Channel Myanmar

Chad Sheveland

Space Kids (2023)
Space Kids (2023) ဒီတစ်ခါတော့2023 ထွက် စွန့်စားခန်းAnimationကားလေးလာပါမယ်။ ဇာတ်လမ်းလေးက ဟိုးအရင်တုန်းကလူသားတွေက ကပ္ပလာဂြိုလ်ပေါ်မှာ စွမ်းအင်တွေအများကြီးပါတဲ့ ကာလာလို ဆိုတဲ့အပင်ကိုရှာတွေ့ခဲ့ကြပါတယ်။လူသားတို့ထုံးစံအတိုင်း အပင်တွေကိုစိတ်ကြိုက်ယူသွားပြီး နောက်ဆုံးကပ္ပလာဂြိုလ်က ဂြိုလ်ဂတုံးဖြစ်သွားရပါတယ်။ လက်ရှိကာလမှာကြီးပြင်းလာတဲ့ လူငယ်တွေဖြစ်တဲ့ အက်စဲလ်၊ ဂါဂါ နဲ့ဂျိုနိုတို့ကတော့ ဒီဂြိုလ်မှာကာလာလိုအပင် တွေရှိသေးတာကို လူကြီးတွေနဲ့ပါအတိုက်အခံလုပ်ပြီး အခိုင်အမာကိုယုံကြည်ကြတာပါ။ဆိုတော့ငယ်ဂုဏ်အပြည့်နဲ့ သူတို့ကိုယ်တိုင်သက်သေပြမယ်ဆိုပြီး သုံးယောက်သားကာလာလိုအပင်တွေရှာပုံတော်ထွက်ခဲ့ကြပါတယ်။ အဲဒါနဲ့ခရီးဆက်ခဲ့ရင်း လမ်းမှာအခက်အခဲကြုံရတဲ့အခါ သူတို့နဲ့ရည်ရွယ်ချက်တူ ဒေါက်တာဗန့်စ်ဆ်ိုတဲ့ ဘုရင့်နားမှာအနီးကပ်အလုပ်လုပ်ပေးတဲ့သူရဲ့အကူအညီရပြီးလေးယောက်အဖွဲ့လေးအဖြစ်ဆက်ခရီးဆက်ရင်း…..ကာလာလိုအပင်တွေဆီရောက်သွားချိန်မှာ မမျှော်လင့်ထားတဲ့အရာတွေ၊ လှည့်စားမှုတွေဘယ်လိုကြုံရမလဲဆိုတာတွေကို Character Animation ပုံစံအဆန်းလေးနဲ့မို့ ဂြိုလ်အသစ်ကို အမြင်အသစ်နဲ့ ပေါ့ပေါ့ပါးပါးရှုစားကြည့်လိုက်ပါ… File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:01:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia
movie

Space Kids (2023)