Channel Myanmar

Cedric the Entertainer

Ice Age (2002) 7.5
Ice Age (2002) ဒီကားဟာ Ice Age franchiseရဲ့ ပထမဆုံးဇာတ်ကား ဖြစ်သလိုကျွန်​တော်တို့ ချစ်ရတဲ့ ဇာတ်​ကောင်​တွေကို ပထမဆုံး မြင်ဖူးခဲ့တဲ့Animationလည်း ဖြစ်ပါတယ်။ မန်နီ၊ ဒီ​ယေဂို၊ ဆစ်ဒ​နေ ​ဘော်ဒါသုံး​​ယောက်ဟာ အဖွဲ့မဖြစ်သေးပါဘူး။သူတို့ကိုဆုံ​စေခဲ့တဲ့ အဓိကအ​ကြောင်းရင်းက​တော့က​လေးတစ်​ယောက်ပါပဲ။ဒီ​ယေဂိုရဲ့ ကျားအုပ်က လူ​သားတွေကို တိုက်ခိုက်ရင်း ထွက်​ပြေးလွတ်​မြောက်လာတဲ့ မိခင်တစ်​ယောက်နဲ့ က​​လေးတစ်​ယောက်ကဆစ်ဒ် မန်နီတို့နဲ့ တိုက်တိုက်ဆိုင်ဆိုင်တွေ့ခဲ့ပြီး မိခင်ဆုံးပြီး​နောက်ကျန်ခဲ့တဲ့ လူမမယ်က​လေး​​လေးကို သူ့ဖခင်လူသား​တွေဆီ ပြန်ပို့​ပေးဖို့က မန်နီတို့ရဲ့တာဝန် ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်းဒီ​ယေဂိုရဲ့ခေါင်း​ဆောင်ကျားက အဲဒီက​လေးကို အရှင်လတ်လတ်ပြန်ဖမ်း​ခေါ်လာဖို့ အမိန့်​ပေးထားလို့ ဒီ​ယေဂိုအ​နေနဲ့ မန်နီနဲ့ ဆစ်ဒနီ၂​​ကောင်ကြား ဝင်​ရောဖို့ ကြိုးစားရင်း အလွဲလွဲအ​ချော်​ချော်​​တွေ၊ပဋိပက္ခ​တွေ ​ပေါင်းစုံနဲ့ ဗရုတ်သုက်ခအဖွဲ့ကြီးရဲ့ မဟာစွန့်စားခန်းစတင်ခဲ့ပါ​တော့တယ်။  File size…  4.2 GB / 1.6 GB /  837 MB Quality… Web-DL  4K HDR /  1080p / 720p Format… ...
movie

Ice Age (2002)

2002
4K HEVCHDR
First Reformed (2017) 7.1
First Reformed (2017)  ဒီဇာတ်ကားလေးကတော့ မင်းသားကြီး Ethan Hawke ပါဝင်ထားတဲ့ psychological drama လေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ဖာသာတိုလာဟာ အရွယ်ကောင်းစဉ်က စစ်တပ်ထဲကသင်းအုပ်ဆရာဖြစ်ပါတယ်။ မိန်းမဖြစ်သူသဘောမတူတဲ့ကြားက သားဖြစ်သူကို စစ်မှုထမ်းပြီး စစ်တိုက်ထွက်ဖို့ ကိုယ်တိုင် တိုက်တွန်းခဲ့ရာကနေ သားဖြစ်သူ စစ်ပွဲမှာ ကျဆုံးသွားခဲ့တဲ့အတွက် စိတ်ထောင်းကိုယ်ကြေဖြစ်ကာ စစ်ထဲကထွက်လာပြီး ဘုရားကျောင်းလေးတစ်ခုမှာ ရောဂါအခံလေးရှိလာတဲ့ သူ့ဘဝကို ဘယ်လိုကြိုးစား ရုန်းကန်းဖြတ်သန်းနေရလဲ ဆိုတာကို ဆွတ်ပျံ့ကြေကွဲဖွယ် ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။IMDb Rating 7.1/10 ရရှိထားပြီးတော့ Tomatometer မှာ 94 % တောင် ရရှိထားတဲ့အပြင် ဇာတ်လမ်းလေးက အေးအေးငြိမ်ငြိမ်နဲ့ သွားထားပြီး ကင်မရာရိုက်ကူးတင်ဆက်ပုံကောင်းတဲ့အပြင် မင်းသားကြီး Ethan ရဲ့ သရုပ်ဆောင်ပီပြင်ကောင်းမွန်မှုကြောင့် မှတ်ချက်ကောင်းတွေရထားတဲ့ဇာတ်ကားဆိုလည်း မမှားတဲ့အတွက် ကြည့်ရကျိုးနပ်တဲ့ကားလေးဖြစ်မှာပါ။ဘာသာပြန်ဆိုသူကတော့ Matteo ဖြစ်ပြီး ဘာသာပြန်အမှားအယွင်းရှိရင် ခွင့်လွှတ်နားလည်ပေးစေချင်ပါတယ်။ File size…(1.1 GB)/(801 Mb) Quality….Webrip 1080p / ...
movie

First Reformed (2017)

Big Momma’s House (2000) 5.2
Big Momma’s House (2000) Big Momma's House (2000) =====================စုံထောက်မင်းသားက မိန်းမဝဝ ဝတ်စုံကြီးဝတ်ပြီး အမှုလိုက်တဲ့ကားလို့ ကျွန်တော်တို့ငယ်ငယ်က သိခဲ့တဲ့ Big Momma's House ကို CM ပရိတ် သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ Big Momma's House (1,2,3)ဆိုပြီး 3ကားရှိတဲ့ထဲက ဒါကတော့ (2000)ခုနှစ်မှာ ထွက်ခဲ့တဲ့ ပထမ ဆုံးကားဖြစ်ပါတယ်။ ကျွန်တော်ငယ်ငယ်ကလည်း အရမ်းကြိုက်ခဲ့ရတဲ့ ငယ်ဘဝအမှတ်တရကားဖြစ်ပြီး ဒီကားက ကျွန်တော့်ထက် ၅နှစ်တောင် ကြီးပါသေးတယ်။ဇာတ်လမ်းအညွှန်းကတော့ FBIရဲဝန်ထမ်း မယ်လ်ကွန်ဟာ ထောင်ဖောက် ပြေးတဲ့အကျဉ်းသားကို ပြန်လိုက်ဖမ်းတဲ့မစ်ရှင်မှာ ထောင်ဖောက်အကျဥ်း သားရဲ့ ရည်းစားဟောင်းကောင်မလေးရှယ်ရီပီးယားစ်ရဲ့ ကွဲကွာနေတဲ့အဘွား ဖြစ်သူ (Big Momma-မေမေကြီး)ရဲ့အိမ်ကို စောင့်ကြည့်ရတဲ့တာဝန်ကိုယူ ရပါတယ်။ တစ်နေ့ မေမေကြီးမရှိခိုက် ရှယ်ရီက အိမ်ကိုပြန်လာမယ်ဆိုတဲ့ သတင်းကြောင့် မယ်လ်ကွန်က မိန်းမဝဝ ဝတ်စုံကြီးဝတ်ပြီး မေမေကြီးနေရာ ဝင်နေလိုက်ပါတယ်။ အဲဒီနောက် အလွဲပေါင်းစုံနဲ့ မယ်လ်ကွန့်မစ်ရှင်ကြီး စတင်တော့တာပေါ့ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.93 GB) / (939 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr ...
movie

Big Momma’s House (2000)

2000
The Plus One (2023)
The Plus One (2023)   ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် October 3 ရက်နေ့ကမှထွက်ရှိထားတဲ့ Comedy,Romance ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့...အချစ်ငှက်ကလေး သတို့သမီးလေး လစ်ဇီ နဲ့ သတို့သား လု့ခ် တို့အချစ်ခရီးကိုစတင်မယ့် သူတို့ရဲ့လက်ထပ်ပွဲလေးကို ဖ‌လော်ရီဒါမှာလုပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ သူတို့ရဲ့လက်ထပ်ပွဲလေးကို သူတို့ချစ်ရတဲ့သူငယ်ချင်းတွေ မိသားစုအနည်းအကျဉ်းကိုသာဖိတ်ကြားခဲ့ပါတယ်။"Male of honor" အဖြစ်ဖိတ်ကြားထားတဲ့ လစ်ဇီရဲ့ အချစ်ဆုံးသူငယ်ချင်းက မာရှယ်လ်က မင်္ဂလာပွဲမှာအတူတူတက်ရောက်မယ့်သူအဖြစ် လစ်ဇီအမုန်းဆုံး မာရီဂျမ်းကိုခေါ်လာခဲ့တဲ့အခါမှာတော့ သတို့သမီးလေးလစ်ဇီတစ်ယောက် မာရီဂျိမ်းနဲ့ ဘယ်လိုပြဿနာတွေရင်ဆိုင်ရမလဲ... လက်ထပ်ပွဲလေးအောင်အောင်မြင်မြင်ပြီးဆုံးသွားမှာလားဆိုတာကို ဟာသလေးတွေရောနှောပြီး ကြည့်ရှူရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ File size…(1.7 GB)/(960 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia
movie

The Plus One (2023)

Serving Sara(2002) 5.3
Serving Sara(2002) Serving Sara (2002)IMDb - 5.4ဂျိုးဟာတရားရုံးကနေဆင့်ခေါ်တဲ့ သမ္မာန်စာတွေကိုဆင့်ခေါ်ခံရတဲ့သူတွေဆီကို ပို့ပေးရတဲ့လုပ်ငန်းလုပ်နေသူတစ်ယောက်ပါ။စာရွက်စာတမ်းတွေကိုပို့ ပေးရတာကလွယ်ကူတဲ့အလုပ်ဖြစ်ရမှာဆိုပေမဲ့ စာပို့ပေးရမဲ့လူတွေကသူ့ကို‌ ရှောင်နိုင်နေကြတာ‌ေကြာင့် အလုပ်တစ်ခုကိုတစ်ပတ်လောက်ကြာနေလို့ သူဌေးကပါ အပြစ်တင်တာကိုခံ‌ နေရပါတယ်။တစ်နေ့မှာတော့ ဆာရာမိုး ဆိုတဲ့အမျိုးသမီးဆီကိုကွာရှင်းစာချုပ်သွားပို့ပေးရင်းနဲ့ ဆာရာ မိုးကသူ့လာပို့မဲ့သတင်းကိုကြိုရသွားပြီး ရှောင်ထွက်သွားနိုင်တဲ့အတွက်သူဌေးကကလော်တုတ်ပြီး တခြားလူတစ်ယောက်ကိုလုပ်ခိုင်းလိုက်ပါတော့တယ်။ဒီလိုနဲ့ မကျေနပ်တဲ့ ဂျိူးတစ်ယောက် ဆာရာ မိုးရဲ့လိပ်စာကို ရှာပြီး သွားပို့ဖို့လုပ်ပါတော့တယ်။ဒီလိုနဲ့ လိပ်စာကိုရပြီး ဆာရာမိုးဆီကို စာရွက်တွေအောင်မြင်စွာပေးနိုင်ခဲ့ပေမဲ့လည်းဆာရာ မိုး ကသူ့ယောင်္ကျား ဂေါ်ဒွန် မိုးဆီကို ကွာရှင်းစာချုပ်အရင်ပို့ပေးနိုင်ရင်ဒေါ်လာတစ်သန်း‌ ပေးမယ်ဆိုပြီး ဂျိူးကိုပြန်ငှားလိုက်ပါတော့တယ်။ဒီလိုနဲ့ ဆာရာနဲ့ ဂျိုးတို့နှစ်ယောက် ဂေါ်ဒွန်ဆီကိုကွာရှင်းစာချုပ်အချိန်မှီပို့ပေးနိုင်မှာလား၊ဂျိူးရဲ့အလုပ်ကိုရော ဘယ်သူကနှောက်ယှက်နေတာလဲ၊ ဂျိုးကရောဒေါ်လာတစ်သန်းကိုရပြီး သူ့ရဲ့အိပ်မက်လေးဖြစ်တဲ့စပျစ်ခြံလုပ်ငန်းကိုလုပ်သွားနိုင်မလားဆိုတာကိုတော့ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…  1.9GB / 1GBQuality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 42m Genre .....  Romance , Comedy Subtitle…. Myanmar ...
movie

Serving Sara(2002)

2002
Be Cool (2005) 5.6
Be Cool (2005) ဂျွန်ထရာဗိုသာနဲ့ အူမာသာမန်းတို့လို ဝါရင့်တွေပါဝင်ထားတဲ့ဇာတ်ကားပါ။ငွေတိုးချေးပြီးရင် ဂိုဏ်းစတားဆန်ဆန် အကြွေးလိုက်တောင်းရတဲ့ အလုပ်ကို စိတ်ကုန်လို့ ရုပ်ရှင်လောကထဲဝင်ပြီး ထုတ်လုပ်သူလုပ်ခဲ့တဲ့ ချီလီပါးလ်မား (John Travolta) တစ်ယောက် ကြာလာတော့ ရုပ်ရှင်လုပ်ငန်းကို စိတ်ကုန်လာလို့ အလုပ်ဟောင်းဆီပဲပြန်သွားရမလား တွေးနေမိပါတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းကမှ "မရိုးသားတဲ့အလုပ်ကို ရိုးရိုးသားသားလုပ်နိုင်သေးလို့" ပါတဲ့။ဒါပေမဲ့ သူစိတ်ဝင်စားသွားတာက ဂီတလောကပါ။ တကယ်ပါရမီရှိတဲ့ အဆိုတော်ဖြစ်ချင်သူ လင်ဒါမွန်း ဆိုတဲ့ မိန်းမငယ်လေးတစ်ယောက်နဲ့ ဆုံလိုက်ရတဲ့အခါ သူ့ကိုကြယ်တစ်ပွင့်ဖြစ်တဲ့အထိ မြေတောင်မြှောက်ပေးဖို့ ချီလီ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ လင်ဒါ့မှာ တဖက်သတ်ချုပ်ဆိုခံထားရတဲ့ သဘောတူစာချုပ်က ရှိနေတယ်။ သူ့ကိုချုပ်ကိုင်ထားကြသူတွေက မန်နေဂျာလိုလို ထုတ်လုပ်သူလိုလိုနဲ့ ဂီတလောကမှာ ဖြတ်စားလျှပ်စားလုပ်နေတဲ့ သူတွေပေါ့။တဖက်မှာလည်း ချီလီ ရဲ့သူငယ်ချင်း လူရှုပ်တစ်ယောက်က ရုရှားမာဖီးယားတွေနဲ့ငြိလို့ ပစ်သတ်ခံလိုက်ရချိန်မှာ သူငယ်ချင်းရဲ့ဇနီး မုဆိုးမလှလှလေးက သူ့ရဲ့တေးသံသွင်းလုပ်ငန်းမှာ အကြွေးတွေဗရပွေနဲ့ ကျန်ရစ်ခဲ့ရှာတာကို ကူညီပေးဖို့ကလည်း ရှိနေသေးတယ်။အာဖရိကန်-အမေရိကန် (ဇာတ်ကားထဲမှာသူတို့ကို လူမည်းလို့ပြောရင် ပစ်မှာမို့လို့) ...
movie

Be Cool (2005)

Street Kings(2008) 7.0
Street Kings(2008) Street Kings(2008)၂ တွမ် က မူးယစ်ဆေးနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးဌာနက စုံထောက်တစ်ယောက်ပါ။ဒုစရိုက်မှုတွေများလှတဲ့မြို့မှာ လူဆိုးတွေဟာ ထောင်နဲ့ကူးချည်သန်းချည်လုပ်ရင်းပြဿနာမျိုးစုံရှာနေတဲ့ပုံကို သူက မျက်မုန်းကျိုးနေဟန်ပဲ...ဒါ့ကြောင့် ဒီလိုခပ်ဆိုးဆိုးကောင်တွေနဲ့ထိပ်တိုက်ရင်ဆိုင်ရပြီဆိုရင်ရဲတွေရဲ့ ထိတွေ့မှုစည်းကမ်းတွေကိုကျော်လွန်ပြီး လက်ဉီးမှုရယူတတ်သလို အပျောက်သတ်ပစ်လေ့လည်းရှိတယ်.....သူ့ကြည့်ရတာဒီလိုမျိုး လုပ်နေကြပုံပဲ....သူကစပြီးပစ်တဲ့ပုံမပေါက်အောင် ခြေရာလက်ရာတွေဖျောက်တတ်သလိုလှုပ်ရှားပုံတွေကလည်း သွေးအေးတည်ငြိမ်လွန်းတယ်...ဒီအခြေအနေတွေကို သူတို့ ရဲအချို့က သဘောမကျဖြစ်နေကြသလိုအခွင့်ကြုံရင်ချောက်ချဖို့ရည်ရွယ်ထားတဲ့သူတွေလည်းရှိတယ်.....အဲ့ဒီနောက်မှာတော့ တွမ်တစ်ယောက် ပြဿနာအကြီးကြီးကြုံပါတော့တယ်.....ဒီကားကမင်းသားကြီး  Keanu Reeves အဓိကပါဝင်ထားပြီး အခြားနာမည်ကြီးသရုပ်ဆောင်များစွာပါတယ်...ဇာတ်လမ်းအစကထဲက ဗျင်းပါတယ်....ဇာတ်အိမ်လည်းကောင်းသလိုအစအဆုံး ရင်တထိတ်ထိတ်နဲ့ကိုကြည့်ရတာပါ......စပွိုင်လာြဖစ်မှာစိုးလို့ ဒီလောက်နဲ့တော်ပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်....File Size :(1.99GB)(942 MB) and (347 MB) Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…01:49:00 Genre :  Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encoded by ...
movie

Street Kings(2008)

Lemony Snicket’s A Series of Unfortunate Events (2004) 6.8
Lemony Snicket’s A Series of Unfortunate Events (2004)  A Series of Unfortunate Events (2004) =======================တစ်ချို့လူတွေကတော့ ရက်စက်အကျည်းတန်တဲ့ ကမ္ဘာကြီးကို မမြင်ချင်ယောင်ဆောင်ရင်း ပျော်ရွှင်စရာဇာတ်သိမ်းတွေမှာ သက်သာရာရှာရင်း ဘာမှမဟုတ်သလို ဘဝကို ကုန်ဆုံးတတ်ကြတယ်။ တစ်ချို့လူတွေကတော့ ကမ္ဘာကြီးမှာ ရှာဖွေဖော်ထုတ်ရမှာတွေ ရှိနေသေးတာကိုသိပြီး သုတေသနလုပ်ရင်း မှတ်တမ်းတင်ရင်း ကြီးကျယ်ခမ်းနားစွာ ဘဝကိုကုန်ဆုံးတတ်ကြတယ်။အခုဇာတ်လမ်းကတော့ အဲ့ဒီ အစွန်းနှစ်ဖက်က လွတ်တဲ့လူတွေအကြောင်းပါ။တစ်ခုခုကို တီထွင်တာလို.. စာအုပ်တစ်အုပ်ကို ဖတ်တာလို..အဓိပ္ပါယ်ရှိတယ်ထင်ရတဲ့ အရာတွေကနေ ..ဘာမှမဟုတ်ပဲ ပစ္စည်းတစ်ခုကိုလိုက်ကိုက် နေတတ်တာလို အဓိပ္ပါယ်မရှိဘူးထင်ရတဲ့အရာတွေအပါအဝင် တစ်ခုခုတွေကို လုပ်ရင်း အဆိုးဝါးဆုံး အခြေအနေတွေမှာ မျှော်လင့်ချက်ရှိစွာပဲ ရှင်သန်တတ်ကြတဲ့ လူတွေအကြောင်းပါ။ သူတို့သိထားတဲ့ အသိကတော့ အခြေအနေ ဘယ်လောက်ပဲဆိုးဝါး စုတ်ပြတ်နေပါစေ တစ်ခုခုတော့ အမြဲရှိနေတတ်တယ်ဆိုတာပါပဲ။အဲ့ဒီလူတွေကတော့ Baudelaire မောင်နှမသုံးယောက်ပါ။ အကြီးဆုံး Violet Baudelaireကတော့ စွန့်ပစ်ထားတာတွေ.. ကြားမှာ အသုံးဝင်တာတစ်ခုခုတော့ရှိတတ်ပြီး အမှိုက်ဆိုတာလည်း နေရာလွဲမှားနေတဲ့ တန်ဖိုးရှိပဲ ပစ္စည်းဆိုတာကို ကောင်းကောင်းသဘောပေါက်ထားပြီး စွန့်ပစ်ပစ္စည်းတွေကနေ တစ်ခုမဟုတ်တစ်ခု တီထွင်နေတတ်တဲ့ကလေးမလေးတစ်ယောက်ပါ။ အလတ်ဖြစ်တဲ့ Klaus Baudelaireကတော့ စာအုပ်တွေကြားမှာ ပျော်မွေ့တတ်တဲ့ စာကြမ်းပိုးကလေးဖြစ်ပြီး အငယ်ဆုံးလေးကတော့ တွေ့ကရာ လိုက်ကိုက်တတ်တဲ့ ကောင်မလေးတစ်ယောက်ပါပဲ။သူတို့ မိသားစုရဲ့ အိမ်ကြီးကို ဘယ်ကနေဘယ်လိုဖြစ်မှန်း မသိတဲ့ မီးလောင်မှုကြီးတစ်ခုဖြစ်သွားပြီး။ မီးထဲမှာ သူတို့မိဘတွေပါပါသွားတာကြောင့် သူတို့မိဘမဲ့ဖြစ်သွားခဲ့ပါတယ်။ ကံဆိုးမိုးမှောင်ကျပြီး မိဘမဲ့ဖြစ်သွားခဲ့ရတဲ့ ကလေးသုံးယောက်ရဲ့ ကံဆိုးမိုးမှောင်ကျမှုတွေဟာ ဒီတစ်ခုနဲ့ ...
movie


2004
Madagascar 3: Europe’s Most Wanted (2012) 6.8
Madagascar 3: Europe’s Most Wanted (2012) Madagascar 3: Europe's Most Wanted (2012) IMDb - 6.8/10_____Rotten - 79%   ဒီတစ်ခါတော့ Channel Myanmar ပရိတ်သတ်တွေအတွက် ၂၀၁၂ ခုနှစ်ကထွက်ရှိခဲ့တဲ့Animation ကားကောင်းလေးတစ်ကားတင်ပေးလိုက်ပါတယ်။Madagascar လို့ပြောလိုက်တာနဲ့ တလွဲတွေလုပ် ဟာသတွေဖြစ်နေတတ်တဲ့ ခြင်္သေ့ကြီး Alex နဲ့ သူ့သူငယ်ချင်းတွေဖြစ်ကြတဲ့မြင်းကျား Marty သစ်ကုလားအုတ် Melman နဲ့ ရေမြင်းမကြီး Gloria တို့ကိုပြေးမြင်မိကြဦးမှာပါဒီနောက်ဆုံးထွက် Europe's Most Wanted မှာဆိုရင် Alex နဲ့သူ့သူငယ်ချင်းတွေဟာသူတို့ရဲ့အိမ်ဖြစ်တဲ့ New York's Central Park Zoo ကိုပြန်ဖို့ကြိုးစားနေကြတုန်းပါဒါပေမဲ့ Monte Carlo ကာစီနိုမှာဘဏ်ဖောက်ဖို့ကြိုးစားနေတဲ့ ပင်ဂွင်းနဲ့မျောက်တွေကို သွားခေါ်ရဖို့အကြောင်းဖန်လာပါတယ်အဲ့လိုနဲ့ ပြင်သစ်ကတိရစ္ဆာန်ထိန်းချုပ်ရေးအရာရှိမကြီး Dubois နဲ့တိုးတဲ့အခါမှာ Alex တို့မမျှော်လင့်တဲ့အခြေအနေတွေနဲ့ကြုံရပြန်ပါတယ်Alex တို့သူတို့ရဲ့အိမ်ကိုပြန်ရောက်နိုင်ပါ့မလား Dubois ကြီးကရော ဘယ်လိုတွေတားဆီးမလဲဆိုတာ အရှေ့က Madagascar 1 & ...
movie

Madagascar 3: Europe’s Most Wanted (2012)

2012
Madagascar: Escape 2 Africa (2008) 6.6
Madagascar: Escape 2 Africa (2008) Madagascar: Escape 2 Africa (2008) IMDb - 6.6/10_____Rotten - 64%  ဒီတစ်ခါတော့ 2005 ခုနှစ်က ထွက်ခဲ့တဲ့ Madagascar ဆိုတဲ့ အမေရိကန် ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်Adventure comedy အမျိုးအစား ကာတွန်းကားလေးပါမာတီဆိုတဲ့ မြင်းကျားလေးရယ်အဲလက်စ်ဆိုတဲ့ ခြင်္သေ့ရယ် မယ်လ်မန်းဆိုတဲ့ သစ်ကုလားအုတ်ရယ် ဂလော်ရီရာဆိုတဲ့ ရေမြင်းမလေးရယ်သူတို့ ၄ ကောင်က အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားပါတယ်သူတို့ လေးကောင်ဟာ နယူးယော့ခ်တိရစ္ဆာန်ရုံက တိရစ္ဆာန်လေးတွေပါတိရစ္ဆာန်ရုံထဲမှာပဲ သူတို့ ဘဝကို နှစ်မြှုပ်ထားရင်း သာယာပျော်ရွှင်နေကြတဲ့ အချစ်ဆုံး သူငယ်ချင်း ၄ ယောက်ပေါ့တစ်နေ့မှာ တိရစ္ဆာန်ရုံက ပင်ဂွင်း ၄ ကောင်က အန္တာတိကတိုက်ကို ထွက်ပြေးဖို့ ကြိုးစားနေကြတာကို မြင်းကျားလေးမာတီ တွေ့လိုက်ရာကငါတို့လည်း အရိုင်းတောထဲမှာ တောရိုင်းသတ္တဝါတွေနဲ့ သွားနေရင် ပျော်စရာကောင်းမယ်လို့ သူအတွေးရသွားပါတော့တယ်သူ့မွေးနေ့မှာ ကျန်တဲ့ သူငယ်ချင်း ၃ ယောက်က ...
movie

Madagascar: Escape 2 Africa (2008)

2008
Madagascar (2005) 6.9
Madagascar (2005) Madagascar (2005) IMDb - 6.9/10_____Rotten - 54%  ဒီတစ်ခါတော့ 2005 ခုနှစ်က ထွက်ခဲ့တဲ့ Madagascar ဆိုတဲ့ အမေရိကန် ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်Adventure comedy အမျိုးအစား ကာတွန်းကားလေးပါမာတီဆိုတဲ့ မြင်းကျားလေးရယ်အဲလက်စ်ဆိုတဲ့ ခြင်္သေ့ရယ် မယ်လ်မန်းဆိုတဲ့ သစ်ကုလားအုတ်ရယ် ဂလော်ရီရာဆိုတဲ့ ရေမြင်းမလေးရယ်သူတို့ ၄ ကောင်က အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားပါတယ်သူတို့ လေးကောင်ဟာ နယူးယော့ခ်တိရစ္ဆာန်ရုံက တိရစ္ဆာန်လေးတွေပါတိရစ္ဆာန်ရုံထဲမှာပဲ သူတို့ ဘဝကို နှစ်မြှုပ်ထားရင်း သာယာပျော်ရွှင်နေကြတဲ့ အချစ်ဆုံး သူငယ်ချင်း ၄ ယောက်ပေါ့တစ်နေ့မှာ တိရစ္ဆာန်ရုံက ပင်ဂွင်း ၄ ကောင်က အန္တာတိကတိုက်ကို ထွက်ပြေးဖို့ ကြိုးစားနေကြတာကို မြင်းကျားလေးမာတီ တွေ့လိုက်ရာကငါတို့လည်း အရိုင်းတောထဲမှာ တောရိုင်းသတ္တဝါတွေနဲ့ သွားနေရင် ပျော်စရာကောင်းမယ်လို့ သူအတွေးရသွားပါတော့တယ်သူ့မွေးနေ့မှာ ကျန်တဲ့ သူငယ်ချင်း ၃ ယောက်က မွေးနေ့လုပ်ပေးပြီး လက်ဆောင်တွေ ပေးကြပေမဲ့ ...
movie

Madagascar (2005)

2005
Charlotte’s Web (2016) 6.3
Charlotte’s Web (2016)  ကျွန်တော်တို့ ငယ်ငယ်က စကားပြောတက်တဲ့ တိရိစ္ဆာန်လေးတွေ ရုပ်ရှင်ကားတွေ စကြည့်ရတုန်းက အတော်သဘောကျတာပါ အပြင်မှာပါ အဲ့ဒီလို လိုက်ပြောမလား ဆိုပြီး နားထောင်မိတဲ့ အထိပဲ အဲ့ဒီ သတ္တ၀ါလေးတွေ စကားပြောတဲ့ ရုပ်ရှင်လေးတွေကို ပြန်တင်ဆက်ပေးမယ် စိတ်ကူးပြီး ဟိုးအရင်က ကလေးတွေ အသဲစွဲ ခဲ့တဲ့ ၀ီလ်ဘာ ဆိုတဲ့ ၀က်ကလေး အကြောင်း ပြန်တင်ပေးလိုက်ပါတယ် ငယ်ငယ်ကဆိုရင် Video တိပ်ခွေဆိုင်တွေမှာ ၀က်လိမ္မာကား ဆိုပြီး နာမည်ကြီးခဲ့သေးတာ မှတ်မိတဲ့သူတွေလဲ မှတ်မိမှာပါ တစ်ရက်သော နေ့မှာ လယ်သမားကြီး တစ်ဦးရဲ့ စပါးကျီထဲမှာ ၀က်မကြီး တစ်ကောင်ဟာ ကလေးလေးတွေ မွေးခဲ့တယ်ပေါ့ အဲ့ဒီထဲမှာ နို့မစို့ နိုင်တဲ့ ကလေး အသေးဆုံး တစ်ကောင်ကို သတ်ပြီး စွပ်ပြုတ် လုပ်သောက်ဖို့ စိတ်ကူးခဲ့ပေမယ့် လယ်သမားကြီးရဲ့ သမီးအငယ်ဆုံး ဖန်း ဟာ ၀က်ကလေးကို သူမ အသက်ရှင်အောင် တာဝန်ယူပါ့မယ်ဆိုပြီး မွေးခဲ့တယ်.... တစ်ဖြေးဖြေး ၀က်ကလေး ကြီးလာတော့ အိမ်ထဲမှာ ထားလို့မဖြစ်တော့ဘူး ဒီတော့ကာ အိမ်နဲ့ တစ်လမ်းကျော်က ဖန်း ရဲ့ ဦးလေး ဂိုဒေါင်မှာ ဘဲတွေ သိုးတွေ မြင်းတွေ နဲ့ ...
movie

Charlotte’s Web (2016)

2006