Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Chaithra J Achar
7
Sapta Sagaradaache Ello – Side B (2023)
Sapta Sagaradaache Ello Side B (2023) "မေ့ပြီလား"မနှစ်ကတင်ခဲ့တဲ့ Side A ရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ဟင်ဒီအချစ်ဒရာမာကားလေးကို အဆွေးဓာတ်ခံရှိတဲ့ ပရိသတ်တွေအကြိုက် တင်ဆက်ပေးလိုက်ပါတယ်ကိုယ်မလုပ်ခဲ့တဲ့ အပြစ်တစ်ခုအတွက် ထောင်ဆယ်နှစ်ကျပြီး ပြန်ထွက်လာတဲ့ မာနူတစ်ယောက် လေထဲအတူ တိုက်အိမ်ဆောက်ဖူးတဲ့ ချစ်သူ ပရီယာလည်း အိမ်ထောင်ကျ၊ဘဝမှာ ကျန်တာဆိုလို့ ထောင်ကရခဲ့တဲ့ အမာရွတ်တစ်ခုနဲ့ အတိတ်က မေ့ဖျောက်မရတဲ့ မှတ်ဉာဏ်တစ်ချို့နဲ့အတူ တွဲရက်ပါလာတဲ့ ဒဏ်ရာတွေပါပဲဘဝသစ်စဖို့ ကြိုးစားရင်း သူ့မိတ်ဆွေတစ်ယောက်ညွှန်းတဲ့အတိုင်း ဟိုအတန်းက သဘောမနောကောင်းတဲ့ ပြည့်တန်ဆာလေးနဲ့ သွားအိပ်ပြီး ရင်းနှီးသွားကြရင်း သူ့အမြင်တချို့ ပြောင်းလာတယ်ဒီအချိန်မှာပဲ ပရီယာတစ်ယောက် အိမ်ထောင်ကျလို့ ရွှေဘုံပေါ် စံနေပါပြီ သူ့ဘဝသူပျော်နေပါပြီ ဆိုတဲ့ အထင်နဲ့ အမြင် လွဲနေတာကို တွေ့လိုက်ရတဲ့အခါမှာတော့...တစ်စစီကျိုးပဲ့သွားတဲ့ အတိတ်ဘဝက အိပ်မက်တစ်ချို့ကို ပြန်လည်ဆက်စပ်ဖို့ သူကြိုးစားလို့ အောင်မြင်မှာလား ဒီတစ်ကြိမ်မှာရော ရှေ့ကားကလို မျက်ရည်တွေနဲ့ပဲ အဆုံးသတ်ရဦးမှာလားဆိုတာကိုတော့သီချင်းကအစ အဆွေးရော့ခ်သီချင်းတွေ ထည့်သွင်းထားပြီး ဟာသလုံးဝမနှောပဲ အပီအပြင်ဆွေးရဦးမယ့် ဇာတ်လမ်းလေးဖြစ်ကြောင်း ညွှန်းလိုက်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ...
movie
Sapta Sagaradaache Ello – Side B (2023)
2023
8
Toby (2023)
Toby (2023) "တုနှိုင်းမဲ့မေတ္တာ" IMDb - 8.1/10ဟာသကားတွေမှာမြင်ရလေ့ရှိတဲ့ ရာ့ဂျ်ဘီရှက်တီကို လူမိုက်ကြီးတစ်ယောက်အနေနဲ့ တွေ့မြင်ရမဲ့ ကန်နေဒါရုပ်ရှင်လေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ရာ့ဂျ်ဘီရှက်တီဆိုတာ ခွေးလေးတစ်ကောင်အနေနဲ့ အကယ်ဒမီရသွားတဲ့ရုပ်ရှင်ထဲမှာ ဒေါက်တာနေရာက သရုပ်ဆောင်ခဲ့တဲ့သူ။ အခုဒီရုပ်ရှင်က ရုံတင်ပြသပြီးတဲ့နောက်မှာပဲ ဝေဖန်ရေးသမားတွေရဲ့ အကြိုက်တွေ့ခဲ့သလို ပရိသတ်တွေကြားမှာလည်း အတော်လေးပြောစမှတ်တွင်သွားခဲ့ပါတယ်။တိုဘီဆိုတာ အနေအေးတဲ့လူကြီးဖြစ်နေပေမဲ့ ကျေးရွာဥက္ကဌက သူ့ရဲ့မှောင်ခိုလုပ်ငန်းတွေနဲ့ပတ်သက်ပြီး လူသတ်စရာရှိလာရင် ရံဖန်ရံခါ ငှားရမ်းသတ်ဖြတ်ခိုင်းလေ့ရှိတဲ့ ကြေးစားလူသတ်သမားကြီးလည်း ဖြစ်နေပြန်ရော။ သမီးလေးတစ်ယောက်ရှိပြီး ပတ်ဝန်းကျင်ကြမ်းတော့ စရိုက်ခပ်ကြမ်းကြမ်းနဲ့ ကမ်းခြေမှာအသားငါးလုပ်ငန်းလုပ်ရပါတယ်။ အဖေဖြစ်သူကို ထောင်ကနေသွားသွားခေါ်နေရတော့ စိတ်အချဉ်ပေါက်ပြီး ဖခင်တိုဘီကို လူသတ်မှုကျူးလွန်စေသူ ရွာသူကြီးဆီသွားပြီး ပွဲကြမ်းပါတော့တယ်။ အဲဒီကနေစလို့ ပြဿနာတွေကမပြီးဘဲ ဂျန်နီရဲ့ခင်ပွန်းဖြစ်သူက ရွာလူကြီးရဲ့မှောင်ခိုလုပ်ငန်းတွေမှာ အနှောင့်အယှက်အဖြစ်နဲ့ ရွာလူကြီးက မြင်လာတဲ့အခါမှာတော့။ ရွာလူကြီးခိုင်းတာလုပ်ပြီး ခပ်အေးအေးနေတဲ့အရက်သမားကြီး တိုဘီတစ်ယောက် သမီးဖြစ်သူရဲ့အသက်အန္တရာယ်ထိပါ ထိပါးလာချိန်မှာတော့ ရွာလူကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ပါတော့တယ်။ဖခင်တစ်ယောက်ရဲ့မေတ္တာဖွဲ့လား...လူမိုက်တယောက်ရဲ့သွားရာလမ်းလား...ဆိုတာတော့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2GB / 866MB Quality…WEB DL 1080p ...
movie
Toby (2023)
2023
8.7
Sapta Sagaradaache Ello – Side A (2023)
Saptha Sagaradaache Ello Side A (2023)IMDB 8.8 ရရှိထားတဲ့ 777Charliesနဲ့ ပရိတ်သတ်တွေအားပေးမှုကိုရရှိခဲ့တဲ့ မင်းသား Rakshit Shettyရဲ့ Kannada ဘာသာစကား အချစ်ဒရာမာဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်အချစ်ကားဆိုပေမယ့် "လက်တွေ့ကျတဲ့ သရုပ်ဖော်မှု၊ ကဗျာဆန်တဲ့ visual storytelling" ဆိုပြီးတော့ ရုပ်ရှင်ဝေဖန် ရေးဆရာများက ချီးကျူးထားကြပါတယ်သီချင်းသံတွေနဲ့ အတင်းလုပ်ယူထားတာမရှိပဲ သဘာဝကျကျ ရိုးစင်းတဲ့ ဒိုင်ယာလော့ လေးတွေနဲ့ အချစ်ကို လက်တွေ့ကျကျ သရုပ်ဖော်ထားတယ်လို့ ဝေဖန်ရေးဆရာတွေက ဆိုပါတယ်ဇာတ်လမ်းအကျဥ်းကတော့ မာနူနဲ့ ပရီယာတို့ ချစ်သူနှစ်ဦးက အခြေခံ လူတန်းစားဖြစ်တာနဲ့အညီ အိပ်မက်တွေနောက်လိုက်ရင်း နှစ်ယောက်အတူ အိမ်လေးတစ်လုံးငှားပြီး အခြေချဖို့အတွက် ကြိုးစားနေကြသူတွေပါမာနူက သူဌေးရဲ့ ကားမောင်း တောက်တိုမယ်ရ လုပ်ပေးရပြီး ပရီယာကတော့ အ ဆိုတော်ဖြစ်ဖို့ ကြိုးစားနေသူပါ ပရီကာက ချုပ်ချယ်သမျှ ဆူပူသမျှ မြည်တွန်သမျှကို မာနူကလည်း အရာရာသည်းခံပြီး ချစ်တတ်ပါတယ်ဆိုလို့ ပရီယာကလည်း မချစ်တတ်တာတော့ မဟုတ်ပါဘူး တခါတလေတော့ သူ့ချစ်သူကောင်လေးကိုချစ်ကြောင်း နုနုရွရွ ပြောတတ်ပါသေးတယ်"ရို" တယ်ဆိုလို့ နှစ်ယောက်တစ်ကမ္ဘာ မှော်လောကကြီးမှာ နောက်ခံသီချင်းဖွင့်ပြီး ကနေဖို့ အချိန်မရှိပဲ ...
movie
Sapta Sagaradaache Ello – Side A (2023)