Channel Myanmar

Casey Siemaszko

Gardens of Stone (1987) 6.4
Gardens of Stone (1987) မင်းသားကြီး James Caan ရဲ့ Misery မထွက်ခင် ၁၉၈၇ ခုနှစ်ကထွက်ရှိထားတဲ့ကားပါ။ ဗီယက်နမ်စစ်ပွဲကာလ အမေရိကန်စစ်သားငယ်လေးတွေ စစ်မြေပြင်ကိုအပို့ခံရပြီး အများစုဟာ အသက်ရှင်လျက်ပြန်မလာနိုင်ကြတဲ့အခါ သူတို့တွေကို တပ်မတော်သုသာန် အာလင်တန်မှာမြေချပေးရတဲ့တာဝန်ကို ကင်းတပ်ကြီးမှာတာဝန်ထမ်းဆောင်ကြရတဲ့အရာရှိတွေက စစ်ရေးပြဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပပေးရပါတယ်။ ဒီကားက စစ်နောက်ခံထားပြီး စစ်မြေပြင်တိုက်ပွဲတွေအကြောင်းမဟုတ်ဘဲ စစ်ပွဲကာလ တိုက်ပွဲဝင်စစ်သားတွေရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစု၊ဆွေမျိုး၊မိတ်ဆွေတွေရဲ့ခံစားချက်ကို ပိုအလေးပေးဖော်ပြထားတာပါ ... အမေရိကန်ကင်းတပ်ကြီးရဲ့ ဗီယက်နမ်စစ်ပြန် ဂုဏ်ထူးဆောင်တပ်ကြပ်ကြီးကလဲဟာဇက်ဟာ ဗီယက်နမ်စစ်မြေပြင်ကို အပို့ခံနေရတဲ့စစ်သားငယ်လေးတွေကို စစ်‌မြေပြင်မှာဦးဆောင်လမ်းပြပေးပြီး အသက်မသေအောင်ကယ်တင်နိုင်အောင်လို့ ဗီယက်နမ်အခြေစိုက် ဘန်းနင်းခံတပ်ကို တာဝန်ပြောင်းပေးဖို့လျှောက်တဲ့အခါ အထက်လူကြီးက ပယ်ချလိုက်ပါတယ် အဲ့ဒီအချိန်မှာ ဆာဂျင်ဟာဇက်ရဲ့ ကိုရီးယားစစ်ပွဲကာလမှာတုန်းက ရဲဘော်ရဲဘက်တွေဖြစ်ခဲ့တဲ့မိတ်ဆွေဟောင်းတစ်ယောက်ရဲ့သား ဂျက်ကီဝီလ်လိုတစ်ယောက် ကင်းတပ်ကြီးကိုရောက်လာပါတယ် သူ့သားလေးကို အစစအရာရာသင်ပြပေးဖို့အတွက်လည်း ဆာဂျင်ဟာဇက်ဆီကို စာပါးပေးခဲ့ပါတယ် အဲ့‌ဒီကောင်လေးက စစ်သားတစ်ယောက်ဟာ စစ်‌ဖြစ်နေရင် စစ်မြေပြင်မှာတာဝန်ထမ်းဆောင်ရမယ် ဆိုတဲ့အစွဲနဲ့ သူက ဗီယက်နမ်စစ်မြေပြင်ကို အပြောင်းလျှောက်ချင်နေတဲ့သူပါ ဆာဂျင်ဟာဇက်က ဒါကိုသိတော့ နားချဖို့ကြိုးစားရင်း ...
movie

Gardens of Stone (1987)

Of Mice and Men (1992) 7.5
Of Mice and Men (1992) Of Mice and Men (1992)~ IMDb - 7.5/10, Rotten Tomatoes - 97% ~အမေရိကန်စာရေးဆရာကြီး ဂျွန်စတိုင်းဘတ် (John Steinbeck) ရဲ့ ကမ္ဘာကျော်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Of Mice and Men ကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ရှေးတစ်ခေတ်က အမေရိကန်ကျောမွဲလယ်လုပ်သားတွေရဲ့ဘဝကို ပုံဖော်ထင်ဟပ်ထားတဲ့ဇာတ်လမ်းပါပဲ။ ကျွန်တော်တို့ဆီမှာလည်း လယ်ပိုင်နွားပိုင်မရှိတဲ့ စာရင်းငှား(သူရင်းငှား) လယ်ကူလီလို့ခေါ်ကြတဲ့ လူတန်းစား ရှိတာပါပဲ။ ၁၉၂၀ ဝန်းကျင်လောက်က အမေရိကန်နိုင်ငံမှာလည်း ကိုယ်ပိုင်မြေမရှိ၊ အနာဂတ်မရှိ လယ်တောခြံတစ်ခုကနေတစ်ခု ပြောင်းရွှေ့ပြီး အလုပ်လုပ်ကြရတဲ့ လယ်လုပ်သားတွေ ရှိခဲ့ပါတယ်။ဂျော့ နဲ့ လန်နီ တို့ဟာ အဲဒီလို ရွှေ့ပြောင်းလယ်လုပ်သားနှစ်ယောက်ပါ။ ဂျော့ က ပညာမတတ်ပေမယ့် ထက်ထက်မြက်မြက်ရှိသူတစ်ယောက်။ လန်နီကတော့...လန်နီကတော့ ထွားကျိုင်းသန်စွမ်းလှတဲ့သူဖြစ်ပေမယ့် ပြောရရင် ဦးနှောက်ဖွံ့ဖြိုးမှုအားနည်းတယ် လို့ ဆိုရမလား၊ ကျပ်မပြည့်ဘူးလို့ပဲ မညှာမတာပြောရမလား ...
movie

Of Mice and Men (1992)

1992
Young Guns (1988) 6.8
Young Guns (1988) Young Guns (1988)ကြမ်းကြမ်းရမ်းရမ်း ကောင်းဘွိုင်ကား အနောက်ပိုင်းကား ကြိုက်တဲ့လူတွေအတွက် အလန်းစားရုပ်ရှင်လို့ ပြောလို့ရပါတယ်။ Billy the Kid လို့ခေါ်တဲ့ နာမည်ကြီး ဝရမ်းပြေး သေနတ်သမားအကြောင်း ဖြစ်ရပ်မှန်ကို ပုံစံသစ်နဲ့ ပြန်ပြောင်းပြောပြထားတဲ့ ဇာတ်လမ်းလည်းဟုတ်တယ်။ သူက အသက် ၂၁ မှာသေသွားပေမဲ့ သူမသေခင် ခပ်ငယ်ငယ်မှာတင် လူ ၂၁ ယောက်ကို သတ်ခဲ့တယ်လို့ တစ်ချို့ကပြောကြတယ်။ နယူးမက္ကစီကိုမှာဖြစ်ခဲ့တဲ့ လင်ကွန်းကောင်တီဝါးကိစ္စမှာလည်း လူသုံးယောက်သတ်ခဲ့တယ်ပြောကြတယ်။ ဒီကားကလည်း အဲဒီလင်ကွန်းကောင်တီဝါးမှာဖြစ်ခဲ့တဲ့ကိစ္စကိုပဲ ရိုက်ပြထားတာ။ Young Guns ဟာ Billy the Kid အကြောင်းရိုက်ထားတဲ့အထဲက သမိုင်းအချက်အလက်နဲ့ အကိုက်ဆုံးရုပ်ရှင်လို့လည်း ပြောကြတယ်။ ကားနာမည်နဲ့လိုက်အောင်ပဲ ဒီကားထဲက သေနတ်သမားတွေအကုန်လုံးဟာ အသက် ၂၀ အောက် ဖိုက်တာတွေချည်းပါပဲ။ ဒီရုပ်ရှင်က ၂ထွက်ထားသလို ၃လည်းလာဖို့ရှိပါတယ်။၁၈၇၈ နယူးမက္ကစီကိုမှာ ဂျွန်လို့ခေါ်တဲ့လူက လမ်းဘေးက အလေနတောသေနတ်သမားလေးတွေကိုခေါ် ...
movie

Young Guns (1988)

1988
Back to the Future Part II (1989) 7.8
Back to the Future Part II (1989) ဒီကားလေးကတော့ Channel Myanmar မှာ တစ်ခါ တင်ပေးဖူးတဲ့ Back To The Future ရဲ့ အဆက်လေးပါ။အဆက်ဆိုတဲ့ အတိုင်း ပထမပိုင်းကို ကြည့်ဖူးမှပဲ ဒီအပိုင်းကို ကြည့်ရတာ အရသာ ပိုရှိမှာပါ။ပထမပိုင်းကို ကြည့်ဖူးတဲ့သူတွေဆိုရင်လဲ ဒီအပိုင်းကို မကြည့်ပဲကို နေနိုင်ကြမှာ မဟုတ်ပါဘူး။ reviewတစ်ခုမှာ ရေးထား သလို ပါပဲ...Back To The Future ကို ရုပ်ရှင် အဖြစ် အသက်မသွင်းခင်ကဖန်တီးသူတွေ ဖြစ်ကြတဲ့ Robert Zemeckis နဲ့ Bob Gale တို့ကိုယ်တိုင်တောင်ဒီလောက် အောင်မြင်မှုနဲ့ ဝင်ငွေတွေ ရလိမ့်မယ်လို့ ထင်မိကြမှာ မဟုတ်ဘူးတဲ့။ ၁၉၈၉ မှာ ထွက်ရှိခဲ့တဲ့ ဒီအချိန်ခရီးသွား ဇာတ်ကားမှာ Marty Mcfly တစ်ယောက်အတိတ်ကနေ ပြန်ရောက်ရောက်ချင်းပဲ Dr.Emmett နဲ့အတူ အနာဂတ်ကို ဆက်သွားရဖို့ အကြောင်းဖန်လာပါတယ်။Marty လုပ်ရမယ့် ...
movie

Back to the Future Part II (1989)

1989
HEVC 1080p 5.1
Back to the Future (1985) 8.5
Back to the Future (1985) ဒီဇာတ်ကားက ၁၉၈၅ ခုနှစ်က ထွက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။Time Machine နဲ့အတိတ်ကိုသွားတဲ့ ပုံစံရိုက်ကူးထားပြီး အဲ့ဒီခေတ်လောက် ကတည်းကဆန်းသစ်တဲ့ Idea...ပစ္စည်းတွေကို သုံးပြီး ရုပ်ရှင်ရိုက်ကူးထားတာ ချီးကျူးဖွယ်ရာပါ။Adventure, Comedy, Sci-Fi အမျိုးအစားဇာတ်ကားဖြစ်ပါတယ်....ရယ်လဲရယ်ရသလို အဲ့ဒီခေတ် အဝတ်အစား ...ဒီဇိုင်း ...ပြောပုံဆိုပုံ... သရုပ်ဆောင်မှုတွေအကုန်လုံးရိုးသားသန့်စင်တဲ့အမူအရာနဲ့ နှစ်သက်ဖို့ကောင်းလွန်းပါတယ်။IMDb Rating (8.5/10) ထိရရှိထားသလို Rotten Tomatoes မှာလဲ (96%) ထိရရှိထားတဲ့ဇာတ်ကားပါ။Time Travel ဇာတ်ကားတွေထဲမှာတော့ အကောင်းဆုံးနဲ့ လူကြိုက်အများဆုံးလို့ သတ်မှတ်ရမယ့် ဇာတ်ကားပါ။Back to the Furure Trilogy အစအဆုံးကို back to the future – Search Results – Channel Myanmar မှာ ဝင်ပြီး ဒေါင်းလို့ရပါတယ် Quality__1080p Bluray HEVC IMDb Rating__8.5/10 Format__mp4 Duration__1h 56min Type__Adventure, Comedy, Sci-Fi Subtitle__Myanmar ...
movie

Back to the Future (1985)

1985
HEVC 1080p 5.1
Stand by Me 8.1
Stand by Me Stephen King ဆိုရင် Horror ဘုရင်ကြီးလို့ ပြေးမြင်ယောင်ကြလိမ့်မယ်ထင်တယ်။ ပြောလည်း ပြောချင်စရာပေါ့ IT တို့ Dark Tower တို့လို အကြမ်းစား universe တွေကို ဖန်းတီးခဲ့တဲ့သူကိုး။ ဒါပေမဲ့ ရိုးရိုးလေးနဲ့ လှနေတဲ့ ကားတွေလည်း ရှိခဲပါသေးတယ်။ တွမ်ဟမ့်ကြီးရဲ့ the Green Mile လို၊ လူတိုင်းအသည်းကျော် The Shawshank Redemption ဇာတ်လမ်းမျိုးတွေပေါ့။ အခု ဒီကားလေးက အေးအေးငြိမ်ငြိမ်လေးနဲ့ စိတ်လှုပ်ရှားရတဲ့ကားလေးပါ။ ထူခြားချက်ကတော့ ကလေးလေးတွေရဲ့ စွန့်စားခန်းလေးဖြစ်နေတာပါပဲ။ (IT ထဲတုန်းက အရှုံးသမားလေးများအဖွဲ့ကိုလည်း စိမ်းကြမယ်မထင်ဘူး) ဇာတ်လမ်းကတော့ ဟိုးလေတကျော် လူပြောများနေတဲ့ ကလေးပျောက်တဲ့ အမှုကို ကလေးတွေက အဖွဲ့လိုက် ပြန်ရှာကြတဲ့ဇာတ်လမ်းပါပဲ။ စရိုက်စုံတဲ့ ကလေးလေးယောက်ရဲ့အကြောင်းပေါ့။ ထုံးစံအတိုင်း နောက်ခံစကားပြောအေးအေးလေးနဲ့ မပျင်းရအောင်ဆွဲခေါ်သွားတဲ့ကားပါ။ File size… 1 Gb / 500 Mb Quality… Bluray ...
movie

Stand by Me