Channel Myanmar

Céleste Brunnquell

Fifi (2022) 6.7
Fifi (2022) Fifi (2022) ========= IMDb Rating - 6.7/10ပြင်သစ်ကားတွေထုံးစံအတိုင်း ခပ်မျောမျောလေး ခံစားကြည့်ရှုရမယ့် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဖီဖီဟာ ကလေးတွေတရုန်းရုန်းနဲ့ အမြဲဆူညံပြီး ပြဿနာတွေများနေတဲ့ မိသားစုတစ်စုမှာ နေရသူလေးပါ။ တစ်နေ့တော့ ချမ်းသာတဲ့ သူငယ်ချင်းမတစ်ယောက်ရဲ့အိမ်ကို လူတွေမရှိချိန် ခိုး၀င်ပြီး သူတစ်ယောက်တည်း စိတ်အေးလက်အေးနေလို့ရမယ့်နေရာအဖြစ် စိတ် ထွက်ပေါက်ရှာခဲ့ပါတယ်။ ဖြစ်ချင်တော့ သူ့သူငယ်ချင်းမရဲ့အစ်ကိုကလည်း နွေရာသီအားလပ်ရက် အိမ်ပြန်ရောက်လာပါတယ်။ ဒီလိုနဲ့အိမ်ထဲမှာ သူတို့ နှစ်ဦး မထင်မှတ်ဘဲ ဆုံမိကြတဲ့အခါ။ပြင်သစ်အရှေ့ပိုင်း နန်စီဆိုတဲ့မြို့လေးက နွေရာသီကာလကို နောက်ခံထားတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ရဲ့ ဖူးသစ်စအချစ်ဇာတ်လမ်း ရိုးရိုးလေးပါပဲ။ ဒီဇာတ်လမ်းရိုးရိုးလေးကပဲ ကြည့်ကောင်းနေပြန်တာမို့ လူငယ် အချစ်ဇာတ်လမ်းတွေကြိုက်တတ်သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(1.9 GB) / (796 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 49Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......C'mon Encoder..........SWM
movie

Fifi (2022)

2022
The Origin of Evil (2022) 6.6
The Origin of Evil (2022) The Origin of Evil (2022)~ IMDb - 6.6/10, Rotten Tomatoes - 86% ~Lesbian အတွဲက အဓိကဇာတ်ကောင်အနေနဲ့ပါ၀င်ထားတဲ့ Mystery ဆန်ဆန် ပြင်သစ်ကားတစ်ကားဖြစ်ပါတယ်။စတေဖနဲစ်ဆိုတဲ့ အမျိုးသမီးဟာ အသင့်စားငါးဗူးတွေ ထုတ်တဲ့ စက်ရုံမှာ အလုပ်လုပ်ပြီး သူ့ချစ်သူမိန်းမက ထောင် ၅နှစ်ကျနေသူဖြစ်ပါတယ်။ သူ့ကို သတ်မှတ်ရက်ထက် စောလွတ်အောင်လုပ်ဖို့ သူတို့ ကြိုးပမ်းနေကြတာပါ။ စတေဖနဲစ်ငှားနေတဲ့ အိမ်ရှင်အမျိုးသမီးက သူ့သမီးပြန်ရောက်လာမှာဖြစ်တဲ့အတွက် စတေဖနဲစ်ကို ဖယ်ခိုင်းပါတော့တယ်။ အစအစအရာရာ အခက်အခဲတွေ ဖြစ်လာတဲ့အချိန်မှာ စတေဖနဲစ်က သူ့ရဲ့ ကလေးဘ၀တည်းက ကွဲသွားတဲ့ဖခင်ကို ဆက်သွယ်ပါတော့တယ်။ ဒီလိုနဲ့ ဖခင်နဲ့ အဆက်အသွယ်ရပြီးတဲ့အခါမှာ သူ့ဖခင်ရှိတဲ့ မြို့ကို သွားရောက်တွေ့ဆုံပါတော့တယ်။စတေဖနဲစ်ရဲ့ဖခင်က စီးပွားရေးလုပ်ငန်းတွေ အများကြီးပိုင်တဲ့ သူဌေးကြီးတစ်ဦးဖြစ်ပြီး လက်ရှိမှာ နောက် မိန်းမနဲ့ သမီးဖြစ်သူတို့နဲ့ နေနေတာပါ။ သူ့အဖေက စတေဖနဲစ်ကို ...
movie

The Origin of Evil (2022)

2022