Channel Myanmar

Carson Holmes

Instant Family (2018) 7.3
Instant Family (2018) Instant Family (2018) IMDb - 7.3/10_____Rotten - 82%Instant family ဇာတ်ကားဟာ IMDB 7.3 အထိရထားပြီး ဇာတ်အိမ်ဆန်းသစ်စွာနဲ့ ဟာသရသ မိသားစုချစ်ခြင်းဖွဲ့ရသ ကြည်နူးဖွယ်ရသနဲ့ စိတ်နှလုံးကို တိမ်းးညွှတ်အောင်ဖမ်းစားနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ မွေးကင်းစကလေးကိုပြုစုပျိုးထောင်ဖို့အတွက် အရွယ်လွန်သွားပြီလို့ယူဆထားကြတဲ့ အကြင်လင်မယားတွေဟာ မိသားစုဘဝရဲ့အနှစ်သာရကို ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံး ခံစားခွင့်မရှိတော့ဘူးလား.... အကြောင်းအမျိုးမျိုးကြောင့် မိဘအရင်းတွေရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ ကလေးတွေကရော မေတ္တာအငွေ့အသက်တွေ လုံခြုံမှုတွေကို မရရှိနိုင်တော့ဘူးလား..... မိသားစုဆိုတဲ့စကားလုံးဟာ အင်မတန်ရိုးရှင်းပေမဲ့ သံယောဇဉ်တွေ နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေ အပြန်အလှန်လေးစားမှုတွေဆိုတဲ့ နက်နဲလှတဲ့သဘောတရားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီကမ္ဘာမြေကြီးပေါ်က သေးငယ်တဲ့ကမ္ဘာလေးတစ်ခုဆိုရင်လည်းမမှားပါဘူး..... လူတစ်ယောက်ရဲ့ လက်တစ်ဖက်တည်းက လက်ချောင်းတွေ အတိုအရှည်မညီကြသလို.... သွေးရင်းဖြစ်တဲ့ မိသားစုတွေတောင် နားလည်မှုအမြဲထားနိုင်ကြတာမဟုတ်ပါဘူး..... ကိုယ်တိုင်ရွေးချယ်ဖန်တီးတော့မယ့် သွေးမတော်သားမစပ်မိသားစုတစ်ခုအတွက် အကောင်းဆုံးကြိုးစားပြီးပြင်ဆင်ထားပေမဲ့ တကယ်တန်းလက်တွေ့ကတော့ ထင်သလောက်မလွယ်လှဘူးလေ..... အကြင်လင်မယားနှစ်ယောက်ဟာ မိမိတို့ရဲ့ကလေးကို ကိုယ်ဝန်လွယ်ထားချိန်ကစလို့ မိဘစိတ်ကို တဖြည်းဖြည်းမွေးမြူလို့ရပေမဲ့..... ရုတ်တရက်ရောက်လာမယ့် ကလေးတွေအပေါ်မှာရော ချစ်ခြင်းမေတ္တာအပြင် မိဘပီသတဲ့စောင့်ရှောက်မှုတွေ နားလည်မှုတွေ အပြည့်အဝထားရှိနိုင်ပါ့မလား...... ဒီမေးခွန်းတွေအားလုံးရဲ့ သံသယတွေကို ဒီဇာတ်လမ်းလေးက ဖြေရှင်းပေးသွားမှာပါ..... ချစ်တာကလွဲပြီး ကျန်တာတွေကို နားမလည်နိုင်သေးတဲ့ မွေးစားမိဘနှစ်ပါးနဲ့.... မောင်လေးနဲ့ညီမလေးကို စောင့်ရှောက်ရင်း..... သူ့ကို ချစ်တဲ့လူ ဒီကမ္ဘာပေါ်မှာမရှိဘူးလို့ ထင်နေတဲ့ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်တို့ နားလည်မှုတည်ဆောက်ကြတာကို ကြည်နူးမှုနဲ့ ဝမ်းနည်းမှုရသမြောက်အောင် ရိုက်ပြထားတာကိုတွေ့ရမှာပါ..... ငယ်ရွယ်တဲ့ကလေးတွေကို ချစ်ခြင်းမေတ္တာဂရုစိုက်မှုတွေပေးရုံနဲ့ မိဘနေရာကို ခံယူလို့ရပေမယ့်... မိခင်အရင်းကိုသိပ်ချစ်တဲ့ ၁၅ ...
movie

Instant Family (2018)

2018
The Darkest Minds (2018) 5.5
The Darkest Minds (2018) မြို့တစ်မြို့မှာ ကလေးတွေ အကြောင်းရင်းမရှိအရုပ်ကြိုးပြတ်လဲကျသေဆုံးရာကနေ ဒီဇာတ်လမ်းဟာ စတင်ပါတယ်…ရောဂါရှာမရ ဘာကြောင့်ရယ်မှန်းမသိ သေဆုံးသွားတဲ့ကလေးအရေအတွက်ဟာများသထက်များလာပေမယ့်တစ်ဖက်မှာတော့အသက်ရှင်ကျန်ခဲ့တဲ့ကလေးတွေလဲရှိနေပါသေးတယ်။မိဘများရဲ့ ပူဆွေးသောကတွေကိုလျစ်လျူရှုပြီး အစိုးရကအာရုံစိုက်တာကတော့ရှင်ကျန်ခဲ့တဲ့ကလေးတွေရဲ့ ခံနိုင်ရည်နဲ့ ထူးခြားတဲ့စွမ်းရည်တွေကိုပါပဲ။ရှင်ကျန်ခဲ့တဲ့ကလေးတွေမှာ စွမ်းရည်တွေရှိတယ်လို့ အစိုးရကသိပြီးတဲ့နောက်ကလေးတွေကို ကုသကာကွယ်ဆေးပေးခန်း အမည်ခံအကျဉ်းစခန်းတွေမှာဖမ်းဆီးချုပ်နှောင်ထားပါတော့တယ်။ဒီအကျဉ်းစခန်းကို အသက်၁၀နှစ်ပြည့်မွေးနေ့ပြီးနောက်တစ်ရက်မှာပဲအဖမ်းဆီးခံလိုက်ရတဲ့ ကလေးလေးနာမည်ကတော့ ရူဘီ ဒေလီပါပဲ။သူမတူရှားပါးလှတဲ့ စွမ်းရည်ကိုပိုင်ဆိုင်ထားပြီး အစွမ်းကြီးမားသူဆိုရင်သတ်ပစ်တဲ့အကျဉ်းစခန်းမှာ သူဘယ်လိုရုန်းကန်အသက်ရှင်မလဲ?အဲ့ဒီစခန်းကနေထွက်ပြေးဖို့ကြိုးစားပေမယ့် အောင်မြင်ပါ့မလား?အကျဉ်းစခန်းမှာလဲ ကလေးတွေချုပ်နှောင်ခံထားရပေမယ့်အပြင်လောကမှာရောဘာတွေဖြစ်ပျက်ကုန်ပြီလဲ?အသက်ငယ်ငယ်ရူဘီလေး ဒီအခက်အခဲတွေကိုသူမရဲ့ သူမတူတဲ့စွမ်းရည်တွေနဲ့ကျော်ဖြတ်လို့ရောအောင်မြင်နိုင်ပါ့မလား? ဆိုတာစိတ်ဝင်တစားဇာတ်လမ်းရဲ့အဟုန်မှာလိုက်ပါစီးမျောအဖြေရှာကြည့်ပါ။ဒီလို စွမ်းအားတွေပိုင်ဆိုင်ထားတဲ့လူငယ်လေးတွေတစ်ယောက်ဆီမှာကိုယ်ပိုင်အဆင့်သတ်မှတ်ချက်ဆိုတာရှိပါတယ်….အဲဒါတွေကတော့ အပြာရောင် အစိမ်းရောင် အ၀ါရောင်ဟာသာမာန်စွမ်းအားသာရှိကြပြီးတော့ အနီရောင်နဲ့လိမ္မော်ရောင်ကတော့ရှားပါးလွန်းတဲ့ စွမ်းအားမျိုးဖြစ်ပြီးတော့ အန္တရာယ်အရှိဆုံးသတ်မှတ်ချက်တွေဖြစ်ပါတယ်..ဒါပေမယ့် ရူဘီလေးကတော့ လိမ္မော်ရောင်အစွမ်းကိုပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်…ဒီကားဟာ X Men ကားနဲ့ဆင်တူပုံစံဖြစ်ပြီးတော့စွမ်းအားရှင်ကလေးငယ်တွေရဲ့အစွမ်းတွေကိုလည်းစိတ်ဝင်စားဖွယ်မြင်ရမှာဖြစ်ပြီးတော့ဇာတ်လမ်းပြီးတဲ့အထိ မငြီးမငွေ့ကြည့်ရှုရမှာတော့အာမခံပါတယ်။သဲထိတ်ရင်ဖို ဇာတ်လမ်းဆန်းဆန်းလေးတွေကိုကြိုက်နှစ်သက်တတ်တဲ့ပရိသတ်တွေအတွက်ကတော့ အကြိုက်ဖြစ်စေမှာပါ။ဇာတ်လမ်းကိုပေါ့သွားမှာစိုးရိမ်ကာ အညွှန်းကိုတတ်နိုင်သမျှအကျဉ်းချုံးထားတဲ့အတွက် အညွှန်းဖတ်ကြည့်ရုံနဲ့မသိနိုင်တဲ့ဇာတ်လမ်းဇာတ်ကွက်တွေကိုဒေါင်းလော့ဆွဲကြည့်ရှုနိုင်ဖို့အတွက်The Darkest Minds (2018)ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။File Size ...
movie

The Darkest Minds (2018)

2018