Channel Myanmar

Charlie Briggs

Merrill’s Marauders (1962) 6.6
Merrill’s Marauders (1962) ဒုတိယကမ္ဘာစစ်အတွင်းက ဗမာပြည်စစ်မြေပြင် Burma Campaign ရဲ့ နာမည်ကြီးတိုက်ပွဲဖြစ်တဲ့ မြစ်ကြီးနားတိုက်ပွဲကိုဆင်နွှဲခဲ့တဲ့ ဗိုလ်ချုပ် Merrill နဲ့ သူ့ရဲ့တပ်ဖွဲ့ Merrill's Marauders အကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကားပါ...ဂျပန်တွေလက်ထဲက မြစ်ကြီးနားကို သိမ်းဖို့ ပြောက်ကျားတပ်ဖွဲ့ ၂ ဖွဲ့ ဖွဲ့ခဲ့ပြီး တစ်ခုက မရောက်ဒါးတပ်ဖွဲ့နဲ့ နောက်တစ်ဖွဲ့က Levi Scout (Kachin Scout) လို့ခေါ်တဲ့ ကချင်လူမျိုးတွေအများဆုံးပါဝင်တဲ့တပ်ဖွဲ့ပါ။"ယမ်းငွေ့ဟာ ပန်းမွေ့ယာဖြစ်မလာနိုင်ဘူး" တဲ့။ "စစ်တိုက်တယ်ဆိုမှတော့ ပန်းတွေနဲ့ပေါက်ကြတာမှ မဟုတ်ဘဲလေ"။ "စစ်" ဆိုတဲ့ ကဗျာခေါင်းစဉ်လေးအောက်မှာ "ဒုံးဒုံးဒက်ဒက်၊ တုံးလုံးပက်လက်" ဆိုပြီး နှစ်ကြောင်းထဲနဲ့ စစ်ရဲ့ အနိဌာရုံကို ထင်ဟပ်နိုင်သလိုပေါ့။ လူတွေဟာ စစ်တိုက်ဝါသနာ ပါသလားမသိ။ အခုထိ ကမ္ဘာ့စစ်ပွဲကြီး နှစ်ကြိမ်ဖြစ်ပြီးသွားပြီ။ဒါပေမဲ့ စစ်တိုက်တယ်ဆိုတာနဲ့ လူအများပြေးမြင်တာက ကျည်ဆံတွေ ပလူပျံနေတုန်း ပြေးကြ လွှားကြ၊ သွေးသံရဲရဲ သေပွဲဝင်ကြ၊ ကိုယ့်ရဲဘော် ...
movie

Merrill’s Marauders (1962)