Channel Myanmar

Catherine Giron

Fifi (2022) 6.7
Fifi (2022) Fifi (2022) ========= IMDb Rating - 6.7/10ပြင်သစ်ကားတွေထုံးစံအတိုင်း ခပ်မျောမျောလေး ခံစားကြည့်ရှုရမယ့် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဖီဖီဟာ ကလေးတွေတရုန်းရုန်းနဲ့ အမြဲဆူညံပြီး ပြဿနာတွေများနေတဲ့ မိသားစုတစ်စုမှာ နေရသူလေးပါ။ တစ်နေ့တော့ ချမ်းသာတဲ့ သူငယ်ချင်းမတစ်ယောက်ရဲ့အိမ်ကို လူတွေမရှိချိန် ခိုး၀င်ပြီး သူတစ်ယောက်တည်း စိတ်အေးလက်အေးနေလို့ရမယ့်နေရာအဖြစ် စိတ် ထွက်ပေါက်ရှာခဲ့ပါတယ်။ ဖြစ်ချင်တော့ သူ့သူငယ်ချင်းမရဲ့အစ်ကိုကလည်း နွေရာသီအားလပ်ရက် အိမ်ပြန်ရောက်လာပါတယ်။ ဒီလိုနဲ့အိမ်ထဲမှာ သူတို့ နှစ်ဦး မထင်မှတ်ဘဲ ဆုံမိကြတဲ့အခါ။ပြင်သစ်အရှေ့ပိုင်း နန်စီဆိုတဲ့မြို့လေးက နွေရာသီကာလကို နောက်ခံထားတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ရဲ့ ဖူးသစ်စအချစ်ဇာတ်လမ်း ရိုးရိုးလေးပါပဲ။ ဒီဇာတ်လမ်းရိုးရိုးလေးကပဲ ကြည့်ကောင်းနေပြန်တာမို့ လူငယ် အချစ်ဇာတ်လမ်းတွေကြိုက်တတ်သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(1.9 GB) / (796 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 49Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......C'mon Encoder..........SWM
movie

Fifi (2022)

2022
Café de Flore (2011) 7.3
Café de Flore (2011) Café De Flore (2011)IMDb - 7.3/10ဒီတစ်ခေါက် ဇာတ်လမ်းလေးက စော်ပစ်၊ဘဲပစ်၊ ကြူရစ်လန် ကျန်ရစ်လူလေးတွေအတွက်ငါ့အကြောင်းနဲ့တိုက်ဆိုင်လိုက်တာလို့ ထအော်ရမယ့် ဇာတ်လမ်းမျိုးပါ။ဇာတ်လမ်းကြည့်ပြီးတဲ့အခါ move on လုပ်သွားနိုင်ရင်တော့ ဝမ်းသာစရာပေါ့နော်။မုအွန်မလုပ်သွားနိုင်ဘူးဆိုရင်လည်း ကြေကွဲလိုက်…. ဇာတ်လမ်းအညွှန်း၁၉၆၀နှစ်ပိုင်းက ပဲရစ်မြို့မှာ လောရန့်ဆိုတဲ့ ဒေါင်းဆင်ဒရုန်းကလေးလေးနဲ့သူ့မိခင် ဂျက်ကွာလင်းတို့အဖြစ်က မျှော်လင့်ချက်တွေအပြည့်၊တစ်ဖက်မှာလည်း ဝမ်းနည်းစရာအပြည့်ပါပဲ။၂၁ရာစု မွန်တီရယ်မြို့မှာ နာမည်ကြီးဒီဂျေတစ်ယောက်ဖြစ်တဲ့အန်တိုနီဟာ ဇနီးဟောင်းနဲ့သမီးလေးနှစ်ယောက်နဲ့ ပြိုကွဲသွားတဲ့မိသားစု၊တစ်ဖက်မှာလည်း အချစ်သစ်ကို ပိုင်ဆိုင်ထားပါတယ်။ဒီဇာတ်လမ်းရဲ့ ဆွဲဆောင်မှုရှိတဲ့အချက်ဟာ နေရာမတူတဲ့၊ကွာဟနေတဲ့အချိန်အပိုင်းအခြားကဒီဇာတ်ကြောင်းတွေကို parallel line တစ်ခုအနေနဲ့ ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဂျက်ကွာလင်းဟာ ယောကျ်ားပစ်ထားခံခဲ့ရပြီး တစ်ခုလပ်မိခင်တစ်ယောက်အနေနဲ့ဒေါင်းဆင်ဒရုန်းလေး လောရန့်ကို စောင့်ရှောက်နေပါတယ်။သူ့သားလေးအတွက် သူ့ဘဝကို မြှုပ်နှံထားပြီးတော့သူ့သားလေးဟာ သူ့ဘဝရဲ့မျှော်လင့်ချက်လေးဖြစ်လာပါတယ်။တစ်နေ့တော့ လောရန့်ဟာ ကျောင်းမှာသူ့လိုဒေါင်းကလေးမလေး ဗယ်ရိုကို ချစ်မိသွားပါတယ်။ အန်တိုနီနဲ့ ကာရိုးလ်တို့ဟာ ၁၅နှစ်အရွယ်တည်းက တွေ့ဆုံခဲ့ကြပြီးစွယ်တော်ရွက်လေးလို နှစ်လွှာပေါင်းမှတစ်ရွက်လို့ ခံယူခဲ့တဲ့သူတွေပါ။ယခုလက်ရှိ ကွာရှင်းပြီးတဲ့နောက်မှာ အန်တိုနီဟာ ရို့စ်ဆိုတဲ့ကောင်မလေးနဲ့ အချစ်ဇာတ်လမ်းခင်းထားတယ်။တစ်ဖက်မှာ ကာရိုးလ်တစ်ယောက်ကတော့ ကွာရှင်းမှုကိုလက်မခံနိုင်သေးဘဲ move on ...
movie

Café de Flore (2011)

2011