Channel Myanmar

Chali Pala

Paappan(2022) 6.8
Paappan(2022) Paappan 2023ယခုတစ်ခါတင်ဆက်ပေးမဲ့ကားလေးကတော့ မှုခင်း Thriller ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအစကနေအဆုံးထိ တရားခံကို သိတာလိုလိုမသိတာလိုလို မိတော့မှာလိုလို မမိတော့ဘူးလိုလိုနဲ့ ဖမ်းရခက်ပြီး အန္တရာယ်များတဲ့ ကွင်းဆက်စိတ္တဇလူသတ်သမားတစ်ယောက်ကို ကြည့်ရှုရမှာပါဇာတ်လမ်းအစမှာ တောနက်တစ်နေရာက အိတ်ထဲထည့်ဆွဲထားတဲ့ အလောင်းတစ်ခုကို တွေ့ရှိရကစပါတယ် အဲ့အမှုကို တာဝန်ယူရတာက ရဲအရာရှိဗင်ဆီအေဗရာဟမ် ဖြစ်ပါတယ်အဲ့အလောင်းနားမှာ နာမည်ကြီးမင်းသားတစ်ယောက်ရဲ့ ကားတွေဖုန်းတွေကိုတွေ့လို့ မင်းသားကိုသတ်တဲ့အမှုလို့ထင်လိုက်ပေမဲ့ မထင်မှတ်ပဲ ကွင်းဆက်လူသတ်မှုတစ်ခုဖြစ်နေတဲ့အခါ ဒီအမှုက ရဲမေဗင်ဆီအတွက်တင်မက အတိတ်က ရဲဟောင်းသူ့အဖေမစ္စတာအေဗရာဟမ်နဲ့ပါ ပတ်သတ်လာတဲ့အခါ ဇာတ်လမ်းအစကနေအဆုံး ‌ရင်တမမနဲ့ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်လို့ မှုခင်းစုံထောက်ကားကြိုက်သူတွေအတွက် လက်မလွှတ်သင့်ကြောင်း ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ် File size…2.43GB / 1.2GB Quality…1080p HD RIP/ 720p Format…mp4 Duration….2h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder...YK Translated by Nyein~Sai~Yunni~BpL
movie

Paappan(2022)

2022
12th Man (2022) 7.2
12th Man (2022) 12th Man(2022)IMDb 7.2ရရှိထားပြီး မာလာယာလမ်း သဘာဝမင်းသားကြီးမိုဟမ်လယ်တော့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့တောင်ပိုင်းရုပ်ရှင်ကားကောင်းတခုတင်ဆက်ပေးချင်ပါတယ် အမြဲစည်းလုံးနေခဲ့တဲ့သူငယ်ချင်း၁၁ယောက် ဂိမ်းကစားကြရင်းတစ်ယောက်ရဲ့လျှို့ဝှက်ချက်တစ်ယောက်သိကုန်ကြပြီး အဖွဲ့ထဲကတစ်ယောက်ကထူးဆန်းစွာသေဆုံးသွားတဲ့အခါ....ကောလိပ်ကျောင်းသားဘဝတွေတည်းကလက်တွဲမဖြုတ်ဘဲတစ်တွဲတွဲဖြစ်လာခဲ့တဲ့သူငယ်ချင်း၁၁ယောက်ဟာ ဘဝကိုယ်စီနဲ့ဖြတ်သန်းနေကြပါတယ် တစ်နေ့တော့ သူငယ်ချင်းထဲကတစ်ယောက်ရဲ့လူပျိုပါတီမှာတွေ့ဆုံကြဖို့အပန်းဖြေခြံတစ်ခုဆီခရီးထွက်ခဲ့ကြပါတယ် ဒီခြံထဲမှာဆော့ကစားရင်းအရက်သမားချန်ဒရာဆီလ်ဆိုတဲ့တစ်ယောက်နဲ့အမှတ်မထင်တွေ့ဆုံခဲ့ပြီးကတောက်ကဆလေးတွေရှိခဲ့ကြပါတယ် ဒီလိုနဲ့ညဘက်ရောက်တော့ပါတီပွဲလုပ်နေရင်းဂိမ်းဆော့ကြမယ်ဆိုပြီး လျှို့ဝှက်ချက်ဖော်တဲ့ဂိမ်းကစားရာက အချင်းချင်းခိုက်ရန်ဖြစ်ပြီးကိုယ်စီအခန်းတွေကိုပြန်လာခဲ့ကြပါတယ် ဇာတ်လမ်းကဒီမှာတင်ပြီးမသွားပါဘူး၁၁ယောက်ထဲက မိန်းကလေးတစ်ယောက်ညဘက်ကြီးအသတ်ခံလိုက်ရပါတယ်ဒီကောင်မလေးကိုသတ်တာဟာအရက်သမားလို့ယုံကြည်နေကြပေမယ့်မြှုပ်ကွက်တွေရှိနေတဲ့အတွက်အရမ်းစိတ်ဝင်စားစရာကောင်းနေမှာပါ ဒီအရက်သမားရဲ့ဘဝဇာတ်ကြောင်းအမှန်ကရောဘယ်သူဖြစ်မလဲလူသတ်သမားက ၁၁ယောက်ထဲကပဲလားဆိုတာ သိချင်ဇောတွေတစ်ဟုန်ဟုန်နဲ့ကြည့်ရှုရမှာပဲဖြစ်လို့ အခုပဲအပြေးဒေါင်းလိုက်ကြဖို့တိုက်တွန်းလိုက်ပါတယ်ရှင်(အညွှန်းရေးသားသူက Yunni ဖြစ်ပါတယ်)  File size…1.8GB / 871MB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Poe & Yunni  
movie

12th Man (2022)