Channel Myanmar

Carter Jenkins

After Everything (2023)
After Everything (2023) After Everything (2023) ========= Romance ,Drama''အချစ်ဆိုတဲ့အရာက ဆန်းကြယ်တယ်... အချစ်ဆိုတာ ကြင်နာမှုနဲ့ စိတ်ရှည်သည်းခံမှု '' တဲ့ ဟာဒင်ကပြောတယ်...ပြန်မလာနိုင်တော့တဲ့ လူတစ်ယောက်ကို ဘယ်လောက်အကြာကြီးစောင့်ခဲ့ဖူးလဲ.. ဘယ်လောက်ပဲ အတူရှိမယ်ကတိတွေအထပ်ထပ်ပေးခဲ့ခဲ့ ... လူနှစ်ယောက် ကံမပါလာရင် ဝေးကွာရစမြဲပဲမဟုတ်လား... အတူရှိဖို့ ကံပါလာရင် ဘယ်လောက်ပဲ ဆက်ဆံရေးတွေ ဘယ်လောက်ပဲခက်ခဲနေပါစေ အတူရှိသွားမှာပဲAfter ဇာတ်လမ်းတွဲဆိုတာ ဟာဒင်နဲ့ တက်စ်ဆာရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပါ Fifty Shades နဲ့ 365 DNIရုပ်ရှင်တွေလို ရမက်ကြမ်းကြမ်းနဲ့ အချစ်ဇာတ်လမ်းတွေ မဟုတ်ဘူး... လူငယ်နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို Romance အဆန်ဆုံးနည်းလမ်းနဲ့ ယဉ်ယဉ်လေးပုံဖော်ထားခဲ့တာ အခုဆို နောက်ဆုံးဆိုတဲ့ မှတ်တိုင်ကိုရောက်လာခဲ့ပြီ... ဟာဒင်နဲ့တက်စ်ရဲ့ ခံစားချက်တွေ အသည်းကွဲဖူးတဲ့ လူငယ်တိုင်း ခံစားပေးလို့ရတယ်.. ဒါကြောင့်ပဲ ဒီဇာတ်လမ်းဟာ Romance genre မှာ နေရာတစ်ခုရနေတာဖြစ်တယ်ဇာတ်လမ်းအကြောင်းပြောရရင်... စိတ်ပိုင်းဖြတ်ပြီး move one လုပ်သွားတဲ့ တက်စ်ဆာဆိုတဲ့ကောင်မလေးကို မမေ့နိုင်သေးတဲ့ ဟာဒင်ရဲ့အကြောင်း.. အရင်လို စိတ်ထင်တိုင်းဝုန်းဒိုင်းကြဲပေါက်ကွဲတတ်တဲ့အချိန်တွေကျော်လွန်ပြီး ရင့်ကျက်တဲ့ လူငယ်စာရေးတစ်ယောက်ဖြစ်လာပြီ... သူ့ခံစားချက်တွေကို အမြဲတမ်း သူ့စာအုပ်တွေထဲမှာပဲ ချရေးရင်း တက်စ်ကို ...
movie

After Everything (2023)

2023
4K HEVC
After Ever Happy (2022) 4.3
After Ever Happy (2022) After Ever Happy (2022) ================== After ရုပ်ရှင် Franchise ကတော့ After, After We Collided , After We Fell တို့အပြီးမှာ နောက်ဆုံးထွက်လာတဲ့ After Ever Happy ဆိုတဲ့ ၄ ကားမြောက်ရုပ်ရှင်နဲ့ အဆုံးသတ်သွားပါပြီ....ဟာဒင်စ‌ေကာ့ဆိုတဲ့ ခပ်ဆိုးဆိုးကောင်လေးရဲ့ ဘ၀ထဲကို ၀င်လာတဲ့ တက်စ်ဆာဟာ နှစ်ယောက်အတူတူ လူငယ်ဘ၀ကို အခက်အခဲ အတားဆီး အနိမ့်အမြင့်အတက်အကျတွေကို ဖြတ်သန်းရင်းနဲ့ တည်ငြိမ်တဲ့ Relationship တစ်ခုကို တည်ဆောက်ဖို့ ကြိုးစားလာခဲ့ပါတယ် ။ ဒါပေမယ့် ဟာဒင်ကို တစ်သက်လုံးဖုံးကွယ်လာခဲ့တဲ့ မိဘတွေနောက်ကွယ်က အမှန်တရားကိုသိသွားပြီးနောက်မှာ ... ဟာဒင် တက်စ်တာတို့ရဲ့ ဆက်ဆံရေးဟာလည်း အရင်ကထက် ပိုခက်ခဲတဲ့အခြေအနေကိုရောက်လာပါတယ်.... နှစ်ယောက်သားနေရာတွေပြောင်းကာ တစ်ရောက်တစ်နေရာစီ လမ်းခွဲခဲ့ကြပေမယ့် အချစ်စစ်တို့မှန်ရင် ကံကြမ္မာက ပျော်စရာအဆုံးသတ်ကို ယူလာပေးမှာလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရင်း After ရုပ်ရှင်တွဲတွေကို နှုတ်ဆက်ရပါတော့မယ်။( အညွှန်းနဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ဖြစ်ပါတယ်)Genre..... ...
movie

After Ever Happy (2022)

After We Fell (2021) 5.1
After We Fell (2021) 2019 မှာ အရမ်းအောင်မြင်ခဲ့တဲ့ After ဇာတ်ကားကတော့ 2020 မှာတော့ After we collided ဆိုတဲ့ ဒုတိယကားနဲ့ ဆက်လက်အောင်မြင်ခဲ့ပြန်ပါတယ် အခု 2021 မှာလည်း After we fell ဆိုပြီး အသစ်ထပ်မံထွက်ရှိလာပါပြီ ဒီတစ်ခါမှာတော့ ဟာဒင်နဲ့ တက်ဆာ ဘွဲ့ရခါနီး အချိန်ဆိုတော့ ဘဝရည်မှန်းချက်တွေ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး ပါလာပါပြီအရင်ကတည်းက ရည်မှန်းချက်ကြီးတဲ့ တက်ဆာတစ်ယောက် သူအမြဲသွားချင်ခဲ့တဲ့ စီရာတယ်မှာ job offer ကောင်းကောင်းရလာပါတယ်သူက ဟာဒင်နဲ့အတူ စီရာတယ်ကို သွားချင်ပေမဲ့ ဟာဒင်ကတော့ ဘွဲ့ရပြီးတာနဲ့ နှစ်ယောက်အတူ လန်ဒန်ကို သွားကြဖို့ ရည်ရွယ်ထားခဲ့တာပါဒီလို စိတ်ကူးအိပ်မက်တွေ မတူညီမှု ကြုံလာရတဲ့အခါ တက်ဆာတစ်ယောက် ဘယ်လိုဆုံးဖြတ်မှာလဲဟာဒင်ကရော သူ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ လိုက်လိုက်လျောလျော ခွင့်ပြုပေးပါ့မလား Relationship တွေမှာ ကြုံလေ့ရှိတဲ့ ဒီလိုအခက်အခဲတွေကို နှစ်ယောက်သား ဘယ်လို ညှိနှိုင်း‌ဖြေရှင်းသွားကြမလဲဆိုတာကို ...
movie

After We Fell (2021)

Struck by Lightning (2012) 6.2
Struck by Lightning (2012) ဒီရုပ်ရှင်ကို ၂၀၁၂မှာ ဒါရိုက်တာ Brian Dannelly ကရိုက်ကူးထုတ်ဝေခဲ့ပါတယ်။ အထက်တန်းကျောင်းသား အပယ်ခံ ကာဆန်ဖီးလစ်အကြောင်း ရိုက်ကူးထားတဲ့ ကွန်မန်ဒီရုပ်ရှင်အမျိုးအစားပါ။ မြီးကောင်ပေါက်အရွယ်လေးတွေရဲ့ စိတ်အားထက်သန်မှုတွေ၊ ကိုယ့်အိပ်မက်နောက်လိုက်တာတွေကို ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်း- ကာဆန်ဖီးလစ်ဟာ ဉာဏ်ကောင်းပြီး ထေ့ငေါ့ပြောတတ်တဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ပါ။သူ့ရည်မှန်းချက်ကတော့ သတင်းစာဆရာတစ်ယောက်ဖြစ်လာချင်တာပါ။ ဘာအခွင့်အရေးမှမရှိတဲ့ သူ့မြို့ငယ်လေးကြောင့် ကာဆန်ဖီးလစ်ဟာ သူ့သူငယ်ချင်းတွေကို အကြပ်ကိုင်ပြီး သူ့မဂ္ဂဇင်းကို ကူညီရေးခိုင်းဖို့ ကြံစည်ပါတော့တယ်။ ဆက်ကျော်သက်ဘဝရဲ့စိန်ခေါ်မှုတွေ၊ အိမ်ထောင်ကွဲနေတဲ့ သူ့အမေနဲ့ဆက်ဆံရေးသိပ်အဆင်မပြေတာတွေကြောင့် ကာဆန်ရဲ့ဘဝခရီးဟာ မမျှော်လင့်ထားတဲ့အရာတွေဖြစ်လာပါတော့တယ်။   File size…(1.5 GB)/(700 GB)/(360 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Zaw Min Htwe 
movie

Struck by Lightning (2012)

Valentine’s Day (2010) 5.7
Valentine’s Day (2010) [Unicode]Valentine's Day270ADရောမမှာ ကလောက်ဒီးယပ်စ်ဆိုတဲ့ ဘုရင်အုပ်ချုပ်ခဲ့တဲ့အချိန်ကာလတစ်ခုရှိဖူးပါတယ်။ ကလောက်ဒီးယပ်စ်ဟာစစ်မက်ပြီး ရက်စက်တဲ့ ဘုရင်တစ်ပါးပါ။ သူ့လက်ထက်မှာ စစ်သားတွေကို စိတ်ပျံ့မလွင့်စေဖို့ လက်ထပ်ခြင်းကိုတားမြစ်ခဲ့ပါတယ်။ အဲ့ဒီတစ်ချိန်တည်းမှာပဲချစ်ခြင်းမေတ္တာကို ယုံကြည်တဲ့ စိန့် ဗယ်လ်လင်တိုင်းဆိုတဲ့ ဘုန်းတော်ကြီးတစ်ပါးလည်းရှိခဲ့ပါတယ်။လူတိုင်းကိတိတ်တဆိတ်လက်ထပ်ပေးတဲ့ ဗယ်လင်တိုင်းကိုအကျဉ်းသွင်းလိုက်ပါတယ်။ အကျဉ်းသွင်းခံရတဲ့ ဗယ်လ်လင်တိုင်းဟာ Feb 14 မှာ နှုတ်ဆက်စာရေးပြီးသေဆုံးသွားခဲ့ပါတယ်။ဒီရုပ်ရှင်ကတော့ ဗယ်လ်လင်တိုင်းဒေးမှာအချစ်ကစွန့်ပစ်သွားတဲ့။ ဗယ်လ်လင်တိုင်း‌ဒေးမှာအချစ်ကို တွေ့ရှိသွားတဲ့။ ဗယ်လ်လင်တိုင်းဒေးမှာ အချစ်ကို စွန့်ပစ်သွားတဲ့ လူတွေအကြောင်းပါ။ဒီရုပ်ရှင်က Fridayလိုမျိုး တစ်ရက်တည်းမှာဖြစ်နေတာတွေကို ရိုက်ပြသွားတဲ့ ရုပ်ရှင်မျိုးပါပဲ။ဒီရုပ်ရှင်ဟာ Ratingမကောင်းလှပေမယ့်Emotional ဖြစ်ပြီး Jessica Alba Anne Hathaway Emma Robertsတို့လိုမမတွေအပြင် Taylor Swift ၊Julia Robertတို့လို နာမည်ကျော်တွေပါ၀င်ထားတဲ့အတွက် ကြည့်ပျော်ပါတယ်။လူတစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့အဖြစ်သနစ်ကလေးတွေကို ဆက်စပ်ပြီးV Day Themeထဲမှာ အီမိုရှင်နယ်ဖြစ်စေတဲ့အခန်းများများသုံးထားတဲ့ ဒီရုပ်ရှင်မှာ ဇာတ်ကောင်တွေရဲ့ မိုးလင်းက မိုးချုပ်Vdayတစ်ရက်တာ ဘယ်လိုပြီးဆုံးသွားလဲ တရိပ်ရိပ်ခံစားရမှာပါ။လူရဲ့တစ်နေ့တာဟာပြဿနာတွေနဲ့စပြီး ပြဿနာတွေနဲ့ပဲဆုံးတတ်တဲ့ သဘာ၀တော့ရှိပါတယ်။ ကျွန်တော်တို့ရဲ့ V dayကရောဘယ်လိုများပြီးဆုံးသွားပါသလဲဆိုတာဒီရုပ်ရှင်အပြီးသတ်မှာ တစိမ့်စိမ့်ပြန်တွေးကြည့်ရင် အတော်တဿဖွယ်ကောင်းပါတယ်။စကားမစပ်ဗျာ ဒီရုပ်ရှင်ရဲ့ ရသအပြည့်အ၀ကို ဒီညမှာပဲရနိုင်မှာပါ။File size__( 1.1 GB) Quality__Blu-720p IMDb ...
movie

Valentine’s Day (2010)

Circle (2015) 6.0
Circle (2015) Circle (2015)==========IMDb Rating  - 6.0/10#Unicodeမဲပေးရမယ့် အချိန် ရောက်ပြီ ဆိုတော့ မဲပေးတဲ့ကားလေး ကြည့်လိုက်ကြရအောင်ဗျာ။ဘယ်လို မဲပေးကြမှာလဲ? ကိုယ့်ကို မဲပေးဖို့ လုပ်ရမှာလား? ကိုယ့်ကို မဲမပေးဖို့ လုပ်ရမှာလား?ဘယ်သူတွေအတွက် ဘယ်လို မဲဆွယ်ကြမှာလဲ?ဇာတ်လမ်းကတော့ ဒီလိုပါ။ လူအယောက် ၅၀ ဟာ အမှောင်ခန်းကြီးတစ်ခန်းမှာ နိုးလာပါတယ်။သူတို့ကို ကို စက်ဝိုင်းတစ်ခုထဲမှာ ထားပါတယ်။ ကလေး၊ လူကြီး၊ လူဖြူ၊ လူမည်း၊ ကိုယ်ဝန်ဆောင်၊အိမ်ထောင်သည်၊ အပြာကားမင်းသမီး ... စသဖြင့် ပါပါတယ်။ အဲဒီထဲကနေမှ နှစ်မိနစ်ကို တစ်ယောက်နှုန်းနဲ့ သတ်ဖို့ လူကို ရွေးရပါတယ်။ ဘယ်သူ့ကို ရွေးမယ် ဆိုတဲ့ စံကတော့ ရှိနေတဲ့ စက်ဝိုင်းထဲက လူ ၅၀နဲ့ပဲ ဆိုင်ပါတယ်။ဒီတော့ ဘယ်သူ့ကို ရွေးမယ်ဆိုတာကို မဲပေးကြတဲ့အချိန်မှာတော့ .....လူ့သဘော၊ လူ့သဘာဝတွေကို ဒီဇာတ်လမ်းထဲမှာ မြင်ရပါမယ်။ လူ့အသိုင်းအဝိုင်းရဲ့ ...
movie

Circle (2015)

2015