Channel Myanmar

Chelsie Preston Crayford

M3GAN(2022) 6.6
M3GAN(2022) M3GAN(2022)============ဒီရုပ်ရှင်ကတော့ ၂၀၂၂ ထွက် သိပ္ပံစိတ်ကူးယဉ် ဟော်ရာအမျိုးအစားပါပဲ။ ဒီအရုပ်ကတော့ ချက်ကီလိုပဲ ကြောက်စရာအရုပ်ပါပဲ။ မက်ဂန်ဟာ အရုပ်ကုမ္ပဏီတစ်ခုက သိပ္ပံပညာရှင်မိန်းကလေးတစ်ယောက်ကနေ ဖန်တီးထားတဲ့အရုပ်ပါပဲ။မူရင်း ပရိုဂရမ်ကတော့ ကလေးတွေကို အဖော်ပြုပေးရင်းနဲ့အမူအကျင့်တွေသင်ယူပြီး ကလေးတွေကို သင်ပေးနိုင်အောင်၊ကာကွယ်နိုင်အောင်ဖန်တီးထားတာပါ။ အရုပ်ရဲ့ ပထမဆုံးအဖော်ပြုရမယ့်ကလေးကတော့ ကေဒီဆိုတဲ့ ကလေးမလေးဖြစ်ပြီး ကေဒီဟာ မိဘနှစ်ပါးလုံး ကားအက်ဆီးဒန့်နဲ့ ဆုံးသွားတာကြောင့်မိဘမဲ့ ဖြစ်လာတဲ့ ကလေးပါ။ ဒီတော့ သူကလည်း မက်ဂန်အရုပ်ကိုအရမ်းကို သံယောဇဉ်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကလေးကိုကာကွယ်ဖို့ အဓိကပရိုဂရမ်က အရမ်းအားကောင်းလာတဲ့အခါမက်ဂန်ဟာ ကလေးအတွက် အန္တရာယ်ဖြစ်လာနိုင်တဲ့ အရာရာကိုရှင်းပစ်ဖို့ ကြိုးစားလာပါတော့တယ်....(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Mr Anderson ပဲဖြစ်ပါတယ်) File size…  2.33 GB /  531 MB Quality… Blu-Ray 1080p 5.1CH / 720p Format… mp4 Duration…. 1h 42m Genre .....  Horror , ...
movie

M3GAN(2022)

Nude Tuesday (2022) 5.8
Nude Tuesday (2022) Nude Tuesday (2022)ပျော်ရွှင်မှုဟာလူတိုင်း လိုချင်၊ လိုအပ်ကြတဲ့ အရာတစ်ခုဆိုတာ ငြင်းလို့ရမယ်မထင်ပါဘူး။ ဒီကားလေးထဲမှာတော့ အိမ်ထောင်သက်တမ်း ကြာမြင့်ပြီး တစ်ဦးနဲ့တစ်ဦး ငြီးငွေ့‌ကာ ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေကြတဲ့ ဘရူနိုနဲ့ လော်ရာတို့ဟာ သူတို့ရဲ့ မိသားစုအသိုက်မြုံလေးကို ထိန်းသိမ်းနိုင်ဖို့ ကိုယ့်စိတ်ကိုယ် စစ်နိုင်မယ်လို့ ယူဆရတဲ့ Camp တစ်ခုကို နောက်ဆုံးကြိုးစားမှုအဖြစ် သွားရောက်ခဲ့ကြပါတယ်။အဲ့ဒီ Campရဲ့ ရည်ရွယ်ချက်‌တွေက စိတ်ကို ပြန်လည် လတ်ဆတ်စေဖို့၊ ကိုယ့်ကိုကိုယ် အမှန်အတိုင်း ပြန်လည် မြင်ယောင်နိုင်ဖို့နဲ့ အချစ်တွေကို ပြန်လည်တွေ့ရှိစေဖို့ပါပဲ။ဘရူနိုတို့စုံတွဲအတွက် ဘယ်လိုအမှန်တရားတွေ စောင့်‌ကြိုနေလဲ? လူ့စိတ်ရဲ့အ‌ခြေအနေနဲ့ ကာလအပေါ် လိုက်ပြီး ပြောင်းလဲတတ်တဲ့ သဘောသဘာဝတွေက ဘယ်လိုလဲ? သူတို့ ကြိုးစားရှာဖွေခဲ့တဲ့ ပျော်ရွှင်မှုဟာ ဘယ်အရာ ဖြစ်မလဲ? ဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Moe Han ပါ။)File Size : 2GB,  790MB, 389MB Quality : 1080p ...
movie

Nude Tuesday (2022)

2022
The Royal Treatment (2022)
The Royal Treatment (2022) Lavania ဆိုတဲ့တိုင်းပြည်ရဲ့မင်းသားလေး Thomas ဟာသူ့ရဲ့စေ့စပ်ပွဲအတွက် New York မြို့ကိုရောက်ရှိလာပါတယ်။ New York မြို့မှာတော့ Isabelle ဆိုတဲ့ စိတ်သဘောထားကောင်းတဲ့ ဆံပင်ပြင်ဆရာမလေးက အလုပ်မှာအရမ်းတော််ပေမယ့် ငွေကြေးအရရုန်းကန်နေရပါတယ်။ကံကြမ္မာအရ သူတို့နှစ်ယောက်မထင်မှတ်ပဲတွေ့ခဲ့ကြရာကနေ အသိုင်းအဝိုင်းမတူတဲ့ လူနှစ်ယောက်ကြား သံယောဇဉ်တွေရှိလာပြီး ဘာ‌‌တွေဆက်ဖြစ်ကြမလဲ။ ဒီကားလေးကတော့ အချစ်ဇာတ်မြူးကားလေးဖြစ်ပြီး ပေါ့ပေါ့ပါးပါးကြည့်လို့ရပါတယ်။ ဒါရိုက်တာ Rick Jacobsonကရိုက်ကူးထားပြီး Aladdin မင်းသားလေး Mena Massoud၊ မင်းသမီး Laura Maranoနဲ့ Cameron Rhodes တို့ကပါ၀င်ထားပါတယ်။ File size…(1.6 GB)/(900 Mb)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:36:00 Genre...Comedy, Family, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

The Royal Treatment (2022)

Baby Done (2020) 6.2
Baby Done (2020) Baby Done (2020)==============IMDb Rating - 6.2/10 ဘဝမှာ မိဘတစ်ယောက်ဖြစ်ဖို့ စိတ်ရောကိုယ်ပါ အစအစအရာရာ ပြင်ဆင်ကြရပါတယ်။ဒီကားမှာတော့ ဇိုဝီဆိုတဲ့ကောင်မလေးက သူ့ကောင်လေး တင်မ်နဲ့ မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားပါတော့တယ်။ လွတ်လွတ်လပ်လပ်နဲ့ ဘဝကို စွန့်စွန့်စားစား ဖြတ်သန်းရတာကိ ကြိုက်တဲ့သစ်ပင်တက်သမား ဇိုဝီတစ်ယောက်အဖို့ မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတာသိလိုက်ရတဲ့အချိန်အကြီးအကျယ်ကို ရှော့ခ်ရသွားပါတော့တယ်။ ဇိုဝီကောင်လေး တင်မ်ကတော့ ကိုယ်ဝန်ရှိတာသိသွားတဲ့ အချိန်ကစပြီး ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့နဲ့ ဇိုဝီကို ဂရုစိုက်ဖို့အတွက် အစွန်းကုန်ကြိုးစားပါတော့တယ်။ ဇိုဝီရဲ့ ဆန္ဒအရ သူတို့နှစ်ယောက်က ကလေးမမွေးခင်မှာ လုပ်ချင်တဲ့အရာတွေကို စပြီးချရေးပါတော့တယ်......သူတို့ကလေးမမွေးခင် သူတို့ဆန္ဒတွေ ပြီးမြောက်သွားမလား၊မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတဲ့ ဇိုဝီတစ်ယောက် ဘယ်လိုကလေးမွေးဖို့ ရင်ဆိုင်မလဲဆိုတာကိုcomedy ဆန်ဆန် ကြည့်ရှူရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်း နဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Parris ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 31minSubtitle – Myanmar ...
movie

Baby Done (2020)

2020
Savage (2019) 6.3
Savage (2019) Savage 2019 ---------------- လွန်ခဲ့တဲ့နှစ်သုံးဆယ်လောက်က နယူးဇီလန်မှာရှိခဲ့တဲ့လူမိုက်ဂိုဏ်းတွေရဲ့ဇာတ်လမ်းကို ကျောရိုးယူရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားလေးပါ။ ဒီဇာတ်ကားရဲ့အဓိကဇာတ်လိုက်ဖြစ်တဲ့ဒန်နီကို ကလေးဘဝ၊ လူငယ်ဘဝ၊ လူကြီးဘ၀ ဆိုပြီးသာမန်ကလေးလေးကနေ လူမိုက်ဂိုဏ်းရဲ့ဆရာကြီးဖြစ်လာသည်အထိ ဒီကားထဲမှာတွေ့မြင်ရမှာဖြစ်ပါတယ်။ အဲ့ဒီခေတ်ကနယူးဇီလန် လူမိုက်ဂိုဏ်းတွေရဲ့သဘောသဘာဝကို ကွက်ကွက်ကွင်းကွင်းမြင်သာအောင် တင်ဆက်ရိုက်ပြထားနိုင်တဲ့ဇာတ်ကားတစ်ကားပါ။ အားကြီးသူ စားစတမ်းခေတ်မှာ "Savage"(အရိုင်းအစိုင်း) ဂိုဏ်းအဖွဲ့သားဖြစ်တဲ့ ဒန်နီတစ်ယောက်ဘယ်လိုဘဝအချိုးအကွေ့တွေကြောင့် လူမိုက်ဖြစ်လာသလဲ၊ အာဏာ/သူငယ်ချင်း/မိသားစု ကြားအားပြိုင်မှုမှာ ဒန်နီတစ်ယောက်နောက်ဆုံးဘယ်အရာကိုရွေးခြယ်သွားလဲဆိုတာကို အစ၊ အလယ်၊ အဆုံး အချိတ်အဆက်မိမိတင်ဆက်သွားတဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက်ကြည့်ပျော်ရှုပျော်ဇာတ်ကားတစ်ကားဖြစ်မှာပါ။ လူမိုက်ဂိုဏ်းကားပီပီ တစ်ကားလုံး မိုးမွှန်အောင်ဆဲနေတဲ့ ဇာတ်ကားတစ်ကားလဲဖြစ်ကြောင်းထပ်လောင်းပြောပါရစေ။ Translated by : Hein Min HtunEncoded by : YKQuality : 1080p Blu-Ray and 720pFile size : 1.7GB and 793MBDuration : 1h 40minSubtiles : Myanmar (Hardsub)  
movie

Savage (2019)

2019
What We Do in the Shadows (2014) 7.7
What We Do in the Shadows (2014) (Unicode)ဗီယာဂို ၊ ဒီယေဂို နဲ့ ဗလာဒစ်စလာဗ်တို့ဟာ တစ်အိမ်တည်းမှာ အတူနေထိုင်ကြတဲ့ ဗင်ပိုင်းယားသူငယ်ချင်း (၃)ယောက်သူတို့ရဲ့ သက်တမ်းတွေဟာလည်း နှစ်ပေါင်းရာချီနေကြပြီပဲဖြစ်ပါတယ်။သူတို့လိုပဲ လူတွေနဲ့ရောနှောနေထိုင်ကြတဲ့ ဗင်ပိုင်းယားတွေ ၊ သမန်းဝံပုလွေတွေ ၊ စုန်းမတွေဟာလည်း ယနေ့ ခေတ်မှာအများအပြား တည်ရှိနေဆဲပဲဖြစ်ပါတယ်။သူတို့တွေဟာ နှစ်စဉ်နှစ်တိုင်း စုပေါင်းပြီးပါတီပွဲကျင်းပလေ့ရှိကြပါတယ်။တစ်နေ့မှာတော့ မှတ်တမ်းတင်ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့နဲ့ ပူးပေါင်းကာ သူတို့ရဲ့ နေပုံထိုင်ပုံတွေ ၊ ရှာဖွေစသောက်ရပုံတွေကို လက်ခံရိုက်ကူးစေခဲ့ပါတယ်။ဒီကားကတော့ ယနေ့ခတ်မှာ ဗင်ပိုင်းယားတွေ ဘယ်လိုနေထိုင်ရှာဖွေစားသောက်ရသလဲဆိုတာတွေအခက်အခဲတွေ အလွဲတွေကို Documentory ဆန်ဆန်ရိုက်ကူးထားတဲ့ Comedy, Fantasy, Horror ကားပဲဖြစ်ပါတယ် ။Documentory ကားဆိုပေမယ့် မူးနောက်စေမယ့် ရိုက်ကွင်းရိုက်ကွက်တွေ မပါဝင်ပါဘူး။ဒီကားကိုပဲအခြေခံပြီး ဒီနှစ်ထဲမှာ What We Do in the Shadows (2019) ဆိုတဲ့ Series ထွက်ရှိထားပါတယ်။ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှု့တွေကိုလည်း ရရှိထားတဲ့ ဟာသကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ...
movie

What We Do in the Shadows (2014)

2014