Channel Myanmar

Charlotte Sullivan

The Cry of the Owl (2009)
The Cry of the Owl (2009) ရောဘတ်ဖော်ရက်စတာက သူအချစ်ကြီးချစ်ခဲ့ရတဲ့ဇနီးသည်နဲ့ကွာရှင်းပြတ်စဲဖို့လုပ်ဆောင်နေရတဲ့အတွက် စိတ်ထိခိုက်ဖိစီးရင်းအထီးကျန်ဝေဒနာကိုခံစားနေရတဲ့သူဖြစ်ပါတယ်။စိတ်ဓာတ်ကျမူမမှန်သူတို့ထင်ရာစိုင်းလေ့ရှိတဲ့အတိုင်း သူ့မှာဝါသနာတစ်ခုငြိတွယ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ လူသူမနီးတဲ့အရပ်မှာတကိုယ်တည်းနေတဲ့ မိန်းကလေးတစ်ယောက်ကိုချောင်းကြည့်ပြီးစိတ်ဖြေရာကိုရှာတာပါပဲ။သူ့ဟာသူ အိမ်အလုပ်တွေနဲ့ရှုပ်နေလေ့ရှိတဲ့ မိန်းကလေးငယ်ကိုအဝေးကနေကြည့်ရတာ သူ့အတွက်စိတ်ငြိမ်းချမ်းရာ တစ်မျိုးရစေတယ်လို့ သူက အထင်ရှိပါတယ်။တစ်နေ့မှာတော့ ချောင်းကြည့်နေတဲ့သူ့ကို ကောင်မလေးကမြင်သွားပြီး စကားပြောဖြစ်ရာကနေ သူတို့နှစ်ယောက်ပတ်သက်မှုအစပျိုးလာခဲ့ပါတယ်။အဲ့ဒီမိန်းကလေးငယ်ဖြစ်တဲ့ ဂျန်နီက အစွဲအလန်းကြီးအယူသီးလေ့ရှိသူ တစ်ဦးဖြစ်ပြီး ရောဘတ်ဟာ သူ့ဘ၀အတွက်နိမိတ်ပုံတစ်မျိုးကို ဆောင်နေတယ်လို့ယူဆထားပါတယ်။ ပြဿနာက ဂျန်နီမှာလက်ထပ်ဖို့ရည်ရွယ်ထားတဲ့ ချစ်သူ ဂရက် ရှိနေပြီး ရောဘတ်နဲ့တွေ့ချိန်မှာ သူ့ကိုအဆက်အသွယ်ဖြတ်လိုက်တဲ့အတွက် ကြိတ်မနိုင်ခဲမရဖြစ်နေပါတယ်။ အဲ့ဒါကြောင့်လည်း တစ်ညမှာရောဘတ်ကို လုပ်ကြံဖို့ကြိုးစားရင်းအပြန်အလှန်သတ်ပုတ်ကြရာကနေ ဂရက်ကမြစ်ထဲထိုးကျသွားခဲ့ပါတယ်။ ရောဘတ် သူ့ကို ထိုးချလိုက်တာ တစ်ချက်တည်းဖြစ်သလို မြစ်ထဲကျကျချင်းမသေတာသိတဲ့အတွက် ဆယ်တင်ပြီး ကမ်းနဘေးမှာထားခဲ့ပါတယ်။ဒါပေမယ့် နောက်တစ်နေ့မှာတော့ ဂရက်ပျောက်ဆုံးနေမှုနဲ့အတူ စုံထောက်တွေက သူ့ကိုလာပြီးစုံစမ်းစစ်ဆေးမှုတွေစတင်လာချိန်မှာတော့ ရောဘတ်တစ်ယောက် သပွတ်အူနဲ့တောက်လျှောက်တိုးပါတော့တယ်။The Talented Mr. Ripley တို့ Strangers on a Train တို့လိုနာမည်ကျော်ဂန္ဓဝင်တွေ လတ်တလောနာမည်ကြီးသွားခဲ့တဲ့ Ben Affleck. ...
movie

The Cry of the Owl (2009)

Defendor (2009) 6.7
Defendor (2009) Defendor (2009)~ IMDb - 6.7/10, Rotten Tomatoes - 75% ~နေ့ခင်းဘက်မှာ ဆောက်လုပ်ရေးသမား... ညဘက်ကျတော့ စူပါဟီးရိုး...အာသာပေါ်ပင်တန်ဟာ ရုပ်ပြတွေထဲက စူပါဟီးရိုးတွေကိုသိပ်အားကျတဲ့လူတစ်ယောက်ပါ။ ဒါကြောင့်လည်း သူဟာ သူ့နည်းသူ့ဟန်နဲ့ စေတနာ့ဝန်ထမ်းစူပါဟီးရိုး Defendor အဖြစ် အသွင်ယူပြီး ညဘက်မှာဒုစရိုက်သမားတွေကို ပရဟိတ နှိမ်နင်းပါတော့တယ်။ ရုပ်ရှင်တွေရုပ်ပြတွေထဲက စူပါဟီးရိုးတွေဖြစ်တဲ့ ဘတ်မန်းတို့ အိုင်းရွန်းမန်းတို့က သာမန်လူတစ်ယောက်အနေနဲ့ဆိုရင် ဘီလျံနာသူဌေးကြီးတွေဖြစ်ပေမယ့် အာသာကတော့ နေစရာအိမ်တောင်မရှိတဲ့ စူပါဟီးရိုးတစ်ယောက်ပါ။သူ့မှာ ရိုးသားမှု ကြင်နာမှု နဲ့ စူပါဟီးရိုးဖြစ်ချင်စိတ်ပဲရှိပါတယ်။ ဇာတ်လမ်းအစမှာ မင်းသားခံရတယ်ဆိုတဲ့အတိုင်း အာသာကတော့ ဇာတ်လမ်းစစ ဆုံးဆုံး သူချည်းခံနေရတဲ့ စူပါဟီးရိုးပါ။တစ်နေ့မှာတော့ ကတ်ဆိုတဲ့ ကောင်မလေးနဲ့တွေ့ပြီး သူလိုက်ရှာနေခဲ့တဲ့ ဗီလိန်ကြီးဟာ မြို့ရဲ့မူးယစ်ရာဇာကြီးမှန်းသိလိုက်ရတဲ့အခါမှာတော့ သူကိုယ်တိုင်ရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ရယ်လည်းရယ်ရ သနားစရာ‌လည်းကောင်းတဲ့အပြင် အာသာရဲ့ လူသားဆန်မှုနဲ့ အလွဲတွေကို ဟာသနှောပြီးရိုက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ပါတဲ့သူတွေကလည်း ကိုယ်တွေမစိမ်းတဲ့ မင်းသားကြီး Woody Harrelson ...
movie

Defendor (2009)

2009
Radius (2017) 6.3
Radius (2017) Accident တစ်ခုကြောင့်အတိတ်မေ့သွားတဲ့လူတစ်ယောက်၊သူ့အနားမှာရှိတဲ့လူတွေအကုန် အဖြေရှာမတွေ့နိုင်တဲ့ သေဆုံးမှုတွေနဲ့သေဆုံးနေတာကိုတွေ့လိုက်တဲ့ "လီယမ်"။သင်သာဆိုရင်ရော?ဘာမှမသိရတဲ့အခြေအနေတစ်ခုမှာ ကိုယ်မထိန်းချုပ်နိုင်တဲ့အဖြစ်အပျက်တွေဖြစ်နေတယ်ဆိုရင် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ?တစ်ဖြည်းဖြည်းနဲ့မှတ်မိလာတဲ့မှတ်ဉာဏ်တွေရဲ့ အကူအညီနဲ့ လီယမ် တစ်ယောက် ဒီအခြေအနေတွေကိုဘယ်လိုရင်ဆိုင်မလဲ?သူလိုပဲ အတိတ်မေ့သွားခဲ့တဲ့မိန်းကလေးကရော သူနဲ့ဘယ်လိုပါတ်သတ်နေလဲ?မထင်မှတ်ထားတဲ့ Story Line ကြီးနဲ့ ကြည့်ရှုခံစားရမယ့်ဒီဇာတ်လမ်းကတော့ Radius (2017)ပါ။သို့လော သို့လောခံစားချက်တွေနဲ့ဇာတ်သိမ်းကိုခန့်မှန်းရခက်တဲ့ကားတွေကိုနှစ်သက်တဲ့ပရိသတ်ကြီးအဖို့တော့ အကြိုက်တွေ့စေမှာပါ။Imdb Rating 6.3 Rotten Tomatoes 100%ရရှိထားပါတယ်။  (ဘာသာပြန်သူကတော့ အေးမွန်ကျော်ပါ)  File Size : (700 MB) and (300 MB) Quality : WEB-DL 720p Running Time : 1hr 27min Format : Mp4 Genre :Sci-Fi, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Thanhtike Zaw
movie

Radius (2017)

2017
The Colony (2013) 6.3
The Colony (2013) The Colony (2013)_____IMDb - 5.3/10   ဒီ တစ်ခါတော့ သည်းထိတ်ရင်ဖို ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပြီဗျို့!!!၂၀၄၅ကို သွားလိုက်ကြစို့ ၂၀၄၅ ကို ရောက်ပြီ။ လူတွေ ဟာ ကမ္ဘာကြီး ပူနွေးလာမှုကို ထိန်းချုပ်ဖို့ နည်းတစ်ခုရှာဖွေတွေ့ရှိခဲ့တယ်။ အဲ့တာကတော့ ရာသီဥတု ထိန်းချုပ်စက် ကြီး တီထွင်နိုင်ခဲ့တာပါပဲ။ကိုယ့်ရှူး ကိုယ်ပတ် တယ်ပဲ ပြောရမလား တစ်ရက်ကျတော့ အဲ့စက်ကြီး ချွတ်ယွင်း လာပါတော့တယ်။ နှင်းတွေ အဆက်မပြတ် ကျနေတာ ဘယ်လိုမှ ရပ်တန့်လို့မရတော့ဘူးပေါ့ဗျာ။လူတချို့ကတော့ အလွန်ပြင်းထန်လှတဲ့အအေးဒဏ်ကို ခံနိုင်ဖို့ မြေအောက် လှိုင်ခေါင်းတွေ ထဲ ဝင်ရောက် နေထိုင် ကြပါတော့တယ်။ ဒီမှာပြဿနာက စပြီ။ ဒီလှိုင်ခေါင်းတွေအောက်မှာ ရောဂါကူးစက်မှုနဲ့ အစာရေစာ ပြတ်လပ်မှု တွေကို ထိန်းချုပ်ဖို့ လိုအပ်လာပြီလေ။စစ်သားနှစ်ယောက်ဖြစ်တဲ့ Briggs (Laurence Fishburne) နဲ့ Manson (Bill Paxton)တို့ဟာ မြေအောက်နေလူသား ...
movie

The Colony (2013)

2013