Channel Myanmar

Chandra Shekhar Dutta

Fighter (2024) 6.9
Fighter (2024) Fighter (2024) WEB-DL ကြည်တောက်ရှင်း =========== Imdb6.9/10 အားလုံးပဲစောင့်မျှော်နေတဲ့ လက်ပွားမင်းသားရီသိက်ရိုရှန်နဲ့ အိန္ဒိယရဲ့တန်ကြေးအကြီးဆုံးမင်းသမီးစာရင်းဝင် ဒီပီကားပါဒူကွန်းတို့ရဲ့ အက်ရှင်ကားလေးကတော့ အကြည်ဗားရှင်း ထွက်လာပါပြီ...ရုံတင်ရက်တွေ အကြောင်းအမျိုးမျိုးကြောင့် နောက်ဆုတ်ခဲ့ရပေမယ့် ရုံတင်ချိန်မှာတော့ world wide ၃၃၇.၂ ကုဋေထိ အသားတင်ဝင်ငွေ အမြတ်ထွက်ခဲ့တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။CM Bollywood ပရိသတ်ကြီးကို တစ်ခုလောက်မေးပါရစေ တိုက်လေယာဉ်တွေ စတန့်ထွင်ပြီးမောင်းပြမယ်။ Ninja Kawaski ဆိုင်ကယ်ကြီးမှာ ဂျက်ဖိုက်တာဂျက်ကက်ကြီးဝတ်ပြီး စော်ကိုတင်ပြီး လျှောက်ပတ်မောင်းမယ်။ ပါဖြောင့်ရုပ်ချောမင်းသားရယ် အလန်းအချောမင်းသမီးတို့ ရေကူးဝတ်စုံလေးတွေဝတ်ပြီး အပန်းဖြေတဲ့အခန်းလေးလည်းပါမယ်။ အဲ့ဒါဘာဇာတ်ကားဖြစ်မလဲ.... ဟုတ်ပါတယ် တွမ်ခရုရဲ့ Top Gun ရုပ်ရှင်ပါပဲ အောင်မြင်လွန်းလို့ ဘိုးတော်အရွယ်ရောက်မှ နောက်တစ်ကားထပ်ထွက်လည်း ထပ်အောင်မြင်ပါသေးတယ်... အခုလက်ပွားဦးဆောင်ပါဝင်ထားတဲ့ကားကလည်း Top Gun ဘောလိဝုဒ်ဗားရှင်းပါပဲအိန္ဒိယနဲ့ပါကစ္စတန် နှစ်နိုင်ငံကြားက မရိုးနိုင်တဲ့တိုက်ပွဲတွေကို အခြေခံလို့ ဇာတ်လမ်းဆင်ထားပါတယ်။ အိန္ဒိယလေတပ်က ဇွတ်တရွတ် တိုက်လေယာဉ်မှူးနဲ့ မင်းသမီးချောချောလေးနဲ့ အချစ်ဇာတ်လမ်း ဘာညာ အက်ရှင်အသားပေးတင်ဆက်ထားပါတယ်။ ဘောလိဝုဒ်အနေအထားနဲ့ဆို ရှယ်လန်းတဲ့ အက်ရှင်စွန့်စားခန်းတချို့ကို မြင်တွေ့ရမှာဖြစ်ပြီး မင်းသားရော မင်းသမီးရော ဇာတ်ရုပ်နဲ့ လိုက်ဖက်ညီတဲ့ ဝါရင့်သရုပ်ဆောင်တွေမလို့ bollywood ဖန်တွေ ကျေနပ်အားရမယ့်ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ကြည်တောက်ရှင်းဗားရှင်းလေးနဲ့ခံစားအားပေးကြပါဦးအညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲ ဖြစ်ပါတယ် File size…     3.7 GB ...
movie

Fighter (2024)

The Kerala Story (2023) 7.1
The Kerala Story (2023) The Kerala Story (2023) " ကီရယ်လာဇာတ်လမ်းတစ်ပုဒ်" =============================================ချန်နယ်မြန်မာပရိသတ်တွေအတွက် ထွက်ရှိစဉ်က ငြင်းခုန်စရာတွေ တော်တော်လေးဖြစ်ခဲ့တဲ့ မင်းသမီး အာဒါရှရ်မာရဲ့ The Kerala Story ဆိုတဲ့ IMDb 7.1 ရထားတဲ့ မှုခင်းဒရာမာရုပ်ရှင်လေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။အကြမ်းဖက်မှုနဲ့ အာဖဂန်က ထောင်တစ်ခုမှာ အဖမ်းခံထားရတဲ့ ဖာတီမာဘာဆိုတဲ့ အိုင်းဆစ်အဖွဲ့ဝင်အမျိုးသမီးဟာ စစ်ကြောရေးလုပ်နေသူတွေကို သူ့ရဲ့ဘဝဇာတ်ကြောင်းကို ပြန်ပြောပြနေပါတယ်။သူဟာ ဖာတီမာဆိုတဲ့ အိုင်းစစ်အဖွဲ့ဝင် အစ္စလာမ်အစွန်းရောက်တစ်ယောက် ဖြစ်မလာခင်က ရှာလင်းနီဆိုတဲ့ ကီရယ်လာသူ ဟိန္ဒူအမျိုးသမီး ပညာတတ်တစ်ဦးဖြစ်ခဲ့ပါတယ်။သူဟာ အဲဒီလို ပညာတတ်တစ်ယောက်ကနေ ဘယ်လို လွဲမှားပြီး အမှားတွေကို ကိုယ်တိုင်ဝင်လုပ်တဲ့အထိ အိုင်းဆစ်အဖွဲ့ဝင် ဘယ်လိုဖြစ်လာခဲ့တာလဲဆိုတာ ဒီရုပ်ရှင်ထဲမှာ ပုံဖော်ပြထားတာပါ။ဒီ ၂၀၂၃ ခုနှစ်ထွက် The Kerala Story ဆိုတဲ့ ရုပ်ရှင်ဟာ အမှန်တရားတွေအပေါ် အခြေခံပြီး စိတ်ကူးပုံဖော်ဖန်တီးထားတဲ့ ဒါရိုက်တာ ဆူဒီပ်တိုဆန်ရဲ့ လက်ရာတစ်ခုပဲဖြစ်ပါတယ်။စနစ်တကျဖန်တီးထားတဲ့ ဝါဒမှိုင်းတွေက လူ့အတွေးအခေါ်တွေကို ဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိနိုင်လဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ အနည်းအကျဉ်းမြင်ရမှာပါ...။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie

The Kerala Story (2023)

2023