတယ်။ ဇာတ်လမ်းထဲမှာ သုံးထားတဲ့ စာသားတွေကလည်း ထိထိမိမိနဲ့ ...
movie

Doubt (2008)

For Richer or Poorer (1997) 5.8
For Richer or Poorer (1997) ဒီဇင်ဘာအားလပ်ရက်တွေရောက်ပြီဆိုတော့ အားလုံးစိတ်အပန်းပြေစေဖို့ Comedy movie လေးတစ်ပုဒ် ဘာသာပြန်တင်ဆက်ပေးထားပါတယ်။ ဘရက်ဒ်နဲ့ ကယ်ရိုလိုင်းဟာ လူတိုင်းအားကျရတဲ့ နယူးယော့ခ်အထက်တန်းလွှာက ဇနီးမောင်နှံနှစ်ယောက်ပေါ့။ ဒါပေမဲ့ လူတွေမသိတဲ့ကန့်လန့်ကာနောက်မှာ သူတို့ဟာ အိမ်ထောင်ရေးပြဿနာတွေ၊ ငွေရေးကြေးရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး သူတို့ပတ်ဝန်းကျင်ကအရာရာတိုင်းကလည်း ဟန်ဆောင်မှုတွေနဲ့ချည်း ပြည့်နှက်နေခဲ့တာပါ။ ဒီလိုနဲ့ ထင်မှတ်မထားတဲ့ပြဿနာတချို့ကြောင့် သူတို့လင်မယားဟာ သူတို့တကယ်မကျူးလွန်ခဲ့တဲ့ အခွန်ရှောင်မှုဆိုတဲ့ခေါင်းစဉ်အောက်မှာ ဝရမ်းပြေးတွေဖြစ်သွားခဲ့ပြီး ပြည်နယ်အစွန်အဖျားက အာမစ်ရှ်အဖွဲ့အစည်းလေးတစ်ခုထဲမှာ ကိုယ်ယောင်ဖျောက်နေခဲ့ကြပါတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေကိုပဲ မက်မောစရာအဖြစ် တစ်သက်လုံးသက်မှတ်လာကြတဲ့သူတို့အတွက် ဆင်းရဲတဲ့ဒီအဖွဲ့အစည်းလေးက ငရဲလို့ထင်စရာ‌ဖြစ်ပေမဲ့ ရိုးသားမှု၊ စစ်မှန်မှုတွေကို ရှာဖွေတွေ့ရှိသွားတဲ့အခါမှာတော့ သူတို့အတွက်ဘဝဟာ ပိုပြီးအဓိပ္ပါယ်ရှိလာခဲ့ပါတယ်။ ဇာတ်ကားက ဘာမှစိတ်ညစ်စရာ အလေးကြီးတွေမပါဘဲ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရမဲ့ကားလေးမို့ စိတ်တွေရှုပ်နေတယ် စိတ်အပန်းပြေချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကြည့်ရင်းအနားယူဖို့ အကြံပေးပါရစေနော်။File size…(1.58GB)  / (1.09GB) / 375.41MB Quality…. Web/1080p / 720p / 480p Format…mp4 Duration….01:23:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie

For Richer or Poorer (1997)

Mercury Rising (1998) 6.3
Mercury Rising (1998)  Die Hardနဲ့လူသိများကြတဲ့ မင်းသားကြီး Bruce Willisရဲ့နောက်ထပ်တစ်ကားလာပါပြီ။ ဒီကားမှာတော့ သူက အက်ဂျက်ဖရေးအနေနဲ့သရုပ်ဆောင်ထားပါတယ်။ အက်က သူရဲ့အသွင်ယူပြီးလျှို့ဝှက်စုံစမ်းရေးမှာ ပြဿနာတက်ပြီး ရာထူးချခံထားရတဲ့ FBIအေးဂျင့်တစ်ယောက်ဖြစ်ပါတယ်။ မာကျူရီဆိုတဲ့ လျှို့ဝှက်ကုဒ်ကို ဆိုင်မွန်ဆိုတဲ့အော်တစ်ဇင်ကလေးတစ်ယောက်က မတော်တဆဖော်ထုတ်လိုက်မိပါတယ်။ ဒီလိုဖော်ထုတ်မိလိုက်ရာကနေ အသက်အန္တာရယ်ပါစိုးရိမ်လာရပါတော့တယ်။ ဒီဆိုင်မွန်ဆိုတဲ့အော်တစ်ဇင်ကလေးတစ်ယောက်နဲ့ အက်ဂျော့ဖရေးနဲ့တွေ့ဆုံမှုမှာတော့ ဘာတွေဖြစ်သွားကြမလဲ။ အော်တဇင်ကလေးကရော အန္တာရယ်တွေကြားမှာအသက်ရှင်နိုင်ပါ့မလား၊ သူ့ကိုရော ဘာလို့အဲ့လောက်အသည်းသန်သတ်ချင်နေကြတာလဲဆိုတာ ဒီကားထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ Actionကားကောင်းကြိုက်တဲ့လူတွေအတွက်ဒီကားနဲ့ကြည့်ရင်း chillလို့ရမှာဖြစ်ပါတယ်။File size…(1.93GB)  / (950MB) / (469MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:13:00 Genre...Action / Crime / drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win
movie

Mercury Rising (1998)

They/Them (2022) 4.5
They/Them (2022) They/Them (2022) =============== Horror, Mystery, ThrillerHorror ကားကောင်းကြိုက်တဲ့ ပရိသတ်ကြီးအတွက် ထပ်မံ ထွက်ရှိလာတဲ့ ကားကောင်းလေးကတော့ They/Them 2022 ဖြစ်ပါတယ်။ Horror ကားကောင်းလေးတွေဟာ ထွက်ခဲလေ့ရှိပြီး Horror ကား‌လေး‌တွေကို တကယ်ကောင်းတယ်၊ မကောင်းဘူး သတ်မှတ်ချက်တွေဟာလည်း တစ်ယောက်နဲ့တစ်ယောက်တူမယ် မထင်ပါဘူး။Horror ကားတွေ ခဏခဏဘာသာပြန်ဖူးတဲ့ ကျွန်တော့်အနေနဲ့ ကတော့ ကြည့်ရတာ မဆိုးဘူးလို့ သတ်မှတ်မိတဲ့ ကားလေးလည်း ဖြစ်ပါတယ်။အကြမ်းပတမ်း ပိုးစိုးပက်စက်ကြီး သတ်နေတာတွေ မတွေ့ရနိုင်ပေမဲ့ ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ ကြည့်ပျော်ရှုပျော်လေးမို့ တင်ဆက်ပေးလိုက်ပါတယ်။LGBTQ+ လူငယ်လူရွယ်တစ်သိုက်ဟာ conversion camp လို့ခေါ်တဲ့ သူတို့ကို ပုံမှန်လိင်စိတ်ပြန်‌ဖြစ်အောင် ပြောင်းလဲပေးမယ့် စခန်းကို ရိုက်ကွင်းတည်ပြီး ရိုက်ကူးထားတဲ့ Horror ကား‌ကောင်းလေးဖြစ်တဲ့ They/Them ကို ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size..........(1.1 GB) / (530 MB) / (305 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 44mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery, ...
movie

They/Them (2022)

2022
To the Bone (2017) 6.8
To the Bone (2017) To The Bone (2017) ~ IMDb - 6.8/10, RT - 70%, Meta - 64% ~ လူရယ်လို့ဖြစ်လာရင် အကြောက်တရားနဲ့ ဆင်းရဲဒုက္ခဆိုတာ ယှဥ်တွဲလာစမြဲပါပဲ။​တချို့က ဝလာမှာကြောက်တယ်။ တချို့က ​အသက်ရှင်ရတာကိုတောင် ကြောက်လာကြတယ်။အမျိုးမျိုးသော အကြောက်တရားတွေကြားမှာ ဒီ အယ်လန်ဆိုတဲ့ ကောင်မလေးကတော့ ဝိတ်တက်မှာကို ကြောက်တာပါ...Broken Family ​ဖြစ်သွားတဲ့ အယ်လန်တစ်ယောက် မိထွေးလက်အောက် ဂေးမိခင်တစ်ယောက်လက်အောက်မှာ မိသားစုအရှုပ်အထွေးတွေကြားမှာ သနားစရာ ကြီးပြင်းလာခဲ့ပါတယ်။အဲ့ကြားထဲကမှ အနုပညာကိုဝါသနာပါတဲ့ အယ်လန်ဟာ ကိုယ့် artwork ကြောင့် လူတစ်ယောက်နစ်နာသွားတာကို သိလိုက်ရတဲ့အချိန်မှာ ပြိုလဲပြီး အစာသိပ်မစားဘဲ အငတ်ခံလို့ စိတ်သက်သာရာ ရှာပါတော့တယ်။အဲ့လို အယ်လန်ဟာ အကြောက်တရားကနေ ဘယ်လိုရုန်းထွက်မလဲ။အယ်လန့်ကို ကူညီပေးတဲ့ဆရာဝန် ဒေါက်တာဘက်ခမ်းကရော ဘယ်လိုကုထုံးတွေနဲ့ ​အယ့်လန့်ဘဝကို အဖက်ဆယ်ပေးမလဲ။အယ်လန့်သူငယ်ချင်းလုခ်ကရော အယ်လန့်ကိုဘယ်လိုပျော်အောင်လုပ်ပြီး အယ်လန့်ဘဝကို ဘယ်လိုအသက်ဝင်လာစေမလဲဆိုတာကို ဒီ '' To ...
movie

To the Bone (2017)

2017
And Then I Go (2017) 6.4
And Then I Go (2017) အခု ၂၀၁၇ ကထွက်ရှိခဲ့တဲ့ And Then I Go ဆိုတဲ့ကားလေးကိုမိတ်ဆက်ပေးပါမယ်ဒီကားလေးဟာ Good Reads မှာ Rating ကောင်းကောင်းရထားတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်တဲ့ စာရေးဆရာ Jim Shepperd ရဲ့ Project X ဆိုတဲ့စာအုပ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးနဲ့ ချစ်စရာညီလေးကိုပိုင်ဆိုင်ထားပေမယ့် ကိုယ့်ကို နားလည်တဲ့သူမရှိတဲ့ခံစားချက်တွေနဲ့ အထီးကျန်နေတဲ့ Anti social အလယ်တန်းကျောင်းသားလေး အက်ဝင်သူ့တစ်ဦးတည်းအချစ်ဆုံးသူငယ်ချင်း ရော့ဒီ တစ်ဖြစ်လဲ သူချစ်စနိုးခေါ်တဲ့ ဖလိက်ကလည်း သူ့လိုပဲ ဘောင်မဝင်ဘူးလို့ ပတ်ဝန်းကျင်ကသတ်မှတ်ခံထားရတဲ့သသူတို့နှစ်ယောက် ပတ်ဝန်းကျင်ရဲ့ အထင်မှားခံရမှုတွေ မိသားစုရဲ့အထင်လွဲခြင်းတွေ ခံရပါများလာတဲ့အခါ ကြံမိရာကြံမိကြတဲ့အခါမှာတော့.. (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ မေမြတ်သူပါ) File Size : (750 MB) and (329 MB) Quality : WEB-DL 720p Running Time : 1hr 39min Format : Mp4 Genre : Drama Subtitle : ...
movie

And Then I Go (2017)