Channel Myanmar

Catherine Cohen

The Lovebirds (2020) 6.1
The Lovebirds (2020) Eternalsဇာတ်ကားမှာ Bollywood ကိုရောက်နေတဲ့Eternal Kingoအ‌နေနဲ့သရုပ်ဆောင်ခဲ့တဲ့Kumail Nanjiani(ပိုးဟပ်မှာ ပုံအသုံးခံလိုက်ရလို့နာမည်ကြီးသွားတဲ့ဆရာကြီး)နဲ့အာသွက်လျှာသွက် Comedy movie အများစုမှာပါ၀င်နေကျဖြစ်တဲ့Issa Raeတို့ရဲ့ အချစ်ဟာသဇာတ်ကားလေးတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဂျီဘရန်နဲ့ လီလာနီဆိုတာက တကယ့်ထူးထူးခြားခြားအတွဲ။ဂျီဘရန်ဆိုတာက ပါကစ္စတန်သား ကမ္ဘာကြီးကိုအဆိုးဘက်ကနေပဲကြည့်တတ်သလို ဘ၀ကြီးမှာ ဘာမှမစွန့်စားရဲပိုနေမြဲကျားနေမြဲနေတတ်သူ စိတ်လှုပ်ရှားတဲ့အချိန်ဆိုဘာမဟုတ်တဲ့ အကြောင်းအရာတခုကအစတောင်စဉ်ရေမရလျှောက်ပြောလိုက်ရမှ။အန္တရာယ်ဆိုတာနဲ့ ပြေးလိုက်ရမှဆိုတဲ့လူမျိုး။လီလာနီဆိုတာက လူမည်းအမျိူးသမီး အရမ်းလည်းစပ်စုပါလေရာငပိချက် ပြောချင်တဲ့အကြောင်းအရာတခုကိုကရားရေလွှတ် အဆုံးထိဖြစ်ချင်ရာဖြစ်ပြောထည့်လိုက်ရမှကျေနပ်တဲ့လူမျိုး။ဒီလိုမျိုးနဲ့ ချိန်းတွေ့မယ့်စားသောက်ဆိုင်ရွေးတာကအစရန်တကျက်ကျက်ဖြစ်နေရတဲ့ သူတို့နှစ်ယောက် ‌တနေ့မှာတော့ လမ်းခွဲဖို့ဆုံးဖြတ်ကြရင်းနဲ့မတော်မဆ လူသတ်မှုတခုထဲဆွဲထည့်ခံလိုက်ရပါတော့တယ်။ဒီလူသတ်မှုမှာ အပြစ်မရှိတာကို သက်သေပြနိုင်ဖို့လီလာနီရဲ့ မဟာအကြံကြီးအတိုင်း စုံစမ်းကြတာကနေသူတို့ ဘုနဲ့ဘောက်အတွဲ ဘယ်လိုမျိုး တလွဲတွေဖြစ်ဦးမှာလဲ။သူတို့ရဲ့အပြစ်ကင်းမှုကို သက်သေပြနိုင်မှာလား။သူတို့ရဲ့အရင်တည်းကဆိုးရွားလာနေတဲ့ realtionship ကိုရောပြန်အဖတ်ဆယ် ကယ်တင်နိုင်ဦးမလား။အဆုံး‌မှာဘယ်လိုမျိုး ဒီဇာတ်လမ်းလေးတခု ပြီးဆုံးသွားမလဲဆိုတာကိုthe lovebirds ဆိုတဲ့ အချစ်ဟာသဇာတ်ကားလေးမှာရှုစားအားပေးကြပါဦးခင်ဗျ။ File size…  1.67 GB /  640 MB Quality… Web-Dl 1080p / 720p Format… mp4 Duration…. 1h 25m Genre .....  ...
movie

The Lovebirds (2020)

2020
Home Sweet Home Alone(2021)
Home Sweet Home Alone(2021) Home Alone(2021) ==============Comedy,Familyခရစ်စမတ် ရာသီစာလို့ပြောလို့ရပြီးကလေးဘဝက လူတိုင်းနှစ်သက်ခဲ့တဲ့ Home Alone ရဲ့ Rem‌akeHome Sweet Home Alone ထွက်ရှိလာပါပြီ. ဇာတ်လမ်းကတော့ ခရစ်စမတ် မိသားစုအားလပ်ရက်ခရီးမှာ မက်စ်ဝဲမာဆာဆိုတဲ့၁၀ နှစ်သားကောင်လေးက အိမ်မှာ ၁ ယောက်ထဲကျန်ခဲ့တဲ့ ပုံစံနဲ့တည်ထားပါတယ်သူ့ဆီကနေ မက်ကင်ဇီစုံတွဲက တန်ဖိုးကြီးကြွေရုပ်ကို လုယူဖို့ကြိုးစားတဲ့ပုံစံကို တင်ဆက်ထားတာပါဒါကို မက်စ်ဝဲလ်တစ်ယောက် ဘယ်လိုအလွဲလွဲအချော်ချော်တွေ လုပ်ရင်းနဲ့ ဖြတ်သန်းသွားမလဲဆိုတာကိုကြည့်ရှုရမှာပါ . ၁၉၉၀ ကျော်က Home Alone ကားတွေလောက်မှီမယ်မထင်ပေမယ့်...ငယ်ဘဝဇာတ်ကားတွေကို ပြန်လည်သတိရစေပြီးခရစ်စမတ်မှာ မိသားစုနဲ့ ကြည့်ရှုဖို့အတွက် ကားကောင်းလေးဖြစ်စေမှာပါ( ဇာတ်လမ်းအညွှန်းကိုတော့ Thiha Yan Naing ရေးသားပြီးဘာသာပြန်သူများကတော့ Thiha Yan Naing & Thura Hein တို့ဖြစ်ပါတယ်)   File size…970MB / 1.4GB Quality… 720 p  / 1080p WEB RIP X264 ...
movie

Home Sweet Home Alone(2021)

2021
Dating & New York(2021) 5.1
Dating & New York(2021) တစ်ချိန်ကနယူးယော့ခ်မှာပေါ့ဗျာ....ခဏခဏလမ်းခွဲခံရတဲ့ ဝင်ဒီ ဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိသတဲ့...အချစ်စစ်အချစ်မှန်ကိုလိုက်ရှာနေတဲ့ မိုင်လိုဆိုတဲ့ ကောင်လေးတစ်ယောက်လည်း ရှိပါတယ်တဲ့ဝင်ဒီက ခဏခဏ စာလေးပေးပြီးဖြတ်ခံထားရတော့ လမ်းခွဲခံရတာ အဖြတ်ခံရတာကို စိတ်နာနေမိတာပေါ့။ Trauma ရနေတယ်ပေါ့။ဒါပေမဲ့လည်း တစ်ကိုယ်တည်းနေရတာထက် ဖူးစာရှင်အစစ်နဲ့ ဆုံတွေ့ချင်နေတဲ့အချိန်မှာ အချစ်စစ်ကိုလိုက်ရှာနေတဲ့ မိုင်လိုနဲ့သွားတွေ့ပါတယ်။သူတို့နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက်သဘောကျပေမဲ့ ဝင်ဒီက လမ်းခွဲခံရမှာကြောက်နေတော့လည်း အတိအလင်းမတွဲဘဲ Friends with benefits ပုံစံမျိုးနဲ့ တွဲကြမယ်ဆိုပြီး စာချုပ်ချုပ်လိုက်ကြပါတယ်။မိုင်လိုကလည်း လိုလိုလားလား လက်ခံပြီး တွဲကြည့်နေကြရင်း စာချုပ်ထဲအချက်တွေကို တကယ်ပဲစောင့်ထိန်းနိုင်ပါမလား...သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးက ဘယ်လိုဖြစ်မလဲပျော်စရာဇာတ်သိမ်းလေးလား...ဝမ်းနည်းစရာဇာတ်သိမ်းလေးလား....ပုံပြင်လေးကတော့ စပါပြီ။(ဘာသာပြန်တင်ဆက်ပေးသူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်)   File size…(1.3 GB)/ (690 MB)/ (318 MB) Quality…WEB-DL 1080p /720p / 480p Format…mp4 Duration….01:31:00 Subtitle….Myanmar Subtitle (Hardsub) Encoder….d3mon Translated by   Tin Myo Lwin
movie

Dating & New York(2021)

2021