Channel Myanmar

Cassandra Naud

It’s a Wonderful Knife (2023)
It’s a Wonderful Knife (2023)  ဒီတစ်ခါမှာတော့ ခါတိုင်းလိုသမရိုးကျမဟုတ်တဲ့ ခရစ္စမတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်ကားလေးက Horror Comedy Mystery အမျိုးအစားလေးပါ။ဇာတ်လမ်းအကျဥ်းလေးကတော့ ဝင်နီခရူးသာစ်ဆိုတဲ့ကောင်မလေးဟာ ခရစ္စမတ်အကြိုညမှာ သူတို့မြို့က လူသတ်သမားကို သတ်လိုက်နိုင်ပြီး ​တစ်မြို့လုံးကိုကယ်တင်ပေးနိုင်လိုက်ပါတယ် အဲဒီလိုနဲ့တစ်နှစ်ကြာပြီး နောက်နှစ်ရဲ့ခရစ္စမတ်အကြိုည​​ပြန်ကောက်တဲ့အချိန်မှာ ဝင်နီဟာ မိဘတွေနဲ့ ကတောက်ကဆဖြစ် ရည်းစားနဲ့လည်းကွဲ တက္ကသိုလ်ဝင်ခွင့်ကလည်းမရနဲ့ စိတ်တွေရှုပ်ပြီး ''ကျွန်မသာမွေးဖွားမလာရင်ကောင်းမှာ ကျွန်မသာမွေးဖွားမလာခဲ့ရင် လူတွေအားလုံးအတွက် ပိုကောင်းနေမှာပဲဆိုပြီး ဆုတောင်းမိလိုက်တယ်ဒါပေမဲ့ အဲ့ဆုတောင်းကတကယ်ဖြစ်လာပြီး လောကကြီးမှာ ဝင်နီခရူးသာစ်ဆိုတဲ့ကောင်မလေး ဘယ်တုန်းကမှမရှိခဲ့တဲ့ပုံစံအတိုင်းဆက်ရှင်သန်နေကြပြီး သူမကိုလည်း ဘယ်သူကမှမမှတ်မိတော့ပါ။ သူမ ဘယ်တုန်းကမှမမွေးဖွားလာခဲ့တဲ့ အတွက်သူမသတ်ခဲ့တဲ့လူသတ်သမားကလည်းသေစရာမလိုပဲ ပြန်ရှင်ပြီးလူတွေကိုဆက်သတ်နေတဲ့အခါ ဝင်နီတစ်ယောက် သူတို့မြို့လေးကလူတွေကို ဘယ်လိုကယ်တင်မလဲ သူမရဲ့ဆုတောင်းကရော ဘယ်လိုကြောင့်ပြည့်သွားရတာလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားရမှာပါ File size…(1.2 GB)/(659 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Horror, Thriller, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie

It’s a Wonderful Knife (2023)

Influencer (2022) 6.1
Influencer (2022)  အရမ်းလည်း dark မဖြစ်ဘဲ တထိတ်ထိတ်နဲ့ရင်ခုန်ရမဲ့ mystery ဆန်ဆန် movie ကောင်းလေးတွေကို နှစ်သက်တတ်တဲ့သူတွေအတွက် (၂၀၂၃) ထွက် အသစ်ဆက်ဆက် mystery ကားသစ်တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ။ မက်ဒီဆင်က နာမည်သိပ်မရှိတဲ့ သာမန် social influencer တစ်ယောက်ဖြစ်ပြီး ထိုင်းနိုင်ငံကို အလည်အပတ်ခရီးစဉ်အနေနဲ့ရော၊ ကြော်ငြာပစ္စည်းတွေအတွက် blog တွေရိုက်ကူးဖို့အတွက်ရော ရောက်ရှိလာခဲ့ပါတယ်။မပြေလည်တဲ့ rs ပြဿနာတွေအတွက်ရော၊ မအောင်မြင်တဲ့ သူ့ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းကြောင့်ရော စိတ်ဖိစီးမှုတွေများနေစဉ်မှာပဲ CW လို့ခေါ်တဲ့ ထူးဆန်းတဲ့မိန်းကလေးတစ်ယောက်ရဲ့ စတွေ့ခဲ့ပါတယ်။ CW က ဖော်ရွေတတ်တဲ့သူတစ်ယောက်ဖြစ်ပြီး သူ့အတွက်လည်း အများကြီးကူညီပေးခဲ့တဲ့ မိတ်ဆွေတစ်ယောက်ပါ။ ဒါပေမဲ့လည်း မက်ဒီဆင်ထိုင်းနိုင်ငံကပြန်ခါနီးမှာပဲ ပက်စပို့ခိုးခံလိုက်ရပြီး ထူးဆန်းတဲ့ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်လာပါတော့တယ်။ ဇာတ်လမ်းက ပုံမှန်နဲ့မတူတဲ့ ဇာတ်အိမ်ခပ်ဆန်းဆန်းလေးနဲ့ ရိုက်ကူးထားတာဖြစ်ပြီး IMDB rating ကလည်း 6.1 အထိရရှိထားတာမို့ mystery ဆန်ဆန်ဇာတ်ကားတွေကို နှစ်သက်တတ်တဲ့သူတွေအတွက် ကြည့်ရအဆင်ပြေစေမဲ့ ...
movie

Influencer (2022)