Channel Myanmar

Chen Bing Qiang

The Lord of the Monsters ( 2024 ) 5.8
The Lord of the Monsters ( 2024 ) ဒီတစ်ခါမှာတော့ CM ကနေတင်ဆက်ပေးမှာကတော့ မကောင်းဆိုးဝါးနဲ့အမတမျိုးနွယ်ကြားက အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ မကောင်းဆိုးဝါးတွေကို နှိမ်နင်းရတဲ့ အမတဂိုဏ်းက ထက်မြတ်တဲ့ တပည့် မုချင်းတစ်ယောက် ဆရာအတူ တစ်ဖန်ပြန်ပေါ်ထွက်လာတော့မယ့် မ‌ကောင်းဆိုးဝါးဘုရင်ပိုင်ကျယ်ကို ချိတ်ပိတ်ဖို့ ချင်းလွမ်မှန်အပိုင်းအစကိုလိုက်ရှာဖို့ တာဝန်ပေးခံခဲ့ရတဲ့ မုချင်းတစ်ယောက် မကောင်းဆိုးဝါး နယ်မြေဖြစ်တဲ့ ပန့်ပုသောကို ရောက်ရှိလာခဲ့ပါတယ်တကယ့်ကိုမှ ပြင်းထန်ပြီးစိတ်လှုပ်ရှားဖွယ် အချစ်တစ်ခုနဲ့ထိတွေ့ချင်နေတဲ့ စိတ်ကောင်းရှိတဲ့ ကြောင်မကောင်းဆိုးဝါးမလေးကျောင်းယန်ကတော့ ပန့်ပုသောရဲ့တန်ကျင်တောင်မှာ နေထိုင်လာတာ နှစ်ရာချီနေခဲ့ပါပြီမကောင်းဆိုးဝါးမှန်သမျှဟာ လူ့လောကကို တစ်ချိန်ချိန်မှာဒုက္ခပေးမယ်ဆိုတဲ့ အသိကိုရိုက်သွင်းခံထားရတဲ့ မုချင်းတစ်ယောက် စိတ်ကောင်းရှိပြီး ကူညီပေးတတ်တဲ့ မကောင်းဆိုးဝါးမလေးကျောင်းယန်နဲ့ဆုံတွေ့ပြီးနောက်မှာတော့ အမတမျိုးနွယ်နဲ့ မကောင်းဆိုးဝါးမလေးတို့ကြားမှာ အချစ်စစ်တစ်ခု ပေါက်ဖွားလာခဲ့ပါတယ်အမတမျိုးနွယ်နဲ့မကောင်းဆိုးဝါးမျိုးနွယ်ဆိုတာ သူသေကိုယ်သေတိုက်ပွဲဖြစ်ဖို့ပဲ အလားအလာရှိနေတာဆိုတော့ သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းဘယ်လိုတွေဖြစ်လာမှာလဲ လောကမှာ ကောင်းတဲ့သူနဲ့မကောင်းတဲ့သူပဲရှိတာမို့လို့ ဒီလိုတစ်ယူသန်အတွေးတွေကြောင့် ဘယ်လိုဒုက္ခတွေနဲ့ရင်ဆိုင်ရမှာလဲဆိုတာကိုတော့ ဒီကားလေးမှာ ကြည့်ရှုလို့ရပါတယ်နော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Romance , Fantasy , Drama Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

The Lord of the Monsters ( 2024 )

Journey to the West: Conquering the Demons (2013) 6.8
Journey to the West: Conquering the Demons (2013) Journey to the West Conquering the Demons (2013)IMDb Rating (6.7) / Rotten Tomatoes (94%)ဒီရုပ်ရှင်ကို Stephen Chow က ဒါရိုက်တာအဖြစ်ရော တွဲဖက်ပရိုဂျူဆာအဖြစ်ပါ ဖန်တီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကြောင်းကတော့ အနောက်ဖက်သို့ခရီးသွားခြင်း ဒဏ္ဍာရီကို အခြေခံထားပြီး ကျမ်းစာသယ်တဲ့ ခရီးစဉ်မစတင်မီ ဆရာတော်ထန်စန်းကျန့်ဆိုပြီးဖြစ်မလာခင် သူ့ရဲ့တပည့်၃ယောက်ဖြစ်လာမယ့် ဝူခုန်းတို့ ပါကျဲတို့ မိစ္ဆာဘဝဖြစ်စဉ်နဲ့ မိစ္ဆာတွေကို နှိမ်နင်းတဲ့အကြောင်းကိုရိုက်ကူးထားတာပါ။ဇာတ်လမ်းလေးကတော့ မြစ်ဘေးကရွာတစ်ရွာမှာ ငါးမိစ္ဆာကြီးတစ်ကောင်သောင်းကျန်းနေတာကို ထန်စန်းကျန့်ကနှိမ်နင်းဖို့ကြိုးစားရာကနေစတင်ပါတယ်... မိစ္ဆာကိုမသတ်ဘဲ မေတ္တာနဲ့အစွဲချွတ်ချင်တဲ့သူ့ရဲ့လမ်းစဉ်ဟာ ထင်သလောက်မအောင်မြင်ပါဘူး... သူက လောကကြီးကိုကယ်တင်ဖို့ရာ ကြီးမားတဲ့မေတ္တာတရားကသာ အခရာလို့ သိထားပေမယ့် အစွမ်းမရှိတဲ့ သာမန်လူဖြစ်နေတော့ အခက်အခဲတွေအများအပြားနဲ့ စမ်းတစ်ဝါးဝါးဖြစ်နေခဲ့ပါတယ်။ဆိုတော့ကာ ထန်စန်းကျန့်ကိုအစွမ်းထက်အောင် ဘယ်သူကအလင်းပြမလဲ....လာပါပြီ မမရှုကြည်(Shu Qi)ပါပဲခင်ဗျာ....ထန်းစန်းကျန့်အဖြစ် မင်းသား Wen Zhang ရော မင်းသမီးရှုကြည်ရော အတိုင်အဖောက်ညီတာမလို့  ဒီရုပ်ရှင်က Rating မြင့်မားတဲ့ ...
movie

Journey to the West: Conquering the Demons (2013)

2013