Channel Myanmar

Charles Hubbell

Walking with the Enemy (2013) 6.5
Walking with the Enemy (2013) ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်ကိုကိုးကားပြီးရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ဂရမ်မီဆုရှင် မင်းသားကြီး Ben Kingsley ကဟန်ဂေရီနိုင်ငံခေါင်းဆောင်ရီဂျန့်ဟော်သီအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒုတိယကမ္ဘာစစ်ကာလအပိုင်းအခြားကဟန်ဂေရီနိုင်ငံသား ဂျူးလူမျိုးကောင်လေးတစ်ယောက်ဟာနာဇီတွေဝင်ရောက်လာပြီးနောက်အလုပ်သမားစခန်းကိုပို့ခံလိုက်ရပါတော့တယ်။အလုပ်သမားစခန်းမှ မိသားစုဝင်တွေဆီကိုသက်စွန့်ဆံဖျားစခန်းကနေ ခိုးထွက်ပြီးပြန်လာတဲ့အချိန်မှာမျှော်လင့်ထားသလို မိသားစုဝင်တွေကိုမတွေ့ရတော့သောအခါ မိသားစုဝင်တွေကို လိုက်ရှာရင်းရင်ဆိုင်ရတဲ့ အခက်အခဲတွေ။ရန်သူတွေကြားထဲကို အယောင်ဆောင်ဝင်ရောက်ပြီးမိမိလူမျိုးတွေကို တက်နိုင်သမျှကယ်တင်ပုံတွေ။ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာ နာဇီတွေဂျူးတွေအပေါ်ရက်စက်ကြမ်းကြုတ်ပုံတွေ၊ နိုင်ငံရေးလှည့်ကွက်တွေအပြင်စစ်ပွဲရဲ့ ရက်စက်ပုံတွေကို ကွင်းကွင်းကွက်ကွက်ရိုက်ကူးတင်ပြထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…  1.90 GB /  772 MB Quality… WEB Rip 1080p / 720p Format… mp4 Duration…. 2h 4m Genre .....  Action , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Eunice
movie

Walking with the Enemy (2013)

2013
Paulie Go! (2022) 5.2
Paulie Go! (2022)  Paulie Go (2022) ပေါ်လီ လို့ ခေါ်တဲ့ လူငယ်လေး က ငယ်ငယ်လေး ထဲ က ‌အပေါင်းအသင်း မရှိတဲ့ အပယ်ခံလေး တယောက်ပါ ဒါပေမဲ့ သူ က သိပ္ပံ ဝါသနာအိုးလေး ဖြစ်တာကြောင့် ငယ်ငယ် ထဲ AI ဉာဏ်ရည်တု နည်းပညာ နဲ့ ကွန်ပျူတာ သိပ္ပံကို အပြင်းအထန် လေ့လာ ခဲ့ပါတယ်သို့‌သော် လည်း သူ သိပ် တွဲ အလုပ်လုပ်ချင်တဲ့ ကမ္ဘာကျော် သိပ္ပံ ပါမောက္ခကြီး ဆီ က ငြင်းခံလိုက်ရချိန်မှာတော့ တယောက်တည်း အိမ်က မသိအောင် ပါမောက္ခကြီးကို လိုက်ရှာဖို့ မစ်နီဆိုးတားကို လူရှာပုံတော် ထွက်လာခဲ့ပါတယ် မစ်နီဆိုးတား ရောက်တော့ ရွယ်တူ အေဗရီ ဆိုတဲ့ ဂျစ်ကန်ကန်ကောင်မလေး နဲ့ တွေ့ပြီး ဘာတွေ အပေးအယူလုပ်လဲ ပေါ်လီ ‌နဲ့ အေဗရီ ...
movie

Paulie Go! (2022)

Memorial Day (2012) 6.1
Memorial Day (2012) Memorial Day (2012)================IMDb Rating - 6.1/10ဒီဇာတ်ကားဟာ ပစ်တယ်၊ ခတ်တယ်၊ လူတွေ သေတယ်ဆိုတဲ့သာမန်ရိုးကျ စစ်ကားတစ်ကားမဟုတ်ပါဘူး။ စစ်ပွဲ တစ်ပွဲမှာပါဝင်ဆင်နွှဲခဲ့ကြပြီး စစ်ပြန် စစ်သားဟောင်းတွေရဲ့ နောက်ကွယ်ကခံစားချက်တွေကို ‌ဖော်ပြပေးနေတဲ့ စစ်ပွဲနောက်ခံပြု ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ အီရတ်မှာ တာဝန်ထမ်း‌ဆောင်နေတဲ့ ဆာဂျင် ကိုင်းလ် ဗိုဂယ်ဟာစစ်ဆင်ရေးလုပ်ဆောင်ရင်း အမှတ်တရပစ္စည်းတွေ စုဆောင်းတတ်သူတစ်ယောက်ပါ။ တစ်နေ့မှာ စစ်ဆင်‌ရေးလုပ်ဆောင်ရင်း ကိုင်းလ်တစ်ယောက် ဒဏ်ရာရပြီး ဆေးရုံတက်လိုက်ရပါတော့တယ်။ဆေးရုံတက်ရင်း အဘိုးဖြစ်သူပြောပြခဲ့တဲ့ ဇာတ်လမ်းများကိုပြန်ပြောင်းပြောဖို့ ဖြစ်လာပါတော့တယ်။ ကိုင်းလ်ရဲ့ အဘိုးဖြစ်သူ ဘက်တ်ဗိုဂယ်ဟာ ဒုတိယကမ္ဘာစစ်မှာတိုက်ပွဲဝင်ခဲ့တဲ့ စစ်သားဟောင်းကြီး တစ်ယောက်ပါ။ ဘက်တ်ဟာစစ်ပွဲအတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို ဘယ်သူ့ကိုမှပြန်မပြောဘဲအမှတ်တရပစ္စည်းများကိုသာ သိမ်းထားပါတယ်။ ကိုင်းလ် ငယ်စဥ်က တူတူပုန်းတမ်းကစားရင်း အဘိုးရဲ့ ပစ္စည်းတွေ သိမ်းထားတဲ့သေတ္တာကြီးကို တွေ့သွားပါတော့တယ်။ ထိုသေတ္တာကြီးကို တွေ့ရာမှအဘိုးဖြစ်သူရဲ့ လျှို့ဝှက်ထားတဲ့ စစ်ပွဲအတွင်း အဖြစ်အပျက်တွေကိုကိုင်းလ် နားဆင်ရပါတော့တယ်။  စစ်ပွဲဆိုတာ ခေတ်သာ ပြောင်းသွားတယ် အဖြစ်အပျက်တွေက ...
movie

Memorial Day (2012)

2012
Before the Fire (2020) 4.0
Before the Fire (2020) ကိုဗစ် ၁၉ ကာလ ဖြစ်တာနဲ့အညီ ဇာတ်ကားတွေဟာလည်း ကပ်ရောဂါဆန်ဆန်ဇာတ်ကားများနှင့် ပညာပေးပြီးစိတ်ဝင်စားဖွယ်ဇာတ်ကားများအဖြစ် ထုတ်လုပ်ကာ ဖြန်ချီနေပါတယ်။အမျိုးသမီး ဒါရိုက်တာ ဖြစ်တဲ့ ချာလီ ဘူလာ နဲ့ နက်ဖလစ် မှာနာမည်ကြီးထားတဲ့ဇာတ်ကားများမှာပါဝင်သရုပ်ဆောင်ထားတဲ့ဂျန်နာ လင်း တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ကပ်ရောဂါ ကျရောက်တဲ့အချိန်မှာ ကမ္ဘာတစ်ဝှမ်းမှာစီပွားရေး ပိုင်းဆိုင်ရာ လျော့ရဲ လာနေပါပြီ။အဲဒီအချိန်မှာ အဓိကကတော့ အမေရိကန်ပဲဖြစ်ပါတယ်။အေဗာ ဘွန်းရဲ့ ခင်ပွန်းဖြစ်တဲ့ ကယ်လီ ရိုဒီ ဟာဒီလိုမျိုးကပ်ရောဂါကြီးဖြစ်လာခဲ့ရင် ဘာတွေပြောင်းလဲနိုင်မယ်ဆိုတာကိုကြိုတင်သိနေတာကြောင့် သူ့ရဲ့ဇနီး ကို လော့အိန်ဂျလိ ရဲ့ဝေးလှမ်ခေါင်ပါးတဲ့နေရာတစ်ခုကို ပို့ပေးထားခဲ့ပါတယ်။အေဗာ ဟာ ဆိုးရွားလွန်းတဲ့မိသားစုကနေ လွတ်မြောက်ကာသရုပ်ဆောင်မင်းသမီး အဖြစ် ဟောလိဝုဒ်တွင်တတ်ရောက်လုပ်နေခြင်းဖြစ်ပြီး သူ့ရဲ့ မွေးရပ်ဇာတိကိုပြန်ရောက်တဲ့အချိန်မှာ ........
movie

Before the Fire (2020)