Channel Myanmar

Chaitu Babu

Sundaram Master (2024) 6.5
Sundaram Master (2024) Sundaram Master (2024) အလွဲများနဲ့ကျောင်းဆရာဘဝIMDb -8.4/10ဘဝအမောတွေကို ရယ်မောရင်းဖြေဖျောက်လိုသူတွေ အကြိုက်တွေ့မယ့် တေလဂူဟာသကား‌လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဟာသသီးသန့်ချည်းလည်းမဟုတ် တွေးစရာ ငေးစရာလေးတွေနဲ့ ဒရာမာလေးတွေလည်း ရောယှက်ပါဝင်သေးတာမလို့ ဇာတ်လမ်းလေးကို ခံစားကြည့်ရအောင်ပါ။ဆန်ဒရာရောင်ဟာ လူမှုရေးဘာသာသင်တဲ့ဆရာတစ်ယောက်၊ ကျောင်းသားတွေကိုတော့ လူမှုရေးကဘယ်လို စာရိတ္တကဘယ်လို သင်ကြားပေးနေရသူပေမဲ့ ကိုယ်တိုင်ကတော့ ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံနဲ့ ငွေလည်းမက်တဲ့သူတစ်ယောက်ပါ။ အိမ်ထောင်ပြုဖို့ သတို့သမီးလောင်းတွေကို တစ်ယောက်ပြီးတစ်ယောက်လိုက်တွေ့ပြီး တင်တောင်းငွေပိုပေးတဲ့သူနဲ့ယူမယ်ဆိုပြီး လေလံတင်သလိုလုပ်နေလို့ အိမ်ကတောင် တားယူရတဲ့အထိပါပဲ။ ဒါပေမဲ့ ဆွန်ဒရာကတော့ ဘယ်သူဘာပြောပြော ငွေမျက်နှာကြည့်မြဲကြည့်ဆဲပါပဲ။ဒီလိုနဲ့ တစ်နေ့ ဆွန်ဒရာ‌ဆီကို လွှတ်တော်အမတ်က ရောက်လာပြီးတော့ ပြင်ပလောကနဲ့ အဆက်ပြတ်နေတဲ့ တောရွာဇနပုဒ်လေးတစ်ခုမှာ အင်္ဂလိပ်စာသင်ပေးဖို့ စေလွှတ်မယ့်အကြောင်း ခေါ်ပြောပါတော့တယ်။ အင်္ဂလိပ်စာသင်ဖို့က အယောင်ပြသက်သက်ဖြစ်ပြီး တကယ်ကတော့ ရွာရဲ့လျှို့ဝှက်ချက်ကို စုံစမ်းပြီး လွှတ်တော်အမတ်ကို ပြန်သတင်းပေးစေချင်တာပါ။ လွှတ်တော်အမတ်ရဲ့မက်လုံးမှာမျောသွားတဲ့ လောဘသမားလေး ဆန်ဒရာလည်း ပျော်ပျော်ကြီးခေါင်းငြိမ့်ပြီး ရွာမှာ ၆ လ အင်္ဂလိပ်စာသင်ဖို့ သွားပါတော့တယ်။လူမှုရေးဘာသာသင်တဲ့ဆရာပေမဲ့ အင်္ဂလိပ်စာကို ရိပ်ဖမ်းသံဖမ်းတော့ ရွှီးနိုင်တာမလို့ နှစ် ၉၀ အင်္ဂလိပ်စာမသင်ရတဲ့ရွာငယ်လေးကို နှပ်ချဖို့သွားတာပေမဲ့ တစ်ရွာလုံးက အီးစကေးကျွမ်းနေကြတဲ့အခါမှာတော့ ...
movie

Sundaram Master (2024)

2024
Month of Madhu(2023) 8.4
Month of Madhu(2023) Month Of Madhu (မာဒူတို့ရဲ့ ဘဝ) IMDb - 8.3/10အခုတစ်ခါမှာတော့ ဒရာမာကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် မတူညီတဲ့ အခြေ‌‌အနေမှာ ရှိနေတဲ့ မာဒူနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးကို မိတ်ဆက်ပေးလိုက်ပါတယ်USမှာကြီးပြင်းတဲ့ အသက်၁၉နှစ်ပဲရှိသေးတဲ့ မာဒူမာသီဆိုတဲ့ အိန္ဒိယ‌သူကောင်မလေးက သူ့ဝမ်းကွဲရဲ့ မင်္ဂလာဆောင်အတွက် အိန္ဒိယမြေပေါ်ကို ပြန်လည်ရောက်ရှိလို့ လာခဲ့ပါတယ်။ သူမကတော့ USသူ ပီပီ ပျော်ပျော်ပါးပါးပေါ့ပေါ့လေးနဲ့ပဲ ဘဝကို ဖြတ်သန်းနေသူ တစ်ဦးပေါ့။နောက်ထပ် မာဒူဆူဒ်ဟန်ရောင်ဝ် ဆိုတဲ့ အဘိုးကြီးတစ်ယောက်။ အသက်တွေကြီးလာခါမှ မိန်းမဖြစ်သူက ကွာရှင်းခွင့်တောင်းလို့ ကြေကွဲအဘိုးကြီးဖြစ်နေရရှာသူတစ်ဦး။ပေါ့ပေါ့ပါးပါးကောင်မလေး မာဒူနဲ့ ကြေကွဲအဘိုးကြီး မာဒူတို့ တွေ့ကြတဲ့အခါမှာတော့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ငိုတစ်လှည့် ကြည်နူးစရာတစ်လှည့်နဲ့ ကြည့်ရှုရမယ့် ဒရာမာဇာတ်ကားကောင်းလးတစ်ပုဒ်ပဲ ဖြစ်ပါတယ် (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… ...
movie

Month of Madhu(2023)

2023