Channel Myanmar

Chen Yingdan

Invisible Guard ( 2022 ) 5.9
Invisible Guard ( 2022 ) ဆန်းဆန်းပြားပြားမိစ္ဆာအတတ်တွေနဲ့ သိုင်းကားလေးတစ်ကားလာပါပြီ။ ထန်ခေတ်ကာလမှာ ကိုယ်ပျောက်ကိုယ်ရံတော်ဆိုတဲ့ အထူးအဖွဲ့အစည်းတစ်ခုရှိခဲ့တယ်။ တရားရေးဌာနအတွက်အမှုထမ်းရပေမယ့် အပယ်ခံအပြစ်သားတွေနဲ့ဖွဲ့ထားတဲ့ အဖွဲ့အစည်းတစ်ခုပါပဲ။ပိုးမိစ္ဆာတွေကိုကြိုးကိုင်ထိန်းချုပ်ပြီး လူသတ်မှုတွေဖြစ်ပွားလာတော့ အပယ်ခံကိုယ်ပျောက်ကိုယ်ရံတော်အဖွဲ့ရဲ့တပ်မှူးPeiဟာ အမှုကိုအဖြေရှာရင်း သပွတ်အူလိုရှုပ်ထွေးတဲ့ မှုခင်းဖြစ်စဉ်ထဲကိုရောက်သွားပါတော့တယ်။တစ်ချိန်တည်းမှာပဲ အဖေကိုသတ်သွားတဲ့တရားခံကိုလိုက်ရှာနေတဲ့ မိန်းကလေး Han chu yiဟာ တရားခံကိုခြေရာမခံမိပဲ ရန်သူလိုက်သတ်တာခံရလို့ပြေးရင်းနဲ့ Pei တွေ့ဆုံဖို့အကြောင်းဖန်ပြီး သူတို့ဟာပူးပေါင်းပြီး ဖြစ်လာတဲ့အခက်အခဲတွေကိုရင်ဆိုင်ကြပါတယ်။ သူတို့မသိတာကတော့ သူတို့ကိုစောင့်နေခဲ့တာ ပိုပြီးဆိုးရွားတဲ့ စုန်းဘုရင်ကြီးဆိုတာပါပဲ။Pei ဟာ စုန်းဘုရင်ကြီးကိုဘယ်လိုရင်ဆိုင်ပြီး ပြည်သူတွေကိုဘယ်လိုကယ်မလဲဆိုတာတော့ အဆုံးထိကြည့်ရှုအားပေးလိုက်ပါနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller  , Mystery Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Invisible Guard ( 2022 )