Channel Myanmar

Charlie Saxton

The English Teacher (2013)
The English Teacher (2013) IMDb- 5.7ဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်ကကင်းစတန်မြို့ အထက်တန်းကျောင်းက အင်္ဂလိပ်စာဆရာမလင်ဒါစင်ကလဲရား ဖြစ်ပါတယ်။သူကတော့ လက်မထပ်ရသေးတဲ့ တစ်ကိုယ်တည်း အပျိုကြီးမမဖြစ်ပါတယ်။စာပေကိုချစ်မြတ်နိုးပြီး သူသဘောကျတဲ့စာရေးဆရာတွေရဲ့စာအုပ်တွေ ဇာတ်လမ်းကြောင်းတွေကိုသူ့ဘဝရဲ့ အဖော်မွန်အဖြစ် သ‌ဘောထားတဲ့သူပါ။ပကာသနတွေမလိုဘဲ သူ့ဘဝလေးကို ရိုးရိုးရှင်းရှင်းသာမန်လေးပဲနေထိုင်နေပါတယ်။ဒီလိုနေရင်းနဲ့ပဲ သူ သဘောကျတဲ့ယောကျ်ားလည်းမတွေ့သေးဘဲ ရွေးရင်းရွေးရင်း အပျိုကြီးဖြစ်နေတာပေါ့လေ။ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့ကျောင်းသားဟောင်းတစ်ယောက်ဖြစ်တဲ့ဂျေဆင်ရှာဝုဒ်နဲ့ ပြန်လည်တွေ့ဆုံပါတယ်။ဂျေဆင်က နယူးရော့ခ်က ပြဇာတ်ရေးစာရေးဆရာတစ်ယောက်ဖြစ်ပြီးစာရေးဆရာတစ်ယောက်အဖြစ်ရပ်တည်ဖို့လက်လျှော့တော့မယ်ဆိုပြီး ဒီမြို့ကို ပြန်လာခဲ့ပါတယ်။တစ်ဖက်မှာ ဂျေဆင်ရဲ့ဖခင်ဖြစ်သူ ဒေါက်တာရှာဝုဒ်ကဂျေဆင်ကို ဥပဒေကျောင်းတက်ဖို့ တွန်းအားပေးနေပါတယ်။ဒီလိုအခြေအနေမှာ လင်ဒါက စာရေးဖို့ လက်လျှော့မယ်ဆိုတဲ့ဂျေဆင်ရဲ့ အတွေးကို အားပေးဖို့ ဂျေဆင်ရေးထားတဲ့ပြဇာတ်ကို အထက်တန်းကျောင်းပြဇာတ်ရုံမှာ တင်ဆက်ဖို့ စီစဉ်ပေးပါတော့တယ်။ဒီလိုနဲ့ လင်ဒါတစ်ယောက်ကတော့ သူ့ရဲ့ comfort zoneလေးကနေထွက်ခါမှ သူ့ဘဝမှာ အရှက်ရစရာ ရှုပ်ထွေးတဲ့ကိစ္စလေးတွေဖြစ်လာပါတော့တယ်။သူစာသင်ပေးဖူးတဲ့ ကျောင်းသားဟောင်းလေးနဲ့ ညှိမိတဲ့ကိစ္စပါ။ဒီကိစ္စတင်ပဲလား... ကဲ ပြီးပြည့်စုံတဲ့လူရယ်လို့ မရှိလေတော့လင်ဒါတစ်ယောက် ဘယ်လိုအရှုပ်တွေလုပ်မိတာလဲဆိုတာတော့ ဇာတ်လမ်းလေးကြည့်ရှုလိုက်ကြပါဦး။ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။ File size…  1.3 GB ...
movie

The English Teacher (2013)

2013
The Happening(2008) 6.5
The Happening(2008) The Happening(2008)အညွှန်း**************************မင်းသား Mark Wahlberg ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဒီကားတော်တော်ဝင်ငွေကောင်းသလို အဲ့ဒီနောက်ပိုင်းထွက်ရှိခဲ့တဲ့ A Quiet Place , Bird Box တို့လို့ ဇာတ်ကားတွေကိုတော့ အတော်များများသိကြမှာပါ...တစ်မျိုးစီကောင်းကြတယ်ဆိုပေမဲ့ The Happening(2008) ရဲ့ လူသေခန်းတွေနဲ့ဖြစ်ရပ်တွေဟာအတော်ကြောက်စရာကောင်းပါတယ်...ကြည့်နေရင်း ကြက်သီးမွေးညင်းတွေထောင်ထလောက်အောင်ပါပဲ...ဆိုတော့ဒီကားဘယ်လိုအမျိုးအစားလဲ ခန့်မှန်းမိလောက်မှာပါ....A Quiet Palace ကတော့ ကြားလို့မရ BirdBox ကတော့ ကြည့်လို့မရ အမျိုးအစားပေါ့...ဒီကားကိုတော့ စပွိုင်လာဖြစ်နေမှာစိုးလို့ တခြားအရာတွေမညွှန်းတော့ပါဘူး..Mark Wahlberg လည်းပါတယ်..Suspense, thrill အဆန်ဆုံးစာရင်းဝင်လို့ဒီလိုကားမျိုးနှစ်သက်တဲ့သူတွေအတွက်တော့  KBZ Atm မှာ ၂သိန်းထုတ်တုန်း၁၀သိန်းလောက်တစ်ခါထဲထွက်တဲ့ ခံစားချက်မျိုးကို ရရှိစေမှာမို့လက်မလွှတ်သင့်ပါကြောင်း...File Size :(1.7GB) (910 MB) and (380 MB) Quality : Blu-Ray 720p Format…mp4 Duration…01:48:00 Genre : Mystery  , Drama,Sci-Fi Subtitle : Myanmar Subtitle (Hard ...
movie

The Happening(2008)

Trollhunters: Rise of the Titans (2021) 8.8
Trollhunters: Rise of the Titans (2021) Trollhunters: Rise of the Titans (2021)=========================== IMDB - 8.8/10CM ပရိသတ်ကြီးများကို လုံးဝအလန်းလွန်နေတဲ့ Animation ကားလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်ဒီစကြဝဠာကြီးကို စွမ်းအားကြီးမားလှတဲ့ စုန်းမကြီးသုံးယောက် ဖန်ဆင်းထားတယ်လို့ဆိုရအောင်ဗျာ အဲ့စကြဝဠာကြီးထဲမှာ လူသား တိရိစ္ဆာန် မှင်စာ ဂြိုလ်သား စတဲ့သက်ရှိတွေအားလုံး ညီညွှတ်မျှတစွာနေထိုင်နိုင်ဖို့ ကမ္ဘာမြေဆိုတဲ့လှပတဲ့နေရာလေးကိုလည်း ဖန်ဆင်းခဲ့ကြတယ်ဒါပေမယ့် လူသားတွေကတော့ ကမ္ဘာမြေရဲ့အလှကို မစောင့်ရှောက်ဘဲ ဖျက်စီးကြတယ်ဗျာ လူသားအချင်းချင်း စစ်ပွဲတွေခင်း အာဏာတွေပြကြရုံမက မှင်စာလေးတွေကိုပါ ထိခိုက်လာခဲ့တော့ မှင်စာလေးတွေဟာလည်း ကမ္ဘာမြေကြီးရဲ့အောက်ခြေမှာပဲ ပုန်းလျှိုးကွယ်လျှိုးနဲ့နေထိုင်ကြရတာပေါ့ ဒါတင်မက လူသားတွေဟာ အကောင်လေးတွေကိုနှိပ်စက် အပင်တွေခုတ်နဲ့ ကြာတော့ ကမ္ဘာကြီးလည်းတဖြည်းဖြည်းပျက်စီးလာခဲ့တယ်ဒါကိုသည်းမခံနိုင်တော့တဲ့ စုန်းမကြီးတွေဟာ ကြီးမားလှတဲ့ Titan ကြီးတွေကို ဆင့်ခေါ်ပြီး ကမ္ဘာမြေကိုဖျက်စီးကာ အသစ်တဖန်ပြန်စဖို့ စီစဉ်ပါတော့တယ်ဒါကိုသိရှိသွားကြတဲ့ Trollhunter(မှင်စာမုဆိုး) ဦးဆောင်တဲ့ သူရဲကောင်းတစ်စုဟာ ဖန်ဆင်းရှင်စုန်းမကြီးတွေကို လိုက်လံတားဆီးကြတော့တာပေါ့ အပြောသာလွယ်ပေမယ့် ဖန်ဆင်းခံလူသားတွေက ဖန်ဆင်းရှင်ကိုခံချဖို့ဆိုတာ ကြားရုံနဲ့ မဖြစ်နိုင်တဲ့ကိစ္စပါ ဒီလိုမဖြစ်နိုင်တဲ့ကိစ္စကို သူငယ်ချင်းတွေ ဘယ်လိုပူးပေါင်းပြီး ဘယ်လိုတိုက်ခိုက်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားပါတယ်Animation ...
movie

Trollhunters: Rise of the Titans (2021)

2021
The Little Things (2021) 6.4
The Little Things (2021) The Little Things (2021)===================IMDb Rating - 6.4/10စိတ္တဇလူသတ်သမား တစ်ယောက်ကို အတူတူလိုက်ရှာလိုက်ကြပါစို့။ ဒန်ဇယ်ဝါရှင်တန်ရဲ့ ဝါရင့် သွေးအေး စုံထောက်ဟောင်းကြီးစတိုင်၊ ရာမီမာလက်ရဲ့ ထက်မြက်တဲ့ လူငယ်စုံထောက်စတိုင်၊ ဂျာရက်လယ်တိုရဲ့ အေးစက်စက် နဲ့ တရားခံလိုလို တရားမခံလိုလို ပဟေဠိတွေနဲ့ ငြိမ့်ငြိမ့်လေး ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ဒိခ် ဒီကန်ဟာ နာမည်ကျော်စုံထောက်ကြီးဘဝကနေ နယ်မြို့လေးက ရဲအဖြစ် ပြောင်းသွားခဲ့တဲ့သူ၊ သူ့နေရာကို ဝင်လာတဲ့ ဂျင်မီကတော့ ထက်မြက်ပြီး လူကြိုက်များတဲ့ စုံထောက်တစ်ယောက်၊ သူတို့ ၂ ယောက်ရဲ့ အမှုတွေဟာ လူတစ်ယောက်ထဲက ကျူးလွန်သလို တိုက်ဆိုင်နေတဲ့အခါ၊ဘာသဲလွန်စမှ ရှာမရဘဲ မိန်းကလေးငယ် ၆ ယောက်လောက် ဆက်တိုက် သေဆုံးလာတဲ့အခါ စုံထောက်ဟောင်းနဲ့စုံထောက်သစ်တို့ပေါင်းပြီး တရားခံကို ခြေရာကောက်ကြတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်း နဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။) Quality ...
movie

The Little Things (2021)

2021