Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Charlotte Marquis
6.2
Ricky Stanicky (2024)
ယခုတင်ဆက်ပေမယ့်ဇာတ်ကားလေးကတော့မကြာသေးခင်ကမှ အသစ်ဆက်ဆက်ထွက်ရှိလာတဲ့Comedy ဇာတ်မြူးလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာPeacemaker ဇာတ်ရုပ်နဲ့လူသိများကြတဲ့ John Cena ကအဓိကသရုပ်ဆောင်အဖြစ်ပါဝင်ရိုက်ကူးထားတာပါ။ဒါ့အပြင် High School Musical / The Greatest showmanတို့နဲ့လူသိများတဲ့ မင်းသားချော Zac Efron လည်းပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်း ***************ဒင်း၊ ဝက်စ်နဲ့ ဂျေတီလို့ခေါ်တဲ့ ကလေးသုံးယောက်ဟာHalloween ညတစ်ခုမှာ လူမရှိတဲ့အိမ်တစ်လုံးကိုမတော်တဆ မီးရှို့လိုက်မိကြပါတယ်။ ဒီကိစ္စကို အပြစ်လွှဲချဖို့အတွက် ရစ်ကီ စတန်နစ်ကီဆိုတဲ့ စိတ်ကူးယဉ်သူငယ်ချင်းတစ်ယောက်ကို သုံးယောက်ပေါင်းပြီးလုပ်ကြံဖန်တီးခဲ့ကြပါတယ်။ အဲ့နောက်ပိုင်းကနေစပြီးသူတို့တွေအသက်တွေကြီးလာကြတဲ့အထိ ကိစ္စတစ်ခုခုရှိတိုင်း ရစ်ကီစတန်နစ်ကီဆိုတဲ့ သူငယ်ချင်းကို လွှဲချခေါင်းစဉ်တပ်တာမျိုးက အကျင့်လိုဖြစ်လာကြပါတယ်။တစ်နေ့မှာတော့ ဘယ်လိုမှရှောင်လွှဲလို့မရတော့တဲ့အကြောင်းအရင်းတစ်ခုကြောင့် ရစ်ကီစတန်နစ်ကီကိုမိသားစုမိတ်ဆွေတွေရှေ့ လူလုံးပြကြရဖို့အကြောင်းဖန်လာပါတော့တယ်။ အဲ့လိုအချိန် သူတို့နဲ့ ဘားတစ်ခုမှာမထင်မှတ်ပဲ ဆုံဖြစ်ခဲ့တဲ့ အပေါစားသရုပ်ဆောင် ရော့ဒ်(John Cena) ကို ရစ်ကီစတန်နစ်ကီအဖြစ် တစ်ပွဲထိုးသရုပ်ဆောင်ဖို့ ငှားရမ်းခဲ့ကြရာကနေ ပိုကြီးတဲ့ပြဿနာတွေအစပြုလာခဲ့ပါတော့တယ်။ဒီဇာတ်ကားဟာ Comedy/ Fantasy genre ဖြစ်တဲ့အလျှောက်ဟာသလေးတွေအဆဲလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှmဖြစ်တဲ့အတွက် ညစ်ညူးနေတဲ့စိတ်တွေကို ခဏတာအပန်းပြေသွားစေမှာပါလို့ ...
movie
Ricky Stanicky (2024)
True Spirit (2023)
ကိုယ့်ဘဝမှာဖြစ်ချင်နေတဲ့ အိပ်မက်တွေရှိနေပြီး အဲ့ဒီအိပ်မက်တွေနောက်ကိုအကြောင်းအမျိုးမျိုးကြောင့် မလိုက်နိုင်ဖြစ်နေကြတဲ့ လူတွေအများကြီးရှိမှာပါ။အဲ့ဒီလို အိပ်မက်တွေဖြစ်လာဖို့က ကိုယ့်ရဲ့အိပ်မက်ကိုကိုယ်ယုံကြည်ပြီးအပြင်းအထန်ကြိုးစားရင် ဖြစ်နိုင်တယ်ဆိုတာကို ဒီဖြစ်ရပ်မှန်ဇာတ်ကားလေးနဲ့သက်သေပြသွားတာပဲဖြစ်ပါတယ်။မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ဂျက်ဆီကာလို့ခေါ်တဲ့ သြစတေးလျကမ်းခြေမှာကြီးပြင်းလာခဲ့တဲ့ကောင်မလေးတစ်ယောက်က ငယ်ငယ်လေးကတည်းက ပင်လယ်နဲ့အကျွမ်းတဝင်ရှိခဲ့ပြီး ရွက်လွှင့်ရတာကို အရမ်းနှစ်သက်သဘောကျတဲ့ကောင်မလေးပဲဖြစ်ပါတယ်။သူကအသက် ၁၇ နှစ်နဲ့ကမ္ဘာတစ်ပတ်ကိုအကူအညီမပါပဲ ဆက်တိုက်ရွက်လွှင့်ခဲ့တဲ့ဂျက်ဆီမာတင်ဆိုတဲ့ အသက်အငယ်ဆုံးရွက်လွှင့်သူကို အရမ်းအားကျပြီးသူကိုယ်တိုင်လဲအဲ့လိုမျိုးဖြစ်ချင်ခဲ့ပါတယ်။ဒါကြောင့်ဂျက်ဆီကငယ်ငယ်လေးကတည်းက ဘန်ဆိုတဲ့နည်းပြနဲ့လေ့ကျင့်ခဲ့ပြီးအသက် ၁၆ နှစ်ပြည့်တဲ့အခါမှာတော့ ကိုယ်တိုင်သူသွားချင်တဲ့ပန်းတိုင်ကို ခရီးနှင်ဖို့စတင်ခဲ့ပါတော့တယ်။ ဒါပေမယ့်စစချင်းမှာတော့ မီဒီယာတွေနဲ့အစိုးရက သူ့ကိုအရမ်းတိုက်ခိုက်ကြပေမဲ့ လုံးဝလက်မလျှော့ပဲ မိသားစုနဲ့နည်းပြရဲ့ အကူအညီနဲ့ သူ့ရဲ့ကမ္ဘာပတ်ခရီးစဉ်ကိုစတင်ခဲ့ပါတော့တယ်။ဒီခရီးတစ်လျှောက်မှာ တွေ့ကြုံရမဲ့အခက်အခဲတွေမုန်တိုင်းတွေကိုဘယ်လိုတွေဖြစ်ကျော်ပြီးရက်ပေါင်း ၂၁၀ (ခုနှစ်လ) ကြာမြင့်တဲ့အခါမှာအောင်မြင်စွာပြန်လာနိုင်ခဲ့ပုံတွေကို ရင်ထိတ်ဖွယ်ရာ စိတ်ဝင်စားစရာဒရာမာတွေနဲ့ လူ့ဘဝရဲ့အတွေ့အကြုံတွေကိုပေါင်းစပ်ပြီး ရိုက်ကူးထားနိုင်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size… 2.70GB / 800MB Quality… NF WEB-DL1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ….. Adventure , Biography , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie
True Spirit (2023)