Channel Myanmar

Cemal Günbas

Love Tactics (2022) 5.3
Love Tactics (2022) Love Tactics (2022)==============CM ပရိသတ်တွေအတွက် 2022 မှာထွက်ရှိထားတဲ့ တူရကီ အချစ်ရုပ်ရှင်လေး လာပါပြီ။ ဒီဇာတ်ကားလေးမကြည့်ခင်မှာ တစ်ခုမေးပါရစေ ခင်ဗျားဟာ အချစ်စစ်ကို ရှာဖွေနေသူ တစ်ယောက်လား... စော်ကြည်ဘဲကြည် အပျော်ပဲတွဲနေတဲ့ အချစ်ကို အယုံအကြည်မရှိတဲ့သူ တစ်ယောက်လား၊ ဘယ်ဘက်ထဲမှာ ပါမယ် ထင်ပါသလဲ ... ဒီရုပ်ရှင်လေးထဲမှာတော့ Love Tactics ( အချစ်နည်းဗျူဟာများ ) ဆိုတဲ့ ဘလော့ဂ်တစ်ခုကို ထောင်ထားတဲ့ အက်စ်လီ ဆိုတဲ့ ဖက်ရှင်ဒီဇိုင်နာမလေး တစ်ယောက်ရှိတယ်။ ယောက်ျားတွေဟာ တစ်သီးစားပဲချောင်းနေတဲ့ကျားတွေလို့ ယုံကြည်နေတဲ့ ကောင်မလေးတစ်ယောက်ပေါ့။ အဲဒီဘလော့ဂ်မှာ သူက ယောက်ျားတွေကို ဘယ်လိုဆွဲဆောင်ရမယ် ဘယ်အချိန်မှာ ဘယ်လို အကွက် ရွှေ့ရမယ် စသဖြင့် နည်းဗျူဟာတွေ တင်ပေးလေ့ရှိတယ်။တစ်ဖက်မှာလည်း ကြော်ငြာကုမ္ပဏီမှာ ထူးချွန်တဲ့ မန်နေဂျာ တစ်ဦးဖြစ်တဲ့ ကယ်ရမ်ဆိုတဲ့ သူတစ်ယောက်ရှိတယ်။ မိန်းကလေး တွေကို တစ်ညတာ အပျော်ပဲတွဲပြီး  ဘ၀ကို ပျော်ပျော်ကြီး ဖြတ်သန်းနေတဲ့သူတစ်ယောက်။ မိန်းမတွေကို ဘယ်လိုချုပ်ကိုင်ရမယ် မိန်းမတွေဟာ ဘယ်လိုစိတ်နေ သဘောထား ရှိတယ်ဆိုတာ ကောင်းကောင်းကြီး နောကျေနေတဲ့  ယောက်ျားတစ်‌ယောက်ပေါ့။ကံကြမ္မာက ...
movie

Love Tactics (2022)

2022