Channel Myanmar

Charles Agron

Dark House (2014)
Dark House (2014)  Horror ဇာတ်ကားကိုမှ လျှို့ဝှက်ဆန်းကြယ်ရမယ် ကျောချမ်းစရာကောင်းရမယ်စိတ်ဝင်စားစရာလဲကောင်းရမယ်ဆိုရင် Dark House ဆိုတဲ့ဒီဇာတ်ကားကိုကြည့်သင့်ပါတယ်။ဒီဇာတ်ကားထဲမှာတော့ လူတစ်ယောက်ယောက်ကို ထိကိုင်လိုက်တာနဲ့သူတို့ရဲ့အသေဆိုးနဲ့ သေဆုံးမှုတွေကိုမြင်နိုင်တဲ့ နစ်ခ်ဆိုတဲ့ကောင်လေးတစ်ယောက်ကိုတွေ့ရမှာပဲဖြစ်ပါတယ်။သူ့မှာရိုင်ယန်လို့ ခေါ်တဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိပါတယ်။ဘားမှာတွေ့ခဲ့တဲ့ အီဗီဆိုတဲ့ကောင်မလေးနဲ့ချစ်ကြိုက်ပြီး ကိုယ်ဝန်ရပြီးတဲ့အထိတောင် သူတို့သုံးယောက်က အတူတူနေနေကြတုန်းပါပဲ။တစ်နေ့မှာတော့ သူ့ရဲ့စိတ်ရောဂါဝေဒနာရှင် အမေကဆုံးပါးသွားခဲ့ပြီး သူ့အတွက်သေတမ်းစာထဲမှာ အိမ်တစ်လုံးချန်ထားပေးခဲ့ပါတယ်။အဲ့ဒီအိမ်က နစ်ခ်ငယ်ငယ်ကတည်းကနေ အခုအချိန်ထိ ဆွဲလာတဲ့အိမ်ပုံတွေနဲ့တစ်ပုံစံတည်းဖြစ်နေပါတယ်။ဒီလိုနဲ့ နစ်ခ်တို့ သုံးယောက် အဲ့ဒီအိမ်ရှိရာကိုသွားခဲ့ကြပါတယ်။ဒါပေမယ့် အဲ့ဒီအိမ်မှာ သူတို့သုံးယောက်ကို မမျှော်လင့်ထားတဲ့အရာတွေနဲ့ မမျှော်လင့်ထားတဲ့ လူတွေစောင့်နေခဲ့တဲ့အခါမှာတော့ဘာတွေဖြစ်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့် ဖြဲမခြောက်တဲ့Horror ကားပဲဖြစ်ပါတယ်။  File size…1.85GB / 887MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 42m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Dark House (2014)