Channel Myanmar

Challen Cates

A Million Ways to Die in the West (2014) 6.1
A Million Ways to Die in the West (2014) A Million Ways to Die in The West (2014) (၁)ခင်ဗျားဟာ ၁၈၈၀ပြည့်နှစ်တွေထဲ အမေရိကန် အနောက်ပိုင်းမှာနေတဲ့ လူတစ်ယောက်ဆိုပါစို့။ ခင်ဗျား မွေးထားတဲ့သိုးက သူများခြံထဲက မြက်ကို သွားစားမိရင် ဒီပြဿနာက သေနတ်ချင်းယှဉ်ပစ်ပြီး ဖြေရှင်းရမယ့် ပြဿနာပါပဲ။ အနောက်အရပ်မှာ ခင်ဗျားခြံထဲကသိုးက သူများခြံထဲကမြက်ကို သွားစားမိရုံနဲ့လည်း နေရင်းထိုင်ရင်း ခင်ဗျားသေနိုင်ပါတယ်။သေနတ်ချင်းယှဉ်ပစ်တာမှာ ခင်ဗျားနိုင်ပြီး ရှပ်ထိရုံလောက် ဖြစ်သွားတယ်ဆိုပါစို့။ ခင်ဗျားအနာက ပလာစတာ ကပ်ရုံနဲ့ပျောက်လောက်တဲ့အနာဆိုရင်တောင် အရီဇိုးနားက ဆရာဝန်က ရှပ်ထိထားတဲ့ကိုယ်အင်္ဂါကို ဖြတ်ပစ်ဖို့လိုတယ်လို့ ပြောမှာပါ။ အနောက်ပိုင်းမှာရှိတဲ့ တစ်ဦးတည်းသော ဆရာဝန်ဟာ အအေးမိတဲ့လူနာကို နားထဲသံရိုက်သွင်းတဲ့ နည်းနဲ့ ကုတတ်ပြီး အဖျားကြီးရင် မြင်းကန်တာခံတဲ့နည်းနဲ့ ကုပေးတတ်တဲ့ ဇီဝကလက်သစ်ပါပဲ။ အူအတက်ပေါက်လို့ လာကုတဲ့အမျိုးသမီးတော့ ခွဲစိတ်ရင်း ခဏရပ်ပြီး နောက်လူနာကိုကုနေတဲ့အချိန် အတွင်းကလီစာတွေ ကြောင်စားခံလိုက်ရဖူးပါတယ်။(၂)ဝရမ်းပြေးတွေ၊ အမူးသမားတွေ၊ ဥညှစ်သတ်မယ့်ပြည့်တန်ဆာတွေ၊ ငတ်ပြတ်နေတဲ့ ...
movie

A Million Ways to Die in the West (2014)

2014
This Game’s Called Murder (2021)
This Game’s Called Murder (2021) This Game's Called Murder (2021)ဒီကားလေးက လူသတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဒါပေမယ့် ကြောင်တောင်တောင်နိုင်တယ်လို့ ပြောရင်ကောင်းမလား စိတ်ဝင်စားဖို့ကောင်းတယ်ပဲ ပြောရင်ကောင်းမလား။ ဒီကားလေးက စိတ်ဝင်စားဖို့လည်းကောင်းသလို သူ့ရဲ့ လူသတ်မှုတွေက တစ်နည်းတစ်ဖုံ ရက်စက်လို့နေပါတယ်။ဇာတ်လမ်းကတော့ ဖန်စီဇာတ်လမ်းလေးပါ။ ကမ္ဘာ့နာမည်အကြီးဆုံးဖိနပ်အရောင်းကုမ္ပဏီကနေ လူတွေရဲ့ သတင်းအချက်အလက်တွေစုဆောင်းပြီး ပြန်လည်ရောင်းချပါတယ်။ ဒါပေမဲ့ ကုမ္ပဏီပိုင်ရှင် အဖေလုပ်သူရဲ့ သမီးက ပေတေဆိုးသွမ်းပြီး လုပ်ချင်ရာလုပ်တယ်၊ အဲဒီလိုပဲ မယားဖြစ်သူကလည်း ဘာသာရေးအစွန်းရောက်ပြီး ဂေါက်တောက်တောက်လိုဖြစ်နေရှာတယ်။အဲဒီမှာပဲ မိသားစုအရှုပ်တော်ပုံကနေ ရွှေချောင်းခိုးသယ်တဲ့ကိစ္စအထိဖြစ်လာပြီး လူသတ်ဂိမ်းကစားတဲ့ အခြေအနေဖြစ်လာခဲ့တယ်။ သူတို့က လူသတ်တော့မယ်ဆိုရင် ဂိမ်းကစားရအောင်လို့ အမြဲပြော​လေ့ရှိတယ်။ ကြောင်တောင်တောင်နိုင်တဲ့နည်းနဲ့ လူသတ်နေကြပါပဲ။အဲဒါကြောင့် ဒီရက်ပိုင်းပျင်းနေလို့ရှိရင်တော့ ဒီကားလေး ဖွင့်ထားပြီး အပျော်သဘောအနေနဲ့တော့ ကြည့်လို့ကောင်းပါတယ်ဆိုတဲ့အကြောင်း ညွှန်းဆိုလိုက်ပါရစေ။ သတ်ဖြတ်ခန်း​တွေ ကြမ်းတမ်းတာရယ် တချို့ Nudity and Sex scenes ​လေး​တွေ ပါတာမို့ အသက်မပြည့်သူများ မကြည့်သင့်ပါဘူး​နော်။ File size…(1.2 GB)/(600 MB) Quality….WEB-DL ...
movie

This Game’s Called Murder (2021)

Kajillionaire (2020) 6.4
Kajillionaire (2020) Kajillionaire (2020)================IMDb Rating - 6.4/10 ဒီဇာတ်ကားလေးဟာ IMDb Rating 6.4/10 ရရှိထားပြီး ကြည့်လို့ကောင်းတဲ့ Crime, Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ◌်းကိုပြောပြရရင် ရောဘတ်နဲ့ ထရီဇာဆိုတဲ့ စုံတွဲဟာ လူတွေကို လှည့်ပတ်လိမ်လည်နေတဲ့ဂျင်ပေါ်ကထုံး လမ်းဘေးကြွက် Con Artist နှစ်ယောက်ပါ၊ ရတဲ့ဝေစုကို အမြဲတမ်း ၂ ယောက်ခွဲယူတယ် ဒီလိုနဲ့ သူတို့ ဘဝကိုလည်ပတ်ဖြတ်သန်းနေတာပါ။ နောက်ပြီး သူတို့မှာ သမီးလေး တစ်ယောက်ရလာတော့လည်း ပညာအမွေပေးတဲ့အနေနဲ့ အဲ့ဒီသမီးကို ၂၆ နှစ်လုံးလုံး သူတို့လိုလူလိမ်တစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးခဲ့ပါတယ်။ (စေတနာတွေနော်)ရောဘတ်ပြောတဲ့ စကားအရဆို ငါ့သမီးက စာမရေးတတ်ခင် အရွယ်ကထဲက လူတွေကို ဘယ်လိုလှည့်ပတ်ရမလဲ သိနေပြီတဲ့....အဲ့ဒီလိုနဲ့ သူတို့ ၃ ယောက်အဖွဲ့ထဲကို မယ်လီနာဆိုတဲ့ ကောင်မလေး တစ်ယောက်ရောက်လာပြီး ဓားပြမှုတစ်ခုကို စီစဉ်ကြတဲ့အခါမှာဘာတွေဆက်ဖြစ်မလဲဆိုတာ ကိုဆက်လက်ကြည့်ရှုပေးပါ ခင်ဗျာ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Thiha ...
movie

Kajillionaire (2020)

2020
Walkaway Joe(2020) 6.3
Walkaway Joe(2020) Walkaway Joe(2020)Dallas တို့ သားအဖ (၂)ယောက်ဟာ ဘိလိယက်ထိုးဝါသနာပါကြတယ်....အဖေဖြစ်သူဟာ ဘိလိယက်ဝိုင်းတွေတိုင်း သားဖြစ်သူကိုခေါ်သွားတတ်တဲ့အပြင်အရွယ်မရောက်ခင် လူကြီးတွေလုပ်တဲ့ အလုပ်မျိုးတွေပါခိုင်းလေ့ရှိတယ်...ဒီလိုမျိုးပြုစုပျိုးထောင်မှုကို အမေဖြစ်သူက စိတ်ပျက်လက်ပျက်ဖြစ်လို့ အမြဲစကားများလေ့ရှိတယ်...သီးမခံနိုင်တဲ့အဆုံး အဖေဖြစ်သူဟာ အိမ်ကထွက်သွားတယ်....အမေ့ရဲ့ခံယူချက်တွေကို မကြိုက်တဲ့Dallas လည်း အဖေဖြစ်သူကိုရှာဖွေဖို့  အိမ်ကထွက်သွားတယ်...Dallas တစ်ယောက် ဒီလိုထွက်သွားစဉ်မှာပဲ ထူးဆန်းတဲ့လူတစ်ယောက်နဲ့ဆုံတွေ့ခဲ့တယ်...အဲ့ဒီသူနဲ့ ဘာတွေဆက်ဖြစ်မလဲ...အပြင်လောကကြီးဟာ ဘယ်လောက်ထိခက်ခဲနေလဲ...လူတိုင်းဟာ ပြဿနာကိုယ်စီကို ဘယ်လိုရင်ဆိုင်ရလဲဆိုတာကိုဒီကားလေးက ကောင်းမွန်စွာပြသပေးသွားပါတယ်...ခံစားကြည့်ကြပါ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Shoon Thu Thu Chain ပဲဖြစ်ပါတယ်...File Size : (850 MB) and (310 MB) Quality : Web-Dl 720p Format…mp4 Duration…01:30:00 Genre : Action  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon Thu Thu Chain Encoded by Phyo Pyae
movie

Walkaway Joe(2020)