Channel Myanmar

Charlie Ebbs

A Royal Christmas Crush (2023) 5.5
A Royal Christmas Crush (2023)  ခရစ်စမတ်ရာသီလည်း နီးလာပြီဆိုတော့ Romance ကားကောင်းတွေထွက်နေကျ Hallmark က ရိုက်ကူးထုတ်လုပ်ထားတဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ခရစ်စမတ် အချစ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။မြောက်ဝင်ရိုးစွန်းနဲ့ အလှမ်းမဝေးတဲ့ ဖရီအိုလန်းဆိုတဲ့ မြောက်ပိုင်းနော်ဒစ်နိုင်ငံလေးတစ်နိုင်ငံမှာ ပျိုတိုင်းကြိုက် မင်းသားချောလေး တစ်ယောက်ရှိပါတယ်။ခရစ်စမတ်ကပွဲအတွက် ဆောင်းနန်းတော်ရဲတိုက်ကြီး တည်ဆောက်တဲ့နေရာမှာအတွင်းပိုင်းပြင်ဆင်ရေးအတွက် အေဗာဆိုတဲ့ ကောင်မလေးက ဖရီအိုလန်းကိုရောက်လာခဲ့ပါတယ်။ မတူညီတဲ့ နောက်ခံအခြေအနေတွေနဲ့ သူတို့နှစ်ဦး အမှတ်မထင်ဘယ်လိုတွေ့ဆုံကြမလဲ ဘယ်လိုအခက်အခဲမျိုးတွေ ရင်ဆိုင်ရမလဲဆိုတာကိုရိုက်ကူးတင်ဆက်ထားပါတယ်။ နတ်သမီးပုံပြင်လေးထဲကလို နှင်းတွေ တဖွဲဖွဲကျဖုံးလွှမ်းနေတဲ့ ရှုခင်းတွေနဲ့ Xmas Vibe အပြည့် ကြည့်ရှုရမှာပါ၊ File size…1.24GB / 574MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….2h Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi
movie

A Royal Christmas Crush (2023)

Spinning Gold (2023) 6.3
Spinning Gold (2023) Spinning Gold (2023)ဒါကတော့ မှတ်သားလောက်ဖွယ်ရာ လူတစ်ယောက်ရဲ့အတ္ထုပ္ပတ္ထိဇာတ်လမ်းပါ။ ဒီဇာတ်လမ်းကို သူ့ဘဝအကြောင်းသူပြန်ပြောနေပုံနဲ့ရိုက်ကူးထားပြီး ဒီဇာတ်လမ်းမှာ သူကလူတိုင်းကို စိန်ခေါ်ထားပါတယ်။"မင်းတို့ ငါ့နာမည်ကိုမမှတ်မိဘူးဆိုတာ မင်းတို့တစ်ယောက်ချင်းကို ဒေါ်လာတစ်ရာစီလောင်းရဲတယ် ဒါပေမဲ့ ငါက မင်းတို့ကို ကခုန်စေခဲ့တယ်တဲ့"သူ့ကိုမမှတ်မိရင်တောင် သူနဲ့ပတ်သက်ခဲ့သူတွေကိုတော့ ဂီတချစ်သူတွေဆို သေချာပေါက်သိကြမှာပါ။ Kiss, The Village People, George, Donna Summer, Bill Withers, Isley Brothers, Parliament နဲ့တခြားအဆိုရှင်ပေါင်းများစွာပါပဲ။ Donna Summer ရဲ့ Orgasmic moan တွေပါဝင်ပြီး ၁၇ မိနစ်တာကြာတဲ့ Love to Love You သီချင်းကိုလဲ ပရိသတ်ကစွဲစွဲထင်ထင်ရှိနေဦးမယ်လို့ထင်ပါတယ်။ ဒီအဆိုကျော်ကြီးတွေက သိပ်ကိိုထူးခြားပြည့်စုံသူတွေဖြစ်ကြပေမယ့် သူတို့ရဲ့ထူးခြားမှုကိုပရိသတ်တွေလက်ခံနိုင်ဖို့ သူတို့ဂီတတွေကိုလက်ခံနိုင်ဖို့ သူတို့အိပ်မက်တွေကိုအသက်သွင်းပေးခဲ့သူကတော့ ဒီဇာတ်လမ်းရဲ့ဇာတ်ကောင် ကာဆာဘလန်ကာဓာတ်ပြားခွေထုတ်လုပ်ရေးရဲ့တည်ထောင်သူ နီးလ်ဘိုးဂတ်ပါပဲ။ ဒီဇာတ်လမ်းကသိပ်ပြည့်စုံလွန်းနေတာကြောင့် ဘာမှထပ်မညွှန်းလိုတော့ပါဘူး။ ဒီဇာတ်လမ်းကို နီးလ်ရဲ့သားဖြစ်သူကရိုက်ကူးထားတာပါ။ နီးလ်ကသူ့သားငယ်စဥ်မှာပဲဆုံးပါးသွားခဲ့တော့ အဖေ့ကိုသေချာ သိခွင့်မရခဲ့တဲ့သားက အဖေ့မိတ်ဆွေတွေကိုလိုက်မေးမြန်းပြီး ဒီဇာတ်လမ်းကိုရေးဖွဲ့ထားပါတယ်။ လူတွေရဲ့မှတ်ဥာဏ်ကထူးဆန်းတယ်တဲ့။ လူတွေကလဲသူတို့မှတ်မိချင်ရာကိုမှတ်မိကြပြီး မေ့ချင်ရာကိုမေ့ပစ်တတ်ကြတယ်။ အဲ့တော့ဒါအားလုံးကအမှန်လားဆိုရင်တော့ မဟုတ်ပါဘူး။ နီးလ်ဘိုးဂတ်လို ဘဝကတိုတောင်းခဲ့ပေမယ့် အဲ့ဒီဘဝတိုလေးမှာပဲ သူ့ရဲ့ကိုယ်ပိုင်အိပ်မက်တွေအပြင် သူများတွေရဲ့အိပ်မက်တွေအများကြီးကိုပါ အသက်သွင်းပေးခဲ့တဲ့လူတစ်ယောက်ရဲ့ဘဝဇာတ်လမ်းကို ဘယ်လိုလုပ်အတိအကျပြောနိုင်မလဲ။ နည်းနည်းလျှော့ပြောတာလေးတွေရှိမယ် ...
movie

Spinning Gold (2023)

2023
Sugar (2022)
Sugar (2022) Sugar (2022)လွန်ခဲ့တဲ့ 6 နှစ်တုန်းက ကနေဒီးယန်း Ig ဆယ်လီ စော်လေးနှစ်‌ယောက်ဟာ ဩစတြေးလျနိုင်ငံ ဆစ်ဒနီဆိပ်ကမ်းမှာ ဒေါ်လာသုံးဆယ်မီလီယံလောက် တန်ကြေးရှိတဲ့ ကိုကိန်းတွေ မှောင်ခိုသယ်မှုနဲ့ အဖမ်းခံခဲ့ရပါတယ်ခုဇာတ်ကားလေးကတော့ အဲ့ဖြစ်ရပ်မှန်ကို ပြန်ရိုက်ထားတဲ့ ကမ္ဘာလှည့်ခရီးသွား ဆယ်လီလေးနှစ်‌ယောက် ဘယ်ကနေဘယ်လို မူးယစ်မှောင်ခိုသမားဖြစ်သွားလဲဆိုတာပါပဲ ဖြစ်ရပ်မှန်ပြန်ရိုက်ထားတယ်ဆိုပေမဲ့ ဇာတ်ကောင်တွေ အကုန်လုံးက စိတ်ဝင်စားဖို့ကောင်းမွန်ပြီး ထင်မှတ်မထားတဲ့ မြှပ်ကွက်တွေလဲထည့်သွင်းထားတာတွေ့ရမှာပါLead actress မင်းသမီးနှစ‌်ယောက်ကလဲ Instagram celebrity ဆိုတဲ့ဇာတ်ကောင်စရိုက်နဲ့အညီ တော်တော်လေးကို ဆွဲဆောင်မှုရှိတာမို့ လက်လွတ်မခံသင့်ကြောင်း လက်တို့ပေးပါရစေအညျွန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama Quality…. 1080p | 720p | 480p File size… 1.7GB | 941MB | 501MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Sai Thurein Lynn Encoder ...
movie

Sugar (2022)

2022
Crisis (2021) 6.1
Crisis (2021) Crisis (2021)===========IMDb Rating - 6.1/10ဘိန်းစကားလုံးတစ်လုံးလေးပေမယ့် တစ်လောကလုံးကို ချုပ်ကိုင်ပစ်နိုင်တယ်။ဒီဘိန်းကြောင့် အမေရိကန်ပြည်ထောင်စု ဒေသတစ်ခုမှာနေထိုင်သူ မိခင်တစ်ယောက် သူချစ်ရတဲ့သားကို ရုတ်တရက်ဆုံးရှုံးလိုက်ရတယ်၊ဒီဘိန်းကြောင့် တက္ကသိုလ်က ဇီဝဗေဒပညာရှင်တစ်ယောက် ရာထူးပြုတ်ပြီး အလုပ်လက်မဲ့ဖြစ်လုနီးပါးအခြေအနေကို ကြုံနေရတယ်၊ဒီဘိန်းကြောင့် လူဆိုးဖမ်းချင်တဲ့ အက်ဖ်ဘီအိုင်အေးဂျင့်တစ်ယောက် ဘိန်းကုန်သည်ယောင်ဆောင်ပြီးအသက် အန္တရာယ်ရှိတဲ့ဘ၀ကို နေထိုင်နေရတယ်၊ဒီဘိန်းကြောင့် မိန်းကလေးတစ်ယောက်ရဲ့ ဘ၀ဟာ လမ်းပျောက်လုနီးပါးဖြစ်နေရတယ်၊ဒီဘိန်းကြောင့် လောဘသားတွေ အတောမသတ်နိုင်သလို အပြစ်မရှိတဲ့သူတွေပါ သေဆုံးနေရတယ်၊ဒီအကြောင်းအရာတွေအားလုံးရဲ့ တစ်ခုတည်းသော တရားခံက ဘိန်းပဲ . . .ဒီတော့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲလူ ၃ ယောက် ကြုံရတဲ့ မတူညီတဲ့ အခြေအနေတွေကို ချိတ်ဆက်ရိုက်ပြထားပြီး အင်မတန်မှ စိတ်၀င်စားဖို့ကောင်းပါတယ်။− မင်းသားကြီး Gary Oldman− Social Network , Call Me by Your Name တို့နဲ့ လူသိများတဲ့ Armie Hammer− ...
movie

Crisis (2021)

2021
Anon (2018) 6.1
Anon (2018) CM ပရိသတ်ကြီးအတွက် ၂၀၁၈ ယခုလအတွင်းမှာထွက်ရှိထားတဲ့ဇာတ်ကားအသစ်လေးတင်ဆက်ပေးလိုက်ပါတယ်။Anon (2018) ကိုတော့ Tom Hanks ရဲ့နာမည်ကျော် The Terminal (2004) ဇာတ်ကား နဲ့ ကမ္ဘာကျော်ဟာသမင်းသားကြီး Jim Carreyရဲ့ အကောင်းဆုံးဇာတ်ကားပါလို့ တင်စားကြတဲ့ The Truman Show (1998) တို့ကို ဇာတ်ညွှန်းရေးသားခဲ့တဲ့ Ardrew Niccol ကပဲ ကိုယ်တိုင်ဇာတ်ညွှန်းရေးသားပြီး ကိုယ်တိုင်ပဲရိုက်ကူးခဲ့ပါတယ်။ဒီဇာတ်ကားမှာတော့မင်းသား Clive Owen နဲ့ မင်းသမီးချော Amanda Seyfried တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။IMDb rating ဟာလည်း 6.1 ရှိတဲ့အတွက်အတော်အသင့်ကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားလို့လည်း ဆိုရမှာပါ။ဇာတ်လမ်းအကျဉ်း ========== ဇာတ်အိမ်ကို အနာဂတ်ခေတ်မှာတည်ထားပြီးတော့ ထိုအနာဂတ်ခေတ်မှာ အစိုးရဟာ ပြစ်မှုတွေကိုနှိမ်နင်းဖို့အတွက် လူသားတွေရဲ့လုံခြုံရေးရပိုင်ခွင့်များကို ချိုးဖောက်ပြီး စောင့်ကြည့်ထောက်လှမ်းရအောင်လည်း ဥပဒေတစ်ခုကိုပြဌာန်းထားပါတယ်။ရဲအရာရှိတစ်ဦးဖြစ်တဲ့ Sal Frieland ဟာအဆိုပါဥပဒေကို လက်ခံကျင့်သူတစ်ဦး ဖြစ်ပါတယ်။သို့ပေမယ့် The Girl လို့ခေါ်တဲ့ ...
movie

Anon (2018)

2018