Channel Myanmar

Chandler Dean

8-Bit Christmas (2021) 6.8
8-Bit Christmas (2021) ခရစ်စမတ်ကာလအတွက် အခွီကားလေးတစ်ကားဖြစ်ပါတယ်သမီးဖြစ်သူက ဖုန်းဝယ်ပေးဖို့နားပူနားဆာလုပ်တာကို ခံနေရတဲ့ဂျိတ်ဒွိုင်းဟာ သူငယ်ငယ်က Nintendo ဂိမ်းစက်ကိုထုတ်ပြရင်း ဂိမ်းစက်ကိုရဖို့ ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရပုံ စွန့်စားခန်းတွေကြုံတွေ့ခဲ့ရပုံကို ပြောပြဖို့ဖြစ်လာပါတယ်။ပထမဆုံး Nintendo ခေတ်စားခါစ ၁၉၈၀ခုနှစ်နောက်ပိုင်းကာလမှာ ဂျိတ်ဒွိုင်းဟာ ဂိမ်းတစ်ခါဆော့ရဖို့ သူဌေးသားတင်မီကင်းန်ရဲ့အိမ်မှာ အတန်းဖော်တွေနဲ့အတူ တန်းစီစောင့်ရတဲ့အ​ခြေအနေပါ။ တစ်နေ့မှာ အဲ့ဒုက္ခတွေကိုမခံနိုင်တော့တဲ့အဆုံး ဂျိတ်တစ်ယောက် ကိုယ်ပိုင်ဂိမ်းစက်ဝယ်နိုင်အောင်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဂျိတ်ရဲ့မိဘတွေကို ပူဆာလို့မရတဲ့အခါ ကင်းထောက်လူငယ်ကျောင်းသားပြိုင်ပွဲမှာ ပထမဆု Nintendo ဆုချမယ်လို့ သိခဲ့ပြီး အခွင့်အရေးကိုလက်လွှတ်မခံပဲ အိမ်မက်အကောင်အထည်ဖော်ဖို့ အစီအစဥ်ချပါတော့တယ်။ခရစ်စမတ်ဇာတ်လမ်းဆိုတဲ့အတိုင်း မိသားစုနဲ့ကြည့်ဖို့အသင့်တော်ဆုံးဖြစ်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့သင်ခန်းစာတွေပါတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ငယ်ငယ်ကကြုံခဲ့ရတာတွေ ပြန်မြင်ယောင်ပြီး ခွီစေရမှာဖြစ်တဲ့အပြင် Nintendo ပရိတ်သတ်ဆိုရင် ပိုပြီးတောင်ကြည့်သင့်ပါတယ်လို့ ပြောလိုက်ပါရစေ။ File size…(1.8 GB) / (900 Mb) Quality….Webrip 1080p / 720p  Format…mp4 Duration….01:37:00 Genre...Comedy, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein  
movie

8-Bit Christmas (2021)