Channel Myanmar

Charles Dale

Frankenstein: Legacy (2024)
Frankenstein: Legacy (2024) မကြာသေးခင်ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ ဖရန်ကန်စတိုင်းဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဖရန်ကန်စတိုင်းကိုတော့ လူတိုင်းလိုလိုသိကြတဲ့အတွက် အထူးတလည်တော့ရှင်းပြစရာမလိုပါဘူး။ဇာတ်လမ်းအညွှန်းကိုပြောရရင်တော့Legacyဆိုတဲ့အတိုင်းပဲ ဖရန်ကန်စတိုင်းသေဆုံးပြီးနောက်မှာ ကျန်နေခဲ့အရာလေးတစ်ခုကတော့ လူတွေကိုပြန်လည်အသက်သွင်းနိုင်တဲ့ သိပ္ပံနည်းလမ်းတွေပါတဲ့ ဒိုင်ယာရီလေးတစ်အုပ်ပါပဲ။ ထိုဒိုင်ယာရီစာအုပ်ရဲ့တန်ဖိုးကိုသိတဲ့လူတွေရဲ့လောဘကြောင့်ပဲ စာအုပ်လေးဟာ ပိုင်ရှင်တစ်ယောက်ကနေတစ်ယောက်ကို အဆင့်ဆင့်ပြောင်းလာခဲ့တာ နှစ်၁၀၀ကျော်တဲ့အထိပါပဲ။အဲဒီနောက်မှာမှ ၁၈၇၅ခုနှစ်မှာ ထိုစာအုပ်ဟာ မီလီစန့် ဘရောင်းနင်းလို့ခေါ်တဲ့ ထူးချွန်တဲ့အမျိုးသမီးသိပ္ပံပညာရှင်တစ်ယောက်ဆီကိုရောက်လာခဲ့ပါတယ်။ သူမရဲ့ခင်ပွန်းဟာ နာတာရှည်ရောဂါတစ်မျိုးကိုခံစားနေရပြီးတော့ ကြာကြာမနေရတော့ဘူးဆိုတာကိုသိထားတဲ့သူမဟာ ခင်ပွန်းပြန်ကောင်းလာဖို့အတွက် ကုသနည်းမျိုးစုံကိုလိုက်ရှာနေတာပါ။ထိုအချိန်မှာပဲ ဖရန်ကန်စတိုင်းဒိုင်ယာရီဟာ သူမလက်ထဲကိုရောက်လာတဲ့အတွက် ထိုစာအုပ်ထဲကသိပ္ပံနည်းလမ်းတွေနဲ့ သူမရဲ့ခင်ပွန်းကိုကယ်တင်နိုင်မှာလား... သူမရဲ့နည်းလမ်းတွေက မှန်ရောမှန်ရဲ့လားဆိုတာကို ရင်ခုန်စွာနဲ့ကြည့်ရှုရမှာပါ။File size…(1 GB)/(452 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastero
movie

Frankenstein: Legacy (2024)