Channel Myanmar

Chelsey Grant

Frogman (2023)
Frogman (2023)  ဒါးလက်စ်ကိုင်းလ်ဆိုတဲ့10 နှစ်သားလေးဟာဗွီဒီယိုရိုက်ရတာဝါသနာပါသူဖြစ်ပြီး သွားလေရာကိုကင်မရာတစ်လုံးကိုင်မှတ်တမ်းတင်တတ်သူပါ.ဒါးလက်စ်တို့ မိသားစုခရီးထွက်ရင်း လမ်းမှာ Lovelandဆိုတဲ့ မြို့ကိုရောက်တော့ ​ကားခဏရပ်ချိန်မှာဒါးလက်စ်ဟာ ထူးဆန်းတဲ့သတ္တဝါ​ကြီးကို​ရိုက်ကူးနိုင်လိုက်ပါတယ်..အဲဒါကြီးကတော့ အဲဒီဒေသရဲ့နာမည်ကျော် ဖားလူသားကြီးပါပဲဒီဗွီဒီယိုကလစ်ဟာ ပျံ့သွားပြီးနောက် နှစ်ပေါင်း​20ကျော်အကြာမှာတော့ ဒါးလက်စ်ရိုက်မိခဲ့တာဟာ အတုကြီးပါလုပ်ကြံဖန်တီးထားတဲ့ကလစ်ပါဆိုပြီး လူပြောများလာပါတော့တယ်..ဒါကိုမခံချင်တဲ့ ဒါးလက်စ်ဟာ​သူမြင်ခဲ့တာဟာ အစစ်အမှန်ဖြစ်ကြောင်းသက်သေပြဖို့ကြိုးစားလာပါတော့တယ်..နောက်တနေ့မှာတော့ဒါးလက်စ်ဟာသူငယ်ချင်းနှစ်ယောက်နဲ့အတူLoveland ကိုပြန်သွားပြီး သက်သေရှာဖို့ကြိုးစားကြပါတယ်.ဒေသခံလူတွေကို လိုက်မေးမြန်းစုံစမ်းရင်း ဖားလူသားနဲ့ပတ်သက်တဲ့အကြောင်းတွေကို အမျိုးမျိုးကြားသိခဲ့ရပြီးဖားလူသားက ဘာလဲဆိုတာ​ ဒါးလက်စ်တို့ရှာပုံတော်ဖွင့်ပါတော့တယ်..သူတို့ရဲ့​စွန့်စားခန်းမှာဘာတွေကြုံတွေ့ရမလဲ..ဖားလူသားဆိုတာကရောတကယ်ရှိလား...သူကဘာလဲ နတ်ဆိုးလား​ဂြိုလ်​သားလားလူတွေလုပ်ကြံဖန်တီးထားတာ သက်သက်ပဲလားဆိုတာကိုတော့............. File size…2.22GB / 1.07GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 17m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg
movie

Frogman (2023)

V/H/S/85 (2023)
V/H/S/85 (2023) V/H/S ဇာတ်ကားတွေထဲက ၆ ကားမြောက်ဖြစ်ပြီး IMDb 5.8 ရရှိထားတဲ့အပြင် ကြည့်ရှုသူတွေဆက်တိုက်မြင့်တက်လာနေတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။V/H/S ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ၁၉၈၀ ခုနှစ်လောက်ကဗီဒီယိုတိတ်ခွေတွေထဲကနေ တွေ့ရှိလာတဲ့ သည်းထိုက်ရင်ဖိုစရာ၊ ‌ခြောက်ခြားစရာ အဖြစ်အပျက်တွေ ကိုရိုက်ပြထားတာပါ။ဒီဇာတ်ကားမှာတော့ horror ဇာတ်လမ်း ငါးခုပါဝင်ပြီး တစ်ခုစီကမတူညီတဲ့ ခြောက်ခြားဖွယ်ရသတွေကို ဖော်ကြူးထားတာကိုတွေ့ရမှာပါ။ သွေးသံရဲရဲဇာတ်ဝင်ခန်းတွေကအစ ထူးဆန်းဖွယ် ထိတ်လန့်စရာတွေအဆုံး horror ရသမျိုးစုံကိုခံစားရမှာဖြစ်ပါတယ် File size…(1.8 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

V/H/S/85 (2023)

Sanctified (2022)
Sanctified (2022)  အချိန်ကာလအားဖြင့် ၁၈၉၀ကာလဖြစ်ပါတယ်။ ၀က်စ်တန်လို့‌အမည်ရတဲ့ တောပုန်းတစ်ယောက်ဟာ လူသူအရောက်အပေါက်နည်းတဲ့ ဆိုးသွမ်းတဲ့ကန္တာရအလယ်မှာ သေအံ့ဆဲဆဲဖြစ်နေချိန် လှည်းတစ်စီးနဲ့ မြောက်ဘက်ကိုခရီးသွားနေတဲ့ ခရစ်ယာန်သီလရှင်တစ်ဦးရဲ့ ကယ်တင်ခြင်းကို ခံလိုက်ရပါတယ်။ ၀က်စ်တန်နဲ့ အန်းမက် ညီအစ်ကိုနှစ်ယောက်ဟာ ငယ်စဉ်ကတည်းက တောပုန်းခေါင်းဆောင်ဖြစ်တဲ့ မစ္စတာရှောရဲ့ မွေးစားခြင်းကိုခံခဲ့ရတာပါ။ ၀က်စ်တန်ဟာ ထူးချွန်လှတဲ့ ရိန်းဂျားတစ်ယောက်ဖြစ်တဲ့အတွက် မစ္စတာရှောဟာ ၀က်စ်တန်ကို တစ်နေ့ သူ့ရဲ့အရိုက်အရာကိုဆက်ခံပြီး တောပုန်းအုပ်စုကို ဦးဆောင်စေချင်နေပါတယ်။ ၀က်စ်တန်ကတော့ စိတ်မ၀င်စားဘဲ မစ္စတာရှောရဲ့လောင်းရိပ်အောက်ကနေ ရုန်းထွက်ပြီး ကယ်လီဖိုးနီးယားမှာ အခြေချပြီး ဘ၀သစ်ကိုတည်ထောင်ချင်နေသူပါ။ ဒီလိုနဲ့ ၀က်စ်တန်ဟာ ညီဖြစ်သူအန်းမက်ကို သူနဲ့အတူ မစ္စတာရှောဆီကထွက်သွားဖို့ စည်းရုံးရာ မစ္စတာရှောကိုသစ္စာဖောက်ဖို့ကြိုးစားတဲ့ ၀က်စ်တန် ညီဖြစ်သူရဲ့ သစ္စာဖောက်ခြင်းကိုပြန်ခံလိုက်ရပါတယ်။တောပုန်းတွေရဲ့စည်းကမ်းအရ တောပုန်းတစ်ယောက်ဟာ သူ့ကိုပြုစုပျိုးထောင်ပေးခဲ့တဲ့ အသိုက်အ၀န်းဆီကထွက်သွားချင်ရင် အလကားထွက်သွားလို့မရပါဘူး။ သွေးနဲ့ပေးဆပ်ပြီးမှထွက်သွားခွင့်ရပါတယ်။ ဆိုလိုတာက ထွက်သွားချင်ရင် သေသွားမှထွက်သွားခွင့်ရမှာပါ။ မစ္စတာရှောတစ်ယောက် ၀က်စ်တန်ကို ကန္တာအလယ်က သစ်ပင်တစ်ပင်မှာ ကြိုးချည်ကာနှိပ်စက်ပြီး ဓားဒဏ်ရာနဲ့ သေလုမျောပါးဖြစ်အောင် ...
movie

Sanctified (2022)

Scare Package (2019) 5.5
Scare Package (2019) Scare Package (2019)~ Rotten Tomatoes - 88%, Shudder - 3.7/5 ~တလောကတုန်းကထွက်ခဲ့တဲ့ Horror စခွီကား Scare Package II: Rad Chad's Revenge ထက် အရင်ထွက်တဲ့ Scare Package (2019) ဟာ 2 ထက်တောင် အူတက်အောင်ရယ်ရတဲ့ ဟာသသရဲကား အကြီးစားပါ။Horror ဇာတ်လမ်းတွေအကြောင်း မသိတာမရှိတဲ့ အခွေဆိုင်ပိုင်ရှင်ကြီး Chad Buckley ဟာ တစ်ယောက်တည်း အထီးကျန်နေသူပါ။ သူဟာ သူ့ရဲ့ ပုံမှန်အားပေးနေကျ Client ဖြစ်တဲ့ Sam နဲ့ငြင်းလိုက်ခုန်လိုက် စကားတွေပေါက်ပန်းလေးဆယ်ပြောလိုက်နဲ့ ဘဝကို ဖြတ်သန်းနေတာပါ။ အဲဒီလိုနဲ့ သံသယလုံးဝဖြစ်စရာမကောင်းတဲ့ ကောင်လေးတ‌စ်ယောက် စာရေးအလုပ်လာလျှောက်ပါတယ်။ အဲဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ တခြားသော ရုပ်ရှင်အပိုင်းတိုလေးတွေနဲ့ ဟိုရောက်ဒီရောက်ကြည့်ရင်း ခံစားရမှာပါ။ အဲဒီအပိုင်းတိုလေးတွေကို ဒါရိုက်တာတစ်ယောက်စီရိုက်ထားတာဖြစ်တဲ့အတွက် ...
movie

Scare Package (2019)

2019