Channel Myanmar

Cédric Kahn

Neneh Superstar (2023)
Neneh Superstar (2023)  ယ‌ခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၂ ခုနှစ်ထွက် ပြင်သစ်ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ အသက် ၁၂ နှစ်အရွယ် Neneh ဆိုတဲ့ကောင်မလေးတစ်ယောက်အကြောင်းပါ။ သူမကလူမည်းတစ်ယောက်ပါ။ သူမဟာဘဲလေးအကကိုအရမ်းဝါသနာပါပါတယ်။ ဒီတော့သူမကပဲရစ်မြို့ကအော်ပရာဘဲလေးသင်တန်းကျောင်းမှာဝင်ခွင့်သွားလျှောက်တဲ့အခါ ပါရမီပါသူတယောက်ဖြစ်တဲ့အတွက်ဝင်ခွင့်ရခဲ့ပါတယ်။ဒါပေမဲ့ လူမည်းတစ်ယောက်ဖြစ်နေတဲ့အတွက် ကျောင်းအုပ်ကြီးကတော့ သူမကိုသဘောမကျပါဘူး။ ကျောင်းအုပ်ကြီးကဘဲလေးအကဟာလူဖြူတွေကတာဆိုတဲ့ရိုးရာကိုထိန်းသိမ်းချင်သူပါ။ဒီတော့ Neneh အနေနဲ့လူဖြူတွေကြားထဲကလူမည်းတစ်ယောက်ဖြစ်နေတော့ ကျောင်းအုပ်ကြီးရဲ့ကြည်ဖြူမှုကိုရဖို့ အခြားသူတွေထက်ပိုကြိုးစားရပါတယ်။ထို့ပြင် Neneh ကထူးချွန်တဲ့အတွက်ကြောင့်မနာလိုတဲ့ကျောင်းသူအချို့ကလည်းရှိနေပါတယ်။သူတို့က Neneh ကိုပြဿနာရှာကြတဲ့အခါ Neneh အနေနဲ့မိဘခေါ်ပြီးကျောင်းအုပ်ကြီးနဲ့တွေ့ရတာမျိုး‌တွေရှိလာပါတယ်...ထိုအခါ Neneh ရဲ့အခြေအနေဟာပိုပြီးတော့ကျပ်တည်းလာပါတယ်....ဒီဇာတ်ကားမှာ လူဖြူတွေရဲ့ခွဲခြားမှုကိုခံရတဲ့လူမည်းမိန်းကလေးရဲ့ခံစားချက်တွေ...သူမဘဝအပေါ်မကျေနပ်မှုလေးတွေရိုက်ပြထားပါတယ်...ခံစားကြည့်ကြပါခင်ဗျာ.... File size…(1.2 GB)/(626 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Drama, Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie

Neneh Superstar (2023)

November (2022) 6.9
November (2022) November (2022) ============= IMDb Rating - 6.9/10၂၀၁၅ နိုဝင်ဘာသောကြာနေ့မှာပြင်သစ်နိုင်ငံ ပါရီမြို့တော် တစ်ဝှမ်းအကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားပြီး လူပေါင်း ရာချီသေဆုံးခဲ့ရပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေဟာ ပြင်သစ်နိုင်ငံအတွက် ဒုတိယကမ္ ဘာစစ်ပြီးတဲ့နောက် အပြင်းထန်ဆုံးတိုက်ခိုက်မှုဖြစ်ခဲ့သလို၊ EU အတွက်လည်း ၂၀၀၄ မှာဖြစ်ပွားခဲ့တဲ့ မက်ဒရစ်ရထား ဗုံးဖောက်ခွဲမှုအပြီး လူသေဆုံးမှုအများဆုံးဖြစ်ခဲ့ပါတယ်။ဒီဇာတ်ကားမှာတော့ အဲ့ဒီဖြစ်ရပ်နောက်ကွယ်က လက်သည် တရားခံတွေကိုစုံစမ်းဖော်ထုတ်ကြတဲ့ ပြင်သစ်အကြမ်းဖက် တိုက်ဖျက်ရေးဌာနရဲ့ ငါးရက်တာကာလ လှုပ်ရှားရုန်းကန်ကြိုး စားမှုတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ရုံတင်ဝင်ငွေကြမ်းသလို ဝေဖန်ရေးဆရာတွေရဲ့မှတ်ချက်ကောင်းတွေကိုလဲရရှိထားပြီး လာမယ့် César Awards အတွက်လည်း ဆန်ကာတင် ခုနှစ်ဆု ထိဝင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ဖြစ်ရပ်မှန် မှုခင်းကြိုက်ပရိသတ်တွေအနေနဲ့လက်လွတ်မခံသင့်တဲ့ ဇာတ် ကားတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.36 GB) / (555 MB) / (313 MB) Quality............Blu-Ray 1080p / 720p / 480P Duration.........1Hr 40Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama, Thriller Translator.......Alias Encoder..........SWM
movie

November (2022)

2022
Summer Frost (2022) 5.7
Summer Frost (2022) Summer Frost (2022) ================၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Un hiver en été (Summer Frost) လို့ အမည်ရတဲ့ ပြင်သစ်ရုပ်ရှင်ကားတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားကို ဒါရိုက်တာ Laetitia Masson ကိုယ်တိုင်ရေးသားရိုက် ကူးခဲ့ပြီး ဇာတ်လမ်းပုံစံကတော့ Drama ရုပ်ရှင်အမျိုးအစားဖြစ် ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ ပြင်သစ်နိုင်ငံရဲ့ နွေရာသီတစ်ခုမှာ ရုတ်တရက်အပူချိန်မညီမျှမှုတွေ ဖြစ်ပေါ်ခဲ့ရာကနေ ပြင်းထန်တဲ့ အအေးလှိုင်းဖြတ်ခြင်းကို ခံစားခဲ့ရပါတယ်။ အအေးဓာတ်က (-10C) အထိကျဆင်းသွားခဲ့ပြီး ရေပိုက်လိုင်းထဲကရေတွေပါ ခဲကုန် ကာ လူတွေရော တိရိစ္ဆာန်တွေပါ အစာရေစာပြတ်လပ်မှု၊ အဆုံး စွန်ထိ အေးခဲမှုတွေကြောင့် အသက်သေဆုံးကြတဲ့အထိ ဖြစ်ကုန် ကြပါတယ်။ တဖြည်းဖြည်းပိုအေးလာတာကြောင့် မကြာခင်မှာပဲ ကမ္ဘာပျက်တော့မယ်ဆိုပြီး သတင်းတွေမှာ ကြေညာနေကြပါတယ်။ ပိုက်ဆံသိပ်ချမ်းသာတဲ့ တချို့လူတွေကတော့ အင်္ဂါဂြိုဟ်ပေါ်မှာ သွားနေနိုင်ဖို့အထိ ပြင်ဆင်နေကြပြီး သာမန်လူတွေမှာတော့ စိတ် ဓာတ်ကျကာ မျှော်လင့်ချက်မဲ့နေကြပါတယ်။ဒီဇာတ်လမ်းထဲက ဇာတ်ကောင်ဆယ်ယောက်ရဲ့ အထီးကျန်ဝမ်း နည်းမှု စိတ်ပျက်မှုတွေကြောင့် ကမ္ဘာမပျက်ခင် မျှော်လင့်ချက်နဲ့ အချစ်ကိုလိုက်ရှာနေကြတဲ့အကြောင်း ရိုက်ပြထားပါတယ်။ ဇာတ် ကောင်တစ်ယောက်ချင်းစီရဲ့ စရိုက်၊ ခံယူချက်နဲ့ မျှော်လင့်ချက်အ သီးသီးကို ရောနှောပြသထားပြီး ဇာတ်ရှိန်အတက်အကျနည်းပြီး ခပ်အေးအေးဇာတ်လမ်းလို့ထင်ရပေမယ့် ဇာတ်လမ်းထဲမှာ ...
movie

Summer Frost (2022)

2022
Summer Frost (2022) 5.7
Summer Frost (2022) Summer Frost (2022)လူသားတို့ရဲ့ လုပ်ရပ်တွေကြောင့် လူသားတို့ရဲ့ ကမ္ဘာကြီး အဆုံးသတ်လုနီးပါး ရောက်နေတဲ့ အချိန်ကာလတစ်ခုရဲ့ နွေခေါင်ခေါင်မှာ...အပူချိန်တွေ အနုတ်လက္ခဏာထိ ကျဆင်း...ရေခဲအလား အေးတဲ့ လေထုကြီးစိုးနေချိန်...ပါရီမြို့ရဲ့ နောက်ခံဝန်းကျင်တစ်ခုနဲ့အတူ...လားရာမတူတဲ့ အထီးကျန်လူသား ၁၀ ယောက်ရဲ့ ခက်ခဲကြမ်းတမ်းတဲ့ အချိန်ကာလမှာ လောကဓံကို ကြံ့ကြံ့ခံရင်း မရေရာတဲ့ အနာဂတ်အတွက် ရှေ့ဆက်ကြပုံတွေကို ကိုယ်စီဇာတ်လမ်းတွေနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ ပြင်သစ်ကားလေး တစ်ကားပါ။ ပြင်သစ်ကားဆိုတဲ့အတိုင်းပဲ ဒိုင်ယာလော့ဂ်တွေဟာ ကြည့်နေရင်းတန်းလန်းနဲ့တင်ကို အတွေးစတွေ အဆုံးမသတ်နိုင်ဖြစ်စေမှာကတော့ အသေအချာပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို Act Molemy မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.8GB, 760MB Quality - 1080p, 720p IMDb Rating - 5.7/10 Format - mp4 Duration - 1H 52Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated ...
movie

Summer Frost (2022)

2022
The Mad Women’s Ball (2021) 6.6
The Mad Women’s Ball (2021) The Mad Women's Ball (2021)======================IMDb Rating - 6.6/10လူတွေက လူတစ်ယောက်ရူးခြင်းမရူးခြင်းကို ဘယ်လိုစံနှုန်းတွေနဲ့သတ်မှတ် နေကြတာလဲ။ ဘုရားသခင်ကိုမြင်နေပြောနေရတယ်လို့ပြောတဲ့ လူတစ်ယောက် ကိုကျ လူတွေကအရူးလို့မသတ်မှတ်ဘဲ သရဲဝိဉာဉ်တွေကိုမြင်ရပြောနေရတယ်လို့ ပြောတဲ့လူကိုကျ အရူးတစ်ယောက်လို သတ်မှတ်နေကြတာလဲ။ ပြီးတော့ လူတစ် ယောက်ကရူးသွပ်သွားရင် လူမဟုတ်တော့ဘူးလား။ တိရိစ္ဆာန်တွေထက်ကိုဆိုးဝါးတဲ့ နည်းတွေနဲ့ ဆက်ဆံခွင့်ရှိနေသလား။ ရူးသွပ်နေတဲ့လူတစ်ယောက်က လူ့အဖွဲ့အစည်း အတွက်အမှိုက်လား ကြိုက်သလိုလုပ်ခွင့်ရှိတဲ့အစမ်းသပ်ခံလား။သေချာတာကတော့ ရူးသွပ်နေတဲ့လူတစ်ယောက်က လူ့အဖွဲ့အစည်းကိုဘာဒုက္ခမှ မပေးတာပါပဲ။ စံနှုန်းတွေလက်ဝယ်ပိုက်ပြီး လူကြီးလူကောင်းဂိုက်နဲ့နေနေတဲ့လူတချို့ ကသာ လူ့အဖွဲ့အစည်းအတွက်အမှိုက်လိုလူတွေ လူအဖွဲ့အစည်းကိုဒုက္ခပေးပြီး သူတို့ စိတ်ပျော်ရွှင်ရာအတိုင်းလုပ်ဆောင်နေကြတဲ့လူတွေပါ။ ဒီကားလေးထဲမှာ ဝိဉာဉ်တွေကို မြင်ရလို့ အရူးလို့သတ်မှတ်ခံရပြီး စိတ္တဇဆေးရုံကိုအပို့ခံခဲ့ရတဲ့ ယူဂျင်းကလဲရ်၊၊ စိတ္တဇဆေးရုံမှာ လူကြီးလူကောင်းတချို့ရဲ့ အစမ်းသပ်ခံအရုပ်လေးတွေလို စိတ်ဖြေရာ အရုပ်လေးတွေလိုပြုသမျှနုနေကြရတဲ့ အရူးလို့သတ်မှတ်ခံအမျိုးသမီးလေးတွေရဲ့ဘဝကို ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်)File Size - (2.73 GB) / (663 MB) / (406 MB) Quality – Web-DL 1080p / 720p/480p Duration - ...
movie

The Mad Women’s Ball (2021)

2021
Cold War (2018) 7.6
Cold War (2018) Cold War (2018)=============IMDb Rating 7.6/10#UnicodeCold Warကိုကြည့်ပြီးနောက် တွေးမိတာက ကျောင်းသင်ရိုးက မြန်မာကဗျာတွေရဲ့ အ‌ရေးပါပုံကိုပါပဲ။ Cold Warဟာ ဂီတသမားတစ်ယောက်က ဂီတတင်ဆက်မှုတစ်ခုလုပ်ဖို့ လူစုတဲ့အကြောင်းကနေ အစပြုထားတယ်။ သူ့တင်ဆက်ချင်တဲ့ဂီတက နည်းနည်းတော့ထူးခြားတယ်။ ကျေးတောနေလူတန်စား‌တွေရဲ့ ဂီတ။ ကျွန‌်တော်တို့ မြန်မာကဗျာမှာသင်ရတဲ့ တောင်တွင်းရှင်ငြိမ်းမယ်ရဲ့ အိုင်ချင်းတွေလိုကဗျာတွေကို ဆိုကြတဲ့ဂီတမျိုးပဲ။ ကောက်စိုက်သမဂီတပဲဆိုရမယ်။ ဒီဂီတလေးတွေက ဒီကားရဲ့အသက်ပဲထင်တယ်။ Cold Warဟာ ဒီတစ်မူထူးတဲ့ဂီတ‌တွေကြောင့်ပဲ တခြားMusical Dramaတွေထက်ထူးနေတယ်။ ဒီဂီတကဗျာတွေရဲ့ အရေးပါပုံကိုခံစားမိတော့ ကျွန်တော် ကျောင်းသင်ရိုးကကဗျာတွေ အရေးပါတာတွေးမိတယ်။ ကိုယ့်ဘာသာဆို သိချင်မှသိမယ်ကိုး။ မူရင်းပိုလန်ဘာသာကနေ အင်္ဂလိပ်လိုပြန်ထားတာကိုမှ ဗမာလိုပြန်ရေးတာမို့ Lost in Translation အများကြီးရှိနိုင‌်ပေမယ့် ဒီထဲက သီချင်းတွေကို ကျေးလက်ကဗျာ အငွေ့အသက်ရအောင်ပဲ ပြန်ထားပေးပါတယ်။Cold Warရဲ့တစ်ချို့ အခန်းတွေဟာ သိပ်လှတယ်။ ကျွန်တော်အကြိုက်ဆုံးအခန်းက ကျေးလက်ဂီတတွေကို နိုင်ငံရေးစည်းရုံး‌ရေးသီချင်းဖြစ်အောင် မလွဲရှောင်သာလို့ သုံးပေးလိုက်ရပေမယ့် အဲ့ဒီဂီတတင်ဆက်မှုရဲ့ အောင်မြင်မှုအတွက် အားလုံးလက်ခုပ်တီးနေချိန်မှာ လက်ခုပ်မတီးနိုင်တဲ့ ဂီတတင်ဆက်မှုရဲ့ ပဲ့ကိုင်ရှင် နှစ်ယောက်နဲ့ သူတို့ရဲ့ မသက်မသာမျက်နှာတွေပါပဲ။ရုပ်ရှင်နာမည်ကတော့ ဇာတ်အိမ်ကို ပိုလန်ရဲ့စစ်အေးတိုက်ပွဲ ကာလအတွင်းတည်ထား တာမို့ Cold Warလို့ပေးထားပေမယ့်။ စစ်နဲ့ ပက်သက်တာ ဘာမှမပါပါဘူး။ သမိုင်းအစစ်တွေတော့ ယူသုံးထားတယ်။ Cold Warဟာ 2018ထွက်ဆိုပေမယ့် ဒါရိုက်တာက သူ့အနုပညာရည်ကို လက်စွမ်းပြချင်တော့ အဖြူအမဲနဲ့ရိုက်ထားတယ်။ အဲ့ဒီနှစ်က ရုပ်ရှင်ဓာတ်ပုံ ပညာနဲ့ အော်စကာဆန်ခါတင်၀င်ခဲ့သေးပေမယ့် Romaရသွားတယ်။ သူအသားပေးဖော်ပြသွားတဲ့ ကျေးလက်ဂီတတွေရဲ့ ခံစားမှုမျိုးကိုပဲ Cold War က ...
movie

Cold War (2018)

2018