Channel Myanmar

Celia Au

Demolition (2015) 7.0
Demolition (2015)  -IMDb Rating - 7.0/10 ခံစားချက်ဆိုတာတွေကကျွန်တော်တို့တွေကို လူသားဆန်စေပါတယ်..။ခံစားချက်မရှိတဲ့လူတစ်ယောက်ဟာယန္တာရားအရေခွံနဲ့လူတစ်ယောက်သက်သက်ပါပဲ...။ဇနီးသည်ကားတိုက်သေသွားပြီးနောက်နောက်နေ့မနက်မှာ အလုပ်သွားခဲ့တဲ့ခံစားချက်လုံးဝမရှိတဲ့လူတစ်ယောက်...အရာရာကို ဖြိုချဖျက်စီးပြီးဘယ်လိုတည်ဆောက်ထားသလဲ အဖြေရှာတတ်တဲ့စိတ်ရောဂါသမားတစ်ယောက်...ဒီလို ယန္တာရားအရေခွံနဲ့လူတစ်ယောက်ရဲ့စိတ်.. အတွေး... ပြောင်းလဲပုံ အဆင့်ဆင့်ကိုဒီရုပ်ရှင်မှာ Jakeရဲ့ အကောင်းဆုံးacting skillတွေနဲ့ ပီပီပြင်ပြင်ဖော်ညွှန်းသွားပါတယ်။  ဒီကားဟာ တိကျတဲ့ ရသမရှိပေမဲ့ဝေဝါးထူးခြားတဲ့ ရသတစ်ခုကို ဖော်ညွှန်းရိုက်ကူးထားတဲ့ Comedy , Dramaဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။Jake Gyllanhaal (Main castအဖြစ်)သရုပ်ဆောင်ထားတဲ့ ကားတွေဟာမကောင်းတာ မရှိသလောက်ရှားပါတယ်။ဒီတစ်ခါ Demolitionမှာလဲသူ့ရဲ့ အနုပညာမှော်ဝင်စားမှုကိုတွေ့ရဦးမှာပါ..... (အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်) File size…    1.3 GB /  637 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ..... Comedy/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung 
movie

Demolition (2015)

2015
Detachment (2011) 7.7
Detachment (2011) Detachment (2011)~ IMDb - 7.7/10, Rotten Tomatoes - 59% ~Detachment ရဲ့ အဓိကဇာတ်ကောင်က Adrien Brody သရုပ်ဆောင်တဲ့ အစားထိုးဆရာ ဟင်နရီဘတ်ပဲ။ သူ့အလုပ်က အမြဲတမ်းဆရာလစ်လပ်နေတဲ့ ကျောင်းတွေမှာ အစားထိုးဆရာ ခဏဝင်လုပ်၊ ကျောင်းက အမြဲတမ်းဆရာရသွားတဲ့အချိန် နောက်တစ်ကျောင်းကိုကူး။ ဒီလိုပဲရှင်သန်လာခဲ့တဲ့သူ။ သူ့မှာ တွယ်ငြိရမယ့်သူ သူနဲ့သက်ဆိုင်နေတဲ့သူဆိုလို့လည်း သူ့အဘိုးတစ်ယောက်ပဲရှိတယ်။ သူ့အဖေက သူမွေးကင်းစကတည်းက သူတို့သားအမိကို ပစ်သွားခဲ့ပြီး သူ့အမေကလည်း သူရှစ်နှစ်လောက်မှာတင် ဆုံးသွားသကိုး။ ဆိုတော့ အလုပ်လုပ်လိုက် သူ့အဘိုးရှိတဲ့ လူအိုရုံကိုသွားလိုက် သူ့ဘဝက ဒါပဲ။ ဒီတစ်ခါ သူအစားထိုးဆရာ ဝင်လုပ်ပေးရမယ့်ကျောင်းက တစ်နယ်လုံးမှာ နာမည်အပျက်ဆုံးကျောင်း။ ကျောင်းသူကျောင်းသားတွေကလည်း ဆရာကိုထဆဲတဲ့ကောင်နဲ့ ဆရာမကို Gang Bang မယ်ပြောတဲ့သူနဲ့ တကယ့်အလိမ္မာတုံးလေးတွေချည်းပဲ။ ဒီလိုကျောင်းကို ဟင်နရီဘတ်ရောက်သွားတယ်။ ဒီကျောင်းသားဆိုးတွေကြားမှာ သိပ်မဆိုးတဲ့ ကျောင်းသူတစ်ယောက်ရှိတယ်။ ...
movie

Detachment (2011)

2011
Snakehead (2021) 5.4
Snakehead (2021) တရုတ်လူမျိုးတွေကို အမေရိကားဆီ လူကုန်ကူးနေတဲ့ snakehead လို့ လူသိများတဲ့ လူကုန်ကူးမှုနဲ့ စီမီရင်လည်း အမေရိကားကို ရောက်လာပါတယ်"ကျွန်မ အမေရိကန်အိပ်မက်ကိုမယုံကြည်ဘူး ဒါပေမယ့်ကျွန်မရှင်သန်ဖို့လိုတယ် ကျွန်မတွက် မိသားစုတွက် ဒီကိုလာရတာ သေနိုင်တယ်ဆိုတာ အားလုံးသိပြီးသားပါ ဒါပေမဲ့ ကျွန်မတို့မှာ ကိုယ်ပိုင်အကြောင်းတရားကိုယ်စီရှိကြတယ် အမေရိကားမှာ ခိုးဝင်နေထိုင်ရတဲ့နေ့ရက်တိုင်းက စွန့်စားနေရတာပါ ထောင်ကျနိုင်တယ် ပြည်နှင်ဒဏ်ထိနိုင်တယ် သေတောင်သေသွားနိုင်တယ် ဒါပေမယ့် ငွေရဖို့ဆိုရင် ဒီထက်ပိုဆိုးတာတောင်လုပ်နိုင်တယ် အကြွေးတွေ မြန်မြန်ဆပ်ပြီး ...သမီးလေးကိုပြန်ခေါ်ရမယ်" အမေရိကားကို လူကုန်ကူးခံရတဲ့ တရုတ်လူမျိုးမိန်းကလေးတစ်ယောက်အကြောင်းကို အခြေခံရိုက်ကူးထားတာပါ သူကြုံရမယ့် ဒုက္ခတွေ ပြသာနာတွေ ငွေမျက်နှာပဲကြည့်တဲ့သူတွေ မိတ်ဆွေစစ်တွေ မိတ်ဆွေတုတွေ ဒုက္ခသုခတွေနဲ့ သူ့သမီးလေးကိုရော ပြန်ခေါ်လာနိုင်ပါ့မလားဆိုတာကို မှုခင်းကျူးလွန်မှုတွေနဲ့အတူ ကြည့်ရှုရမှာပါ ။မိမိတိုင်းပြည်ထက် တိုင်းတစ်ပါးကို ယုံကြည်တာ အထင်ကြီးတာ တိုင်းတစ်ပါးအိပ်မက်တွေက မမှန်ကန်ဘူးဆိုတာကို ပြသချင်တဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Oleander ပါ ) File Size__1.7 GB, 900 MB Quality__1080p, 720p IMDb Rating__5.4/10 Format__mp4 Duration__01:30:00 Type__Action , Crime , Drama Subtitle__Myanmar Subtitle ...
movie

Snakehead (2021)