Channel Myanmar

Celeste Dring

The Bubble (2022)
The Bubble (2022) The Bubble (2022) စိတ်အပန်းပြေ ရယ်နေရတဲ့ ဟာသကားလည်းကြည့်ချင် ရုပ်ရှင်ထုတ်လုပ်ရေးလောကရဲ့ အခြေအနေကို ရှယ်သရော်ထားတဲ့ ကားတစ်ကားကြည့်ချင်တယ်ဆိုရင်တော့ ဒီရုပ်ရှင်က သင့်အတွက်ပါပဲ။ ရယ်ရတယ်ဆိုရာမှာ တစ်ချို့အခန်းတွေက ရုပ်ရှင်နဲ့ပတ်သက်တဲ့ ဗဟုသတနည်းနည်းရှိမှ ရယ်ရမှာဖြစ်ပြီး တစ်ချို့အခန်းတွေကတော့ တမင်ကလိထိုင်ထိုးနေတဲ့ ဟာသကားတွေလို ရယ်ရပါတယ်။ အကုန်နားလည်ရင်တော့ ခွက်ထိုးခွက်လန် ရယ်နေရမယ့်ကားပါပဲ။ Rating တော့ နည်းပါတယ်။ ဒါပေမဲ့ ခင်ဗျားကို တော်တော်အူမြူးစေမှာကတော့ အမှန်ပါပဲ။ မယုံရင် ဂူးဂဲမှာ ဝေဖန်ရေးသမားပေးတာမဟုတ်တဲ့ User Reviewတွ ဖတ်ကြည့်လို့ရပါတယ်။ရုပ်ရှင်ထဲပါ၀င်သူတွေကတော့ Professor X ခေါ် James McAvoy, Mandalorian တစ်ဖြစ်လဲ Pedro Pascal, Nebula တစ်ဖြစ်လဲ Karen Gillan, Dr. Strange ခေါ် သခွားသီး၊ X-Files စီးရီးတွေထဲက အေးဂျင့် Muldor တစ်ဖြစ်လဲ David Duchovny ...
movie

The Bubble (2022)

2022
Cyrano (2022) 6
Cyrano (2022) Musical romance ကား နှစ်ခြိုက်သူတွေအတွက် ၁၇ရာစုကာလမှာ ဇာတ်အိမ်တည်ထားတဲ့ Cyrano ဆိုတဲ့ ပြင်သစ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေတစ်ခါက ပြင်သစ်ပြည်မှာ ရော့ဆန်ဆိုတဲ့ သိပ်ကိုလှပတဲ့ အမျိုးသမီးလေးတစ်ဦး ရှိခဲ့ပါတယ်။ သို့ပေမဲ့ ဒီအမျိုးသမီးလေးဟာ သနားစရာတစ်ကောင်ကြွက်လေးပါ။ သူ့ရဲ့အလှကြောင့် နယ်စားမင်းကတောင် လက်ထပ်ခွင့်တောင်းနေပေမဲ့ အချစ်ကိုပဲယုံကြည်သူ ရော့ဆန်ကတော့ အချစ်စစ်ကိုတွေ့ရှိမယ့် တစ်နေ့ကိုပဲ စောင့်နေခဲ့ပါတယ်။ဒီလိုနဲ့ ပြဇာတ်သွားကြည့်တဲ့တစ်နေ့မှာ ခရစ်ရှန်ဆိုတဲ့ အမျိုးသားတစ်ယောက်ကို သူ မြင်မြင်ချင်းပဲ ချစ်မိသွားခဲ့ပါတယ်။ ခရစ်ရှန်က တော်ဝင်အစောင့်တပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်လေတော့ ရော့ဆန်ဟာ သူ့ငယ်ပေါင်းမိတ်ဆွေတစ်ဦးဖြစ်တဲ့ အစောင့်တပ်ဖွဲ့ဝင် ဆီရန်နိုကတစ်ဆင့် ခရစ်ရှန့်ကို သူ့ဆီစာရေးဖို့ စကားပါးခိုင်းခဲ့ပါတယ်။ဆီရန်နိုဟာလည်း ရော့ဆန်ကို ငယ်ငယ်ကတည်းက အရိပ်တကြည့်ကြည့်နဲ့ ချစ်လာခဲ့ရသူပါ။ ရော့ဆန်ဘက်က သူ့ကို မြှားနတ်မောင်လုပ်ပေးဖို့ တောင်းဆိုလာတဲ့အခါမှာတော့ သူ ရင်နာနာနဲ့ပဲ ချစ်သူအတွက် ကူညီပေးခဲ့ရပါတော့တယ်။ဖြစ်ချင်တော့ ခရစ်ရှန်က စစ်တိုက်ဖို့ဆိုအသင့် ဒါပေမဲ့ စာပေနဲ့တော့ ကင်းကွာနေတဲ့လူတစ်ယောက်၊ တစ်ဖက်က ရော့ဆန်ကတော့ ...
movie

Cyrano (2022)

Last Night in Soho (2021) 7.5
Last Night in Soho (2021) ဒီရုပ်ရှင်ကတော့ rating အတော်မြင့်တဲ့ Horror ရုပ်ရှင်ပါပဲ။ ၁၉၆၀ အငွေ့အသက်တွေ အပြည့်ပါတယ်။ ရိုက်ချက်အလှအပတွေ အပြည့်ပါတယ်။ ခေါင်းဆောင်မင်းသမီး နှစ်ယောက်ကလည်း Anya Taylor-Joy နဲ့ Thomasin McKenzie ဆိုတဲ့ စတားလေး နှစ်ယောက်ဖြစ်နေတယ်။ အတော်ကို ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ အယ်လီဆိုတဲ့ ဆယ်ကျော်သက်လေးတစ်ယောက် နယ်မြို့လေးတစ်ခုကနေ လန်ဒန်မှာ ဖက်ရှင်ကျောင်းတက်ဖို့ ရောက်လာခဲ့တယ်။ သ လန်ဒန်မြို့ပေါ်က မြို့ကြီးသူတွေနဲ့ အံမဝင်တဲ့အခါ ကိုယ်ပိုင်အခန်းလေးတစ်ခု ငှားနေလိုက်မိတယ်။ သူက ၁၉၆၀ သီချင်းတွေ ဖက်ရှင်တွေကို ကြိုက်တတ်တဲ့သူတစ်ယောက်ပါ။ အဲဒီအခန်းလေးမှာနေရင်းနဲ့ ၁၉၆၀ တုန်းက အဖြစ်ဆိုးကြီးကြုံခဲ့ရတဲ့ ကောင်မလေးတစ်ယောက်ကို ဆက်တိုက် မျက်စိထဲမှာမြင်လာတယ်။ သူ့ဘဝကို ကိုယ်တိုင်ခံစားနေရသလိုကို တွေ့လာတယ်။ အဲဒီလိုနဲ့ သူ ဆက်တိုက်မြင်ယောင်နေတဲ့ ကောင်မလေးအတွက် တရားမျှတမှုကို ရှာဖွေရင်းနဲ့ ကြောက်စရာ အဖြစ်မှန်တွေ ပေါ်ပေါက်လာတဲ့အခါ... File Size : (1.7 GB) & (900 Mb) Quality : Webrip HEVE, 1080p & 720p 5.1 CH Running Time ...
movie

Last Night in Soho (2021)