Channel Myanmar

Charlie Thurston

Finestkind (2023) 5.7
Finestkind (2023) Finestkind (2023) ============= Crime, Drama, ThrillerWednesday မင်းသမီး Jenna Ortega အပြင်... နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Ben Foster, Tommy lee Jones တို့ ပါဝင်ထားတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။အမေရိကန်ရဲ့ နာမည်ကြီးတက္ကသိုလ်ဝင်ခွင့်ကို ငြင်းပယ်ပြီး အကိုဖြစ်သူ တွမ်အယ်ဒရစ်နဲ့ ပင်လယ်ပြင်ကိုစွန့်စားပြီး ငါး ဖမ်းဖို့ထွက်လာခဲ့တဲ့ ချာလီဆိုတဲ့ကောင်လေး တစ်ယောက်ရှိ ပါတယ်။ သာမန်ဘွဲ့ရ ရုံးတစ်ရုံးမှာအလုပ်ဝင်လုပ်ရမယ့် ဘဝ ကိုစွန့်ပစ်ပြီး အစ်ကိုဖြစ်သူလို ငါးဖမ်းသင်္ဘောကြီးတွေနဲ့အတူ စွန့်စားဖို့အတွက် နယူးစတက်ဖို့ဒ်ဆိုတဲ့ တံငါမြို့လေးကိုရောက် လာခဲ့ပါတယ်။အဲ့ဒီမှာ မေဘယ်ဆိုတဲ့ မိန်းမလှလေးနဲ့တွေ့ပြီး သူ့ရဲ့ဘဝလမ်း ကြောင်းက ပိုသေချာသွားခဲ့ပါတယ်။ မေဘယ်နဲ့ပြန်တွေ့ခွင့်ရဖို့ အစ်ကိုဖြစ်သူနဲ့အတူ အမေရိကန်ရေပိုင်နက်မှာ ကမာကောင်တွေ ဖမ်းဖို့ အတွက် ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် တွမ်ဟာ အမေရိ ကန်ရေပိုင်နက်ကိုကျော်ပြီး တစ်ဖက် ကနေဒါနိုင်ငံရဲ့ ရေပိုင်နယ် ထဲကိုရောက်သွားတဲ့အခါမှာတော့ သူတို့ဘဝတွေဟာ ထင်ထား သလောက် မရိုးရှင်းတော့ပါဘူး။သဘာဝဘေးအန္တရာယ်ရဲ့ ခြိမ်းခြောက်မှုတွေနဲ့အတူ ညီအစ်ကို (၂) ယောက်ငါးဖမ်းသင်္ဘောကြီးနဲ့အတူ ပင်လယ်ပြင်ကို ဘယ်လို ကျော်ဖြတ်မလဲဆိုတာကို သည်းထိတ်ရင်ဖို့ကြည့်ရှုရမယ့် ဇာတ်ကား ကောင်းလေးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Thiha Yan Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Thiha Yan Naing, ...
movie

Finestkind (2023)

2023
Boston Strangler (2023)
Boston Strangler (2023) Boston Strangler 2023 ( ဘော်စတွန် လည်ပင်းညှစ်လူသတ်သမား )IMDb - 6.5/10, RT - 63%Pirates of the Caribbeanရုပ်ရှင်တွေ၊ Star War Episode 1နဲ့ IV၊ The Imitation Game၊ Begin Againနဲ့ Jack Ryanတို့လို ရုပ်ရှင်ကားကောင်းတွေပါ ပါဝင်သရုပ်ဆောင်ထားဖူးတဲ့ ဝါရင့်မင်းသမီးKeira Knightleyနဲ့အတူ Avenger infinity war, Avenger end gameနဲ့ Animated series What ifတို့မှာ ပါဝင်သရုပ်ဆောင်ထားဖူးတဲ့ Carrie Coonတို့က ဇာတ်လမ်းကို ဦးဆောင်ပြီး ဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ 1960ခုနှစ်အစပိုင်း 1962ခုနှစ်က ဖြစ်ရပ်မှန်ကွင်းဆက်လူသတ်မှုအပေါ် အခြေခံထားပါတယ်။ လိုရက်တာမက်လောက်လင်က Record Americaသတင်းဌာနက သာမည သတင်းထောက်မလေးပါ၊ သူက မှုခင်းအမှုတွေကို လုပ်ဆောင်ချင်တာဖြစ်ပြီးတော့ စိတ်ကူးနဲ့လက်တွေ့အကောင်ထည်မဖော်နိုင်သေးသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ ...
movie

Boston Strangler (2023)

The Unholy (2021) 5.2
The Unholy (2021) The Unholy (2021)ဒီသရဲကားကိုလည်း မျှော်နေကြမယ်ထင်ပါတယ်။ဘုရားကျောင်းတစ်ခုရဲ့ ဘုန်းတော်ကြီးတစ်ယောက်မှာ တူမလေးတစ်ယောက်ရှိပါတယ်။အဲဒီကလေးမလေးက ဆွံ့အနားမကြားသူလေးပေါ့။တစ်နေ့မှာတော့ မယ်တော်မေရီကိုတွေ့ခဲ့တယ်ဆိုပြီး ရုတ်တရက် စကားပြောနိုင်လာ နားကြားနိုင်လာခဲ့ပါတယ်။ဒါ့အပြင် မယ်တော်မေရီရဲ့ ကိုယ်စား ဖျားနာသူတွေကိုပါ ကုသပေးနိုင်လာတဲ့အခါဘုရားကျောင်းနဲ့ သတင်းထောက်တွေရဲ့ အာရုံစိုက်စရာ ဖြစ်လာခဲ့တယ်။ဒီတော့ သူ့ကိုပထမဆုံး တွေ့ဆုံပြီး ခင်မင်ခဲ့တဲ့ သတင်းထောက် ဖင်းန်က သူ့ရဲ့သတင်းကို ကမ္ဘာကြီးသိအောင် ချပြလိုက်ပါတော့တယ်။ဖင်းန်ဟာ အရင်တုန်းက သဘာဝလွန်သတင်းတွေကို အတုလုပ်မှုနဲ့ နာမည်ပျက်ရှိခဲ့သူ ဖြစ်တာကြောင့် ဒီသတင်းကြီးဟာ သူ့ရဲ့ ဂုဏ်သိက္ခာကို အဖက်ဆယ်စရာ ဖြစ်လာပါတယ်။ဒါပေမယ့် တကယ်တမ်း လူတွေကိုးကွယ်မိနေတဲ့ မေရီဟာ အပျိုစင် မယ်တော် မေရီ မဟုတ်ဘဲ အခြား မိစ္ဆာတစ်ကောင် ဖြစ်နေတဲ့အခါ....Review and Translated by : Mr.AndersonEncoded by : AugustFile size… 1.9 GB Quality….WEB-DL 1080p Format…mp4 Duration….1h 39 min Subtitle….Myanmar Subtitle ...
movie

The Unholy (2021)

2021